
ပြိုင်ဘက်ပရိသတ်တွေရဲ့ပြောကြားချက်နဲ့ပတ်သက်ပြီး တုံ့ပြန်လာတဲ့ ကူကူရယ်လာ
ချဲလ်ဆီးစတား ကူကူရယ်လာက ပြိုင်ဘက်ပရိသတ်တွေရဲ့ စိတ်ပျက်စရာလို့ပြောကြားချက်နဲ့ပတ်သက်ပြီး တုံ့ပြန်လာခဲ့သလို အဲ့တာက ပွဲရဲ့အစိတ်အပိုင်းတစ်ခုဖြစ်တယ်လို့ ယုံကြည်နေပါတယ်။ ကူကူရယ်လာဟာ ဒီရာသီမာရက်စ်ကာလက်အောက်မှာ အဓိကကစားသမားတစ်ဦးအဖြစ် စွမ်းဆောင်နေတာဖြစ်ပါတယ်။ ယူရို ၂၀၂၄ ချန်ပီယံဟာ သူ့အနေနဲ့ ပြိုင်ဘက်အသင်း နဲ့ ပရိသတ်တွေရဲ့စိတ်ပျက်စရာဆိုတဲ့ ကင်ပွန်းတပ်မှုကို ထုတ်ဖော်ပြောကြားလာခဲ့ပါတယ်။
အင်တာဗျူးတစ်ခုမှာ ကူကူရယ်လာက “ကျွန်တော်တို့မှာ တာဝန်ရှိတယ်ဆိုတာကို နားလည်ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ အသင်းကြီးတစ်သင်းအတွက် ကစားနေတာပါ။ အသင်းသေးတွေနဲ့ကစားတယ်ဆိုရင်တော့ အခုလိုမျိုးမဖြစ်နိုင်ပါဘူး။ အဲ့တာက ပွဲရဲ့အစိတ်အပိုင်းတစ်ခုပါ။ ခင်ဗျားက ချဲလ်ဆီးအတွက် ကစားနေတာပါ။ ချဲလ်ဆီးက ဆုဖလားအောင်မြင်မှုတွေလိုအပ်ပါတယ်။ ကျွန်တော့်အတွက် ကျွန်တော်တို့ အဲ့လိုလုပ်နိုင်ဖို့ သက်သေပြဖို့ အာရုံအပြည့်အဝစိုက်ဖို့ လိုအပ်ပါတယ်။
ကျွန်တော် အမြဲပြောသလို ခင်ဗျား ၁၀ ပွဲ ဒါမှမဟုတ် ၁၁ ပွဲ ဒါမှမဟုတ် ၅ ပွဲအနိုင်ရခဲ့ရင်တောင် အရေးအကြီးဆုံးအရာက ရာသီအကုန်မှာ ဆုဖလားအောင်မြင်မှုရဖို့ပါ။ ကျွန်တော်တို့ အဆင်သင့်ဖြစ်နေပြီဆိုတာ ပြသရမယ့်အချိန်ပါ။ ဒီနေရာမှာဆိုရင် လူတိုင်းက ဖိအားတွေရှိလာတတ်ပါတယ်။ ကျွန်တော် အသင်းကိုကူညီနိုင်ဖို့ အမြဲတမ်းအကောင်းဆုံးလုပ်ပါတယ်။ လူငယ်အသင်းအနေနဲ့ အသက်အရွယ်က ပြဿနာမဟုတ်ပါဘူး။ကျွန်တော်တို့ အဆင်သင့်ဖြစ်နေပြီဆိုတာကို ပြသရမယ့်အချိန်ပါ။ ကျွန်တော်တို့ တိုးတက်နိုင်ပါတယ်။ အဲ့တာက ဆင်ခြင်ပေးဖို့မဟုတ်ပါဘူး။
တကယ်လို့ ကျွန်တော်တို့ အသက်အရွယ်က ပြဿနာမဟုတ်ရင် အဆင်သင့်ဖြစ်နေပြီဆိုတာကို ပြသနိုင်မယ်ဆိုရင် အဆင်ပြေပါတယ်။ မနက်ဖြန်မှာ ကျွန်တော်တို့အတွက် အခွင့်အရေးကောင်းရှိနေပါတယ်။ အခုက အရာအားလုံးအတွက် ကစားရမယ့်အချိန်ပါ”လို့ စပိန်သားက ပြောကြားခဲ့ပါတယ်။ ချဲလ်ဆီးအသင်းဟာ ဒီရာသီကွန်းဖရန့်လိဂ်ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးဖြစ်နေပြီး လာမယ့်ကြာသပတေးနေ့မှာ ကိုပင်ဟေဂင်နဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။