The network connection is lost.

Banner Image

ထိပ်တန်းအသင်းတွေက စိတ်ဝင်စားနေချိန်မှာ အနာဂတ်အကြောင်းပြောကြားလာတဲ့ ယာမဲလ်

ဘာစီလိုနာစတား ယာမဲလ်က အသင်းကြီးတွေက စိတ်ဝင်စားနေချိန်မှာ အနာဂတ်အကြောင်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ အသက် ၁၇ နှစ်သားဟာ ဥရောပဘောလုံးစင်မြင့်ပေါ်ကို ဘာစီလိုနာနဲ့အတူ တက်ရောက်လာနိုင်ခဲ့တာဖြစ်ပြီး စံချိန်တွေကို ချိုးဖျက်နေတာဖြစ်ပါတယ်။

အဆိုပါအခြေအနေတွေကြောင့် အသင်းကြီးတော်တော်များများက စိတ်ဝင်စားနေကြပြီး ပြီးခဲ့တဲ့နွေရာသီတုန်းက ပီအက်စ်ဂျီအသင်းဟာ ပေါင် ၂၁၁ သန်းနဲ့ ယာမဲလ်ကို ကမ်းလှမ်းခဲ့သေးတာဖြစ်ပါတယ်။ ပီအက်စ်ဂျီ ၊ မန်စီးတီးတို့လိုအသင်းတွေက စိတ်ဝင်စားနေချိန်မှာ ယာမဲလ်က သူ့အနေနဲ့ အသင်းအတွက်ပဲ အာရုံစိုက်ထားတယ်လို့ ပြောကြားခဲ့ပါတယ်။

“နိုး ကျွန်တော် အဲ့အကြောင်းမတွေးဖြစ်ပါဘူး။ ကျွန်တော် ဘာစီလိုနာအကြောင်းပဲတွေးဖြစ်ပါတယ်။ ဒီအသင်းနဲ့အတူ ဆုဖလားတွေရယူချင်သလို တိုးတက်အောင် လုပ်ချင်ပါတယ်။ ကျွန်တော် ဘာစီလိုနာနဲ့အတူ ဆုဖလားအောင်မြင်မှုတွေရယူချင်ပါတယ်။ ပြီးတော့ ကျွန်တော့်မိသားစုကလည်း ကောင်းကောင်းလုပ်နေပါတယ်။ အသင်းထံ ချန်ပီယံလိဂ်ဆုဖလားအောင်မြင်မှုပြန်ယူပေးချင်ပါတယ်”လို့ ယာမဲလ်က ပြောကြားခဲ့ပါတယ်။

ယာမဲလ်ရဲ့သစ္စာရှိမှုက ဘာစီလိုနာအတွက် ကံကောင်းမှုတစ်ခုဖြစ်လာခဲ့ပြီး စပိန်သားဟာ ဇာဗီလက်အောက်မှ စီနီယာကစားသမားဘ၀ ပထမဆုံးပါဝင်ခွင့်ရရှိလာခဲ့တာဖြစ်ပါတယ်။ ဘာစီလိုနာဟာ ပြီးခဲ့တဲ့နှစ်အောက်တိုဘာလတုန်းက ယာမဲလ်ကို ၂၀၂၆ အထိ စာချုပ်သက်တမ်းတိုးထားခဲ့ပြီး စာချုပ်ဖျက်သိမ်းကြေးကို ယူရို ၁ ဘီလီယံအထိ ထည့်သွင်းထားခဲ့ပါတယ်။

ဒါ့အပြင် အသင်းဘက်က ယာမဲလ်အနာဂတ်ကို ဆက်ထိန်းထားနိုင်ဖို့ အေးဂျင့် မန်ဒက်စ်နဲ့လက်တွဲလုပ်ဆောင်နေကာ ၂၀၂၅ ဇူလိုင်လ အသက် ၁၈ နှစ်ပြည့်ချိန်မှာ စာချုပ်သစ်ထပ်မံချုပ်ဆိုဖွယ်ရှိနေပါတယ်။