The network connection is lost.

Banner Image

ပရိသတ်ဦးရေ ၁ သိန်းဝင်ဆန့်တဲ့ကွင်းအသစ်တည်ဆောက်ချင်နေတဲ့ ဆာဂျင်မီ

ယူနိုက်တက်အသင်းရဲ့ရှယ်ယာပိုင်ရှင် ဆာဂျင်မီကတော့ အသင်းရဲ့လက်ရှိကွင်းကိုပြင်ဆင်ဖို့ထက် ပရိသတ်ဦးရေ ၁ သိန်းလောက်ဝင်ဆန့်တဲ့ကွင်းအသစ်တည်ဆောက်ချင်နေတယ်လို့ သိရပါတယ်။ ယူနိုက်တက်ရဲ့သမိုင်းဝင်ကွင်းဖြစ်တဲ့ အိုးထရက်ဖိ့ုဒ်ဟာ ပြီးခဲ့တဲ့နှစ်တွေကတည်းက ပြဿနာတွေများလာခဲ့ပြီး အဲ့ထဲမှာ မိုးသည်းထန်စွာရွာတုန်းက မိုးရေတွေအများအပြားကျဆင်းခဲ့တဲ့ဖြစ်ရပ်လည်း ပါဝင်နေပါတယ်။

အိုးထရက်ဖို့ဒ်ကို ချစ်မြတ်နိုးပေမယ့် ဆာဂျင်မီကတော့ ရှိရင်းစွဲကွင်းကို ပြန်လည်ပြင်ဆင်တာထက် ကွင်းအသစ် တည်ဆောက်ချင်နေပါတယ်။ တာဝန်ရှိသူတွေကလည်း အိုးထရက်ဖို့ဒ်ကို ပြန်လည်ပြင်ဆင်ဖို့အပြင် ကွင်းအသစ်တည်ဆောက်ဖို့ကိုပါ ထည့်သွင်းစဉ်းစားနေပြီး အပြီးသတ်ဆုံးဖြတ်ချက်ကို နွေရာသီမတိုင်ခင် ဆုံးဖြတ်ဖွယ်ရှိနေပါတယ်။

တာဝန်ယူတည်ဆောက်မယ့်အဖွဲ့ကတော့ လက်ရှိကွင်းအခြေအနေကိုပါ ကြည့်ရှုနေပြီး ကွင်းအသစ်မှာတော့ ပရိသတ်ဦးရေ ၁ သိန်းလောက် ဝင်ဆန့်အောင် တည်ဆောက်မှာဖြစ်ပြီး ကမ္ဘာ့အကြီးဆုံးကွင်းတွေထဲက တစ်ကွင်းဖြစ်လာဖွယ်ရှိနေပါတယ်။ ပညာရှင်တွေကတော့ ကွင်းအသစ်အတွက် အသေးစိတ်အခြေအနေကို တွက်ချက်နေပြီး ယူနိုက်တက်ပရိသတ်အချို့ကတော့ လက်ရှိကွင်းကိုသာ ဆက်လက်အဆင့်မြှင့်တင်စေချင်နေပါတယ်။ သတင်းတွေအရ ယူနိုက်တက်အနေနဲ့ ကွင်းအသစ်တည်ဆောက်ဖို့ဆိုရင် ပေါင် ၂ ဘီလျံ ကနေ ၂.၃ ဘီလျံလောက်အထိ ကုန်ကျနိုင်တယ်လို့ သိရပါတယ်။

အဲ့လိုမှမဟုတ်ပဲ လက်ရှိအိုးထရက်ဖို့ဒ်ကိုသာ ပြန်လည်ပြင်ဆင်မယ်ဆိုရင် အဆိုပါပမာဏရဲ့ထက်ဝက်လောက်သာကုန်ကျမယ်လို့ သိရပါတယ်။ ပရိသတ်တွေကတော့ အနာဂတ်ကွင်းအသစ်အတွက် ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေပြီး ဆာဂျင်မီအနေနဲ့ နောက်ကွယ်မှာ ဘယ်လိုကိုင်တွယ်မလဲဆိုတာ ကြည့်ရမှာဖြစ်ပါတယ်။ INEOS CEO ကတော့ ယူနိုက်တက်ဝန်ထမ်းတွေရဲ့အကျိုးခံစားခွင့်တွေကိုပါ လျော့ချထားခဲ့တာဖြစ်ပြီး အာမိုရင်လက်အောက်မှာ အသင်းရလဒ်က မတည်ငြိမ်သေးတာဖြစ်ပါတယ်။