ချဲလ်ဆီးကို ကျော်ပြီး ဘိုင်ယန်မြူးနစ်ထံပြောင်းဖို့ ဆုံးဖြတ်လိုက်တဲ့ အိုလီစီ
ခရစ္စတယ်ပဲလေ့စ်တောင်ပံကစားသမား မိုက်ကယ်အိုလီစီဟာ ဘိုင်ယန်မြူးနစ်အသင်းထံ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်လိုက်ပြီဖြစ်ကြောင်း သိရပါတယ်။
David Ornsteinရဲ့ဖော်ပြချက်အရ အိုလီစီကို ချဲလ်ဆီး၊ နယူးကာဆယ်တို့ကလည်း ချိတ်ဆက်မှုတွေပြုလုပ်ခဲ့ပေမယ့်ကစားသမားက ဘိုင်ယန်ကို ရွေးချယ်လိုက်တာလို့ ဆိုပါတယ်။ ဘိုင်ယန်မြူးနစ်ကလည်း ခရစ္စတယ်ပဲလေ့စ်နဲ့ ပြောင်းရွှေ့ကြေးကိစ္စညှိနှိုင်းနေပြီး စာချုပ်ဖျက်သိမ်းကြေး ယူရိုသန်း၆၀နဲ့ ကမ်းလှမ်းနိုင်ကြောင်းလည်း ဖော်ပြထားပါတယ်။
အိုလီစီဟာ ဘိုင်ယန်မြူးနစ်မှာ တစ်ပတ်လုပ်ခ ပေါင်၂၂၀၀၀၀ခန့် ရရှိသွားမယ်လို့လည်း သိရပါတယ်။