The network connection is lost.

Banner Image

ပြိုင်ဘက်အသင်းရဲ့ခံစစ်ပိုင်းစွမ်းဆောင်ရည်ကို ချီးကျူးလိုက်တဲ့ အင်းနရစ်

ပီအက်စ်ဂျီအသင်းနည်းပြ အင်းနရစ်က ကလပ်ကမ္ဘာ့ဖလားမှာအရေးနိမ့်ခဲ့ပြီးနောက် ဘိုတာဖိုဂိုအသင်းရဲ့ခံစစ်ပိုင်းစွမ်းဆောင်ရည်ကို ချီးကျူးလိုက်ပါတယ်။ ဘောလုံးပိုင်ဆိုင်မှု နဲ့ ကန်ချက်တွေအသာစီးရယူနိုင်ခဲ့ပေမယ့် ပီအက်စ်ဂျီဟာ မေလနောက်ပိုင်းပထမဆုံးအကြိမ် အရေးနိမ့်ခဲ့တာဖြစ်ပြီး ဘိုတာဖိုဂိုအသင်းကို ၁-၀ နဲ့ အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။

ဘိုတာဖိုဂိုအသင်းရဲ့ခံစစ်ပိုင်းဟာ ပွဲစဉ်တစ်လျှောက်လုံး ပီအက်စ်ဂျီကို ထိန်းချုပ်နိုင်ခဲ့တာဖြစ်ပါတယ်။ ဘိုတာဖိုဂိုအသင်းဟာ ၂၀၁၂ နောက်ပိုင်း ကိုရင်သီယန်အသင်းက ချဲလ်ဆီးကိုအနိုင်ရပြီးနောက် ပထမဆုံးအကြိမ် ဥရောပအသင်းကို အနိုင်ရတဲ့ပထမဆုံး တောင်အမေရိကအသင်းဖြစ်လာခဲ့ပါတယ်။

လက်ရှိမှာ ပီအက်စ်ဂျီအသင်းဟာ တီကိုအသင်းနဲ့ အမှတ်တူအနေအထားရှိနေပေမယ့် ရှုံးထွက်အဆင့်ကိုတက်ရောက်နိုင်ချေရှိနေသေးတာဖြစ်ပါတယ်။ ချန်ပီယံလိဂ်မှာ ပီအက်စ်ဂျီဟာ အင်တာ ၊ အာဆင်နယ် ၊ လီဗာပူးတို့ကို အနိုင်ယူနိုင်ခဲ့တာဖြစ်ပြီး အင်းနရစ်က ဘိုတာဖိုဂိုအသင်းခံစစ်ဟာ ချန်ပီယံလိဂ်မှာရင်ဆိုင်တဲ့အသင်းတွေထက်ပိုကောင်းတယ်ပြောကြားခဲ့ပါတယ်။

ပွဲအပြီးအင်တာဗျူးမှာ အင်းနရစ်က “ဘိုတာဖိုဂိုအသင်းရဲ့ခံစစ်က ဒီရာသီကျွန်တော်ရင်ဆိုင်ဖူးသမျှအသင်းတွေထဲမှာ အကောင်းဆုံးပါ။ ကျွန်တော်တို့ သာမန်အားဖြင့် အခွင့်အရေးတွေအများကြီးမဖန်တီးနိုင်ခဲ့ပါဘူး။ ကျွန်တော်တို့ ခံစစ်အားပြုတဲ့အသင်းနဲ့ရင်ဆိုင်ခဲ့ရတာပါ။

အဲ့တာက အရမ်းခက်ခဲပါတယ်။ သူတို့ကိုဂုဏ်ပြုချင်ပါတယ်။ အာရုံစူးစိုက်မှုအပိုင်းမှာလည်း သူတို့က အရမ်းကောင်းပါတယ်။ ရလဒ်က အရာအားလုံးကို ဖျက်လို့မရပါဘူး။ ကျွန်တော်တို့ ဘာလုပ်နိုင်မလဲဆိုတာရယ် တိုးတက်နိုင်မလဲဆိုတာရယ်ကို စောင့်ကြည့်ရပါမယ်”လို့ ဖြေကြားခဲ့ပါတယ်။

ပီအက်စ်ဂျီဟာ အုပ်စုနောက်ဆုံးပွဲအဖြစ် ဆီယက်တယ်ဆောင်းဒါးအသင်းနဲ့ရင်ဆိုင်ရမှာဖြစ်ပြီး ရှုံးထွက်အဆင့်ကိုတက်ရောက်ဖို့ မဖြစ်မနေအနိုင်ရဖို့ လိုအပ်နေတာဖြစ်ပါတယ်။ ဘိုတာဖိုဂိုအသင်းက အုပ်စုအမှတ်ပေးဇယားကို ဦးဆောင်နေပြီး တီကိုအသင်း နဲ့ ပီအက်စ်ဂျီတို့က အမှတ်တူအနေအထားမှာရှိနေပါတယ်။