The network connection is lost.

Banner Image

ချီယေဆာကို အငှားချဖို့ လုပ်ဆောင်နေပြီဖြစ်တဲ့ လီဗာပူး

ဇန်နဝါရီမှာ အငှားချနိုင်ဖို့အတွက် လီဗာပူးအသင်းဟာ လာမယ့်ရက်များအတွင်း ချီယေဆာရဲ့ အေးဂျင့်နဲ့တွေ့ဆုံဆွေးနွေးသွားမှာဖြစ်ပါတယ်။ အသက် ၂၇ နှစ်အရွယ် ချီယေဆာကို အပြောင်းအရွှေ့ပြီးခါနီးမှာ ဂျူဗင်တပ်စ်ကနေ လီဗာပူးက ခေါ်ယူခဲ့တာဖြစ်ပါတယ်။ သို့သော်လည်း အီတလီနိုင်ငံသားဟာ ၄ ပွဲသာ ကစားထားရပြီး သူ့ရဲ့အနာဂတ်အပေါ် သတင်းတွေမျိုးစုံထွက်နေတာဖြစ်ပါတယ်။

စီးရီအေကလပ်တွေဟာ ၂၀၂၀ ယူရို ဆုရှင်ကို အီတလီသို့ ပြန်လည်ခေါ်ယူချင်နေကြပြီး ကစားသမားကိုယ်တိုင်ကလည်း ခဏတာပြောင်းရွှေ့ကစားလိုနေတယ်လို့ အီတလီရှိသတင်းတွေက ဖော်ပြထားပါတယ်။ ဇန်နဝါရီအပြောင်းအရွှေ့မှာ ချီယေဆာဟာ လီဗာပူးကနေထွက်ခွာပြီး စီးရီအေသို့ ရောက်လာမယ်လို့ အီတလီက သတင်းတွေက ဖော်ပြထားပါတယ်။ လီဗာပူးကလည်း အငှားချဖို့အတွက် လုပ်နေပြီဖြစ်ပါတယ်လို့ Calciomercato က ဖော်ပြထားပါတယ်။

မီလန်ကလပ် ၂ခု၊ ရိုးမားနှင့် နာပိုလီတို့ဟာ ချီယေဆာရောက်လာဖွယ်ရှိတဲ့ ကလပ်တွေဖြစ်ပြီး အတ္တလန္တာကလည်း အပြီးသတ်ဝယ်ယူခွင့်ပါရှိတဲ့ အငှားစာချုပ်ဖြင့်ခေါ်ယူလိုနေတာဖြစ်ပါတယ်။ ကစားသမားရဲ့အေးဂျင့်ကလည်း လီဗာပူးရဲ့အကြီးအကဲတွေနဲ့ လာမယ့်ရက်များအတွင်း တွေ့ဆုံကာ အပြောင်းအရွှေ့အတွက်ဆွေးနွေးသွားမှာပါ။

အချို့သောပရိသတ်တွေကတော့ ချီယေဆာကို ပွဲထွက်ခွင့်အနည်းငယ်သာ ပေးခဲ့ခြင်းအပေါ် မေးခွန်းထုတ်ထားပြီး နည်းပြ စလော့ကတော့ ကစားသမားဟာ ကြံ့ခိုင်မှုပြည့်ဝဖို့ လိုတယ်လို့သာ ပြောထားပါတယ်။ ဒါ့အပြင် ချီယေဆာအနေနဲ့ လီဗာပူးရဲ့တိုက်စစ်မှာ နေရာရရှိဖို့အတွက် ပြင်းထန်တဲ့ ပြိုင်ဆိုင်မှုလိုပါတယ်လို့ ပြောထားပါတယ်။

"သူက ပိုပြီးသန်မာလာရမှာပါ။ အခု ကွင်းထဲမှာ သူရှိနေတာကို တွေ့ရမှာပါ။ ဒါဟာ ပိုကောင်းပြီး သန်မာလာတယ်လို့ ဆိုနိုင်ပါတယ်။ အသားကျဖို့လည်းလိုပါတယ်။ ကျွန်တော်ပြောခဲ့သလိုပါပဲ လေ့ကျင့်ရေးတော်တော်များများကို လွဲချော်ခဲ့တာကြောင့် မျှော်မှန်းထားသလိုပါပဲ။ အဲ့ဒီနောက် ပြိုင်ဆိုင်မှုပြင်းထန်တဲ့ လိဂ်သို့ရောက်လာပြီး အသင်းကလည်း ဖိအားတွေနဲ့ ကစားရတာဖြစ်ပါတယ်"

"သူက ပိုပြီးသန်မလာရမှာပါ။ သို့သော်လည်း တောင်ပံနေရာအတွက် အသင်းမှာ ပြိုင်ဆိုင်မှုတွေကို သူကရင်ဆိုင်နေရတာပါ" လို့ တော့တင်ဟမ်နှင့်ပွဲအပြီးမှာ စလော့က ပြောပါတယ်။