The network connection is lost.

Banner Image

အာနိုးလ်ရဲ့အောင်ပွဲခံပုံနှင့်ပတ်သက်ပြီး ပြောကြားလိုက်တဲ့ လီဗာပူးနည်းပြ စလော့

ဝက်စ်ဟမ်းနှင့်ပွဲမှာ ဂိုးသွင်းယူပြီးနောက် "all talk" ပုံစံဖြင့် အောင်ပွဲခံသွားတဲ့ အာနိုးလ်နှင့် ပတ်သက်ပြီး လီဗာပူးနည်းပြ စလော့က ပြောကြားလိုက်ပါတယ်။တနင်္ဂနွေနေ့က လန်ဒန်စတေဒီယံတွင် ဝက်စ်ဟမ်းအား ၅-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့တဲ့ပွဲမှာ ရီးရဲလ်မက်ဒရစ်နှင့် ချိတ်ဆက်မှုရှိနေတဲ့ နောက်တန်းကစားသမားက ၄ ဂိုးမြောက်သွင်းဂိုးကို သွင်းယူခဲ့ပါတယ်။ ထို့နောက် အာနိုးလ်က ကင်မရာရှေ့သို့သွားရောက်ကာ သူ့ရဲ့လက်ဖြင့် နားသို့ထိုးကာ အောင်ပွဲခံတာဖြစ်ပါတယ်။ 

အဆိုပါ အောင်ပွဲခံပုံက သူဟာ လော့စ်ဘလန်စကိုရဲ့ ကမ်းလှမ်းမှုကို ငြင်းပယ်ပြီး အန်ဖီးလ်မှာဆက်နေဖို့ အဆင်သင့်ဖြစ်နေတယ်လို့ ပြောဆိုနေကြပါတယ်။ ပွဲအပြီးမှာ လီဗာပူးနည်းပြ စလော့က အားနိုးလ်ရဲ့အောင်ပွဲခံပုံနှင့်ပတ်သက်ပြီး ဖွင့်ဟပြောကြားခဲ့ကာ ကစားသမားက အန်ဖီးလ်တွင် ဆက်ရှိနိုင်ကြောင်း အရိပ်အမြွက် ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် စာချုပ်သက်တမ်းနောက်ဆုံးနှစ်သို့ရောက်နေတဲ့ ဆာလက်၊ ဗန်ဒိုက် တို့နှင့်ပတ်သက်ပြီး စလော့က ပြောခဲ့ပါတယ်။

နယ်သာလန်နိုင်ငံသားနည်းပြက "အားလုံးနဲ့ပတ်သက်ပြီး အဆိုးမြင်ခြင်းတော့ မရှိပါဘူး။ သူ့ရဲ့ ကစားပုံက တကယ်ကိုကောင်းပြီး ဂိုးလည်းသွင်းယူခဲ့ကာ အောင်ပွဲခံပုံကလည်း လုံလောက်တယ်လို့ ပြောလို့ရပါတယ်။ အဲ့ဒါနဲ့ပတ်သက်ပြီး ပြောစရာ အများကြီးမရှိပါဘူး"

"အာနိုးလ်နဲ့ပတ်သက်ပြီး တကယ်သဘောကျသလို ဆာလက်နှင့် ဗန်ဒိုက်တို့ကိုလည်း အဲ့ဒီအတိုင်းပါပဲ။ ကျွန်တော့်အတွက်ကတော့ ကွဲပြားမှုဆိုတာ မရှိပါဘူး။ အပြင်မှာတော့ အာနိုးလ်နဲ့ပတ်သက်ပြီး ကောလာဟလတွေက အခြားနှစ်ဦးထက် အများကြီးထွက်နေပေမယ့် လက်ရှိအချိန်မှာတော့ အဆင်ပြေပါတယ်" လို့ ပြောပါတယ်။

အမှတ်ပေးဇယားရဲ့ထိပ်ကနေ ၈ မှတ်ဖြတ်ထားတဲ့ မာဆေးဆိုဒ်ကလပ်ဟာ ပွဲကျန် ၁ ပွဲရှိနေပြီး ဇန်နဝါရီလ ၅ ရက် နေ့မှာ ယူနိုက်တက်နှင့် ကစားရမှာဖြစ်ပါတယ်။