The network connection is lost.

Banner Image

လက်တလောရရှိထားတဲ့ ဒဏ်ရာကို လာမယ့်ရက်သတ္တပတ်အတွင်း ရီးရဲလ်မက်ဒရစ်တွင် စစ်ဆေးမယ့် အမ်ဘာပေ

ရီးရဲလ်မက်ဒရစ်အသင်းဟာ အမ်ဘာပေကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူလိုက်ပြီလို့ ကြေညာခဲ့တာ တစ်လကျော်ကြာခဲ့ပြီဖြစ်ပါတယ်။

အသက် ၂၅ နှစ်အရွယ် ကစားသမားဟာ ယူရို ၂၀၂၄ ကနေ ထွက်ခွာသွားပြီဖြစ်သော်လည်း ကလပ်အသစ်နှင့် တရားဝင်မိတ်ဆက်ခြင်းမရှိသေးဘူးလို့ သိရပါတယ်။  အမ်ဘာပေရဲ့ ပြင်သစ်ဟာ ယူရိုပြိုင်ပွဲမှထွက်ခွာသွားတာကြောင့် စူပါစတားတိုက်စစ်ဟာ လာမယ့်ရက်များတွင် စပိန်မြို့တော်သို့သွားရောက်ရန်စီစဉ်ထားပြီး အသင်းသစ်နှင့်မိတ်ဆက်မှုကို လာမယ့်ဇူလိုင်လ ၁၆ ရက် အင်္ဂါနေ့တွင်ပြုလုပ်ရန်စီစဉ်ထားပါတယ်။

မိတ်ဆက်ပွဲ အခမ်းအနားအပြင် အမ်ဘာပေဟာ လာမယ့်အင်္ဂါနေ့တွင် ရီးရဲလ်မက်ဒရစ်တွင် လုပ်ဆောင်ရမယ့် အခြားအရေးကြီးတဲ့ အရာများလည်းပါရှိနေတယ်လို့ MARCA က ဖော်ပြထားပါတယ်။  အမှန်တကယ်တော့ ပီအက်စ်ဂျီတိုက်စစ်မှူးဟောင်းဟာ သူ့ရဲ့နှာခေါင်းဒဏ်ရာကို စစ်ဆေးပြီး ခွဲစိတ်မှုလိုအပ်သလားဆိုတာကို ဆုံးဖြတ်ဖို့ လာမယ့်အပတ်မှာ ဆေးစစ်မှုခံယူရမှာ ဖြစ်ပါတယ်။

အမ်ဘာပေဟာ ပြင်သစ်ရဲ့ ယူရိုအဖွင့်ပွဲဖြစ်တဲ့ ဩစတြီးယားနှင့်ပွဲမှာ နှာခေါင်းရိုးကျိုးသွားခဲ့တာကြောင့် တစ်ပွဲနားခဲ့ရကာ နောက်ပွဲတွေမှာ အကာအကွယ်မျက်နှာဖုံးကို ဝတ်ဆင်ကစားခဲ့ရတာကြောင့် ပြိုင်ပွဲအတွင်းရှိ သူ့ရဲ့စွမ်းဆောင်ရည်အပေါ် ထိခိုက်စေခဲ့ပါတယ်။ သို့သော်လည်း စူပါစတားတိုက်စစ်မှူးဟာ အင်္ဂါနေ့တွင် စပိန်နှင့်ကစားခဲ့တဲ့ ပြင်သစ်နောက်ဆုံးပွဲစဉ်အတွက် မျက်နှာဖုံးမဝတ်ဘဲကစားဖို့ ရွေးချယ်ခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ ကစားသမားသစ်များရဲ့ ပြဿနာကို လေ့လာရန် ကျွမ်းကျင်သူတစ်ဦးကို စေလွှတ်ခဲ့ခြင်းတော့ မရှိပါဘူး။ ဒါပေမယ့် သူ့အခြေအနေနဲ့ ပတ်သက်ပြီး ပြင်သစ်လက်ရွေးစင် ဆရာဝန်တွေနဲ့ အနီးကပ် ဆက်သွယ်မှုတွေ ရှိခဲ့ပါတယ်။
ဒါကြောင့် အင်္ဂါနေ့တွင် အမ်ဘာပေဟာ ဖြစ်နိုင်ချေရှိတဲ့ခွဲစိတ်မှုနှင့် ပြန်လည်ကောင်းမွန်ရေးအစီအစဉ်ကို ဆုံးဖြတ်ချက်မချမီတွင် နှာခေါင်းဒဏ်ရာကို အာရုံစိုက်ကာ ဆေးစစ်မှု အပြည့်အဝခံယူရမှာဖြစ်ပါတယ်။

ယူရို ၂၀၂၄ ဆီမီးဖိုင်နယ်သို့ တက်လှမ်းနိုင်ခဲ့ခြင်းကြောင့် အမ်ဘာပေဟာ ရီးရဲလ်မက်ဒရစ်၏ ရာသီကြိုခြေစမ်းပွဲတွင် ပါဝင်လာရန် မျှော်လင့်ထားလို့မရပါဘူး။ တကယ်တော့ သူဟာ အမေရိကန်ရှိ ရာသီကြို ခရီးစဉ်မှာ ပါဝင်ဖို့ မဖြစ်နိုင်ပါဘူး။
နှာခေါင်းဒဏ်ရာကနေ ပြန်ကောင်းလာဖို့ သူ့ကို အချိန်အများကြီးပေးပြီး ရာသီအစအတွက် အဆင်သင့်ဖြစ်နေရမှာပါ။