The network connection is lost.

Banner Image

စာချုပ်သက်တမ်းကုန်ဆုံးချိန်မှာ ယူနိုက်တက်စတားတစ်ဦးကို အလွတ်နဲ့လက်လွှတ်မယ့် အာမိုရင်

ယူနိုက်တက်အသင်းဟာ ကွင်းလယ်လူ အဲရစ်ဆင်ကို စာချုပ်သစ်ထပ်မချုပ်ဆိုပဲ စာချုပ်သက်တမ်းကုန်ဆုံးချိန်မှာ အလွတ်နဲ့လက်လွှတ်မယ်လို့ သိရပါတယ်။
ဒိန်းမတ်သားဟာ အစ်ဝှစ်တောင်းနဲ့သရေကျခဲ့တဲ့ပွဲမှာ အာမိုရင်လက်အောက် ပထမဆုံးအကြိမ် ပွဲဦးထွက်ပါဝင်လာခဲ့တာဖြစ်ပါတယ်။ဘရန့်ဖို့ဒ်နဲ့အတူ စွမ်းဆောင်ရည်ကောင်းတွေပြသနိုင်ခဲ့ပြီးနောက် အဲရစ်ဆင်ဟာ ယူနိုက်တက်ထံပြောင်းလာခဲ့ပေမယ့် အထိုင်ကျဖို့ ရုန်းကန်နေရတာဖြစ်ပါတယ်။

နာမည်ကျော်သတင်းထောက် ပလက်တန်ဘာ့ဂျ်ကလည်း ယူနိုက်တက်ဟာ အဲရစ်ဆင်ကို စာချုပ်သစ်ချုပ်ဆိုဖွယ်မရှိဘူးလို့ ဆိုပါတယ်။နည်းပြသစ် အာမိုရင်ကတော့ အသင်းကို အကြီးစားပြင်ဆင်မှုပြုလုပ်ဖို့ ပြင်ဆင်နေပါတယ်။ တန်ဟက်လက်အောက်မှာ ယူနိုက်တက်ဟာ ပြဿနာတွေများပြားခဲ့ပြီး ကွင်းလယ်ပိုင်းမှာ အူဂါတီကိုသာ ခေါ်ယူခဲ့ပါတယ်။

လာမယ့်အပြောင်းအရွှေ့မှာ အာမိုရင်က အသင်းကိုအဆင့်မြှင့်တင်ဖွယ်ရှိနေပြီး ဂျူဗင်တပ်စ်စတား ဒေါက်ကလပ်လူးဝစ်ကို ချိတ်ဆက်နေပါတယ်အဲရစ်ဆင်ဟာ တန်ဟက်လက်အောက်မှာကော အာမိုရင်လက်အောက်မှာပါ ပွဲဦးထွက်ပါဝင်ခွင့်ရရှိခဲ့တဲ့ကစားသမားဖြစ်ပါတယ်။


ဒါပေမယ့်လည်း အသက်အရွယ်ကြောင့် အာမိုရင်ရဲ့အဆင့်မြှင့်တင်မှုမှာ ပါဝင်ဖွယ်မရှိပဲ နွေရာသီမှာ အလွတ်နဲ့ထွက်ခွာရဖို့များနေပါတယ်။အဲ့မတိုင်ခင် ဆောင်းဈေးကွက်မှာ ဒိန်းမတ်သားအနေနဲ့ အသင်းကနေထွက်ခွာဖို့များနေပေမယ့် ကစားသမားကိုယ်တိုင်က ရာသီအကုန်မှသာ ထွက်ခွာဖို့ရွေးချယ်ဖွယ်ရှိနေပါတယ်။