The network connection is lost.

Banner Image

ဘော်လွန်းဒီအော်ဆုအကြောင်းမတွေးထားဘူးလို့ ဘာစီလိုနာစတားရဲ့ဖခင်ပြောကြား

ဘာစီလိုနာကွင်းလယ်လူ ပီဒရီရဲ့ဖခင်ဖြစ်သူကတော့ သားဖြစ်သူဟာ ဘော်လွန်းဒီအော်ဆုအကြောင်းမတွေးထားဘူးလို့ ပြောကြားလိုက်ပါတယ်။ ပီဒရီဟာ ဘာစီလိုနာနဲ့အတူ စွမ်းဆောင်ရည်ကောင်းတွေပြသနိုင်ခဲ့ပြီးနောက် အဆိုပါဆုလျာထားစာရင်းမှာ ပါဝင်လာနိုင်ချေရှိနေတာဖြစ်ပါတယ်။ အသင်းဖော်တွေဖြစ်တဲ့ ယာမဲလ် နဲ့ ရာဖင်ဟာတို့က ရေပန်းစားနေပေမယ့် ပီဒရီရဲ့ဖခင်ကတော့ သူ့မိသားစုဟာ အဆိုပါဆုကိုမတွေးထားဘူးလို့ ပြောကြားလိုက်ပါတယ်။

“ကျွန်တော်တို့ အဲ့ဆုအကြောင်း စဉ်းစားတောင်မစဉ်းစားထားပါဘူး။ သူ့ကိုဒဏ်ရာကင်းကင်းပဲရှိနေစေချင်တာပါ။ အသင်းနဲ့အတူ အရာအားလုံးအောင်မြင်စေချင်တာပါ။ အဲ့နောက်မှာမှ တစ်ဦးချင်းဆုတံဆိပ်တွေလိုက်လာမှာပါ။တကယ်လို့ နောက်ပိုင်းမှာလာမယ်ဆိုရင်တော့ လာနိုင်ချေရှိပါတယ်”လို့ ပီဒရီရဲ့ဖခင်က ပြောကြားခဲ့ပါတယ်။

ပီဒရီဟာ ဒဏ်ရာပြဿနာတွေနဲ့နပန်းလုံးခဲ့ရပြီးနောက် ဘာစီလိုနာနည်းပြ ဖလစ်ရဲ့မရှိမဖြစ်ကစားသမားဖြစ်လာခဲ့ပါတယ်။ သူ့ရဲ့ဖခင်ကတော့ သားဖြစ်သူ ဘာစီလိုနာအတွက် ကစားပေးမှာကို မယုံကြည်နိုင်အောင်ဖြစ်နေဆဲလို့ ပြောကြားခဲ့ပါတယ်။ “ပီဒရီလုပ်ခဲ့တာတွေကို စကားလုံးနဲ့ရှင်းပြလို့မရပါဘူး။ ပထမဆုံးအနေနဲ့ ခင်ဗျားကိုယ်ခင်ဗျားထိုးကြည့်ခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ အဲ့တာကို ခင်ဗျားမယုံကြည်တာကြောင့်ပါ။

ကျွန်တော် ကျွန်တော့်အကိုနဲ့တွေ့ဆုံပြီး စကားပြောဖြစ်ပါတယ်။ ဒီလိုမျိုးဖြစ်လာဆိုတာခင်ဗျားစိတ်ကူးယဉ်ဖူးလားတောင် မေးဖြစ်ခဲ့ပါတယ်။ အခုတော့  သူလုပ်ပြနိုင်နေတာကို မြင်ရပါပြီ။ အဲ့တာက အရမ်းစိတ်လှုပ်ရှားဖို့ကောင်းပါတယ်။ ကျွန်တော် သူ့ရဲ့ကိုယ်စားလှယ်တွေနဲ့တွေ့ခဲ့တာကို မှတ်မိပါတယ်။ အသင်းတွေက စိတ်ဝင်စားနေတာကို သိပါတယ်။

ဒါပေမယ့် အဲ့ထဲမှာ ဘာစီလိုနာပါတာကို မသိပါဘူး။ အတည်ပြုချိန်မှသာ အဲ့အသင်းကဘာစီလိုနာဆိုတာကိုပြောပြခဲ့တာပါ။ အခုသူအကောင်းဆုံးလုပ်ဆောင်နေသလို ဒဏ်ရာလည်းမရှိတော့ပါဘူး။ သူ့စိတ်က လွတ်လပ်နေပါတယ်။ သူ့ကိုကြည့်ရတာ အရမ်းပျော်နေသလို မျက်နှာတောင်ချိန်းသွားပါပြီ”လို့ ဖခင်ဖြစ်သူက ထပ်လောင်းပြောကြားခဲ့ပါတယ်။ ဘာစီလိုနာဟာ ပီဒရီနဲ့အတူ လာမယ့်ရာသီသစ်မှာလည်းဆုဖလားတွေဆက်လက်အောင်မြင်မှုရယူနိုင်ဖို့ မျှော်လင့်နေပါတယ်။