The network connection is lost.

Banner Image

ဆာလက်ကို ဘော်လွန်းဒီအော်ဆု ရမယ်လို့ ပြောကြားလိုက်တဲ့ ကိုနာတေး

အသင်းဖော် ဆာလက်က ပထမဆုံးအကြိမ်အဖြစ် ဘော်လွန်းဒီအော်ဆုကို ရရှိမယ်လို့ ထင်မိကြောင်း ကိုနာတေးက ပြောကြားလိုက်ပါတယ်။ "ရာသီအစကတည်းက အားလုံးလုပ်ခဲ့တာဖြစ်ပြီး လီဗာပူးအတွက် သူစကစားခဲ့ကတည်းက အကောင်းဆုံးလုပ်ခဲ့တာပါ" လို့ လီဗာပူအသင်း ဆုဖလား ရရှိဖို့ ဆာလက်ရဲ့ ကြိုးစားအားထုတ်မှုနဲ့ပတ်သက်ပြီး မေးမြန်းတဲ့အခါ ပြင်သစ်နိုင်ငံသားကဖြစ်ကြခဲ့ပါတယ်။

"အသက်၃၂နှစ်အရွယ်ကစားသမားအတွက် အားလုံးက ချီးကျူးပြောဆိုထားပြီး ကျနော်ကရော ဘာကြောင့်မလုပ်ရမှာလဲ။ ဆာလက်က သူ့ရဲ့အကောင်းဆုံးအချိန်ကိုကျော်ဖြတ်ကာ ပွဲရဲ့အဆုံးသတ်ကိုကြည့်ရမှာဖြစ်ပါတယ်" ကိုနာတေးက ပြောပါတယ်။ သူဟာ ဟာလန်းနှင့် ရွှေဖိနပ်ဆုကိုပြိုင်ဆိုင်ဖို့အတွက် ကစားသမားဘဝ အကောင်ဆုံးလုပ်ဆောင်နေပြီး ပျမ်းမျှအားဖြင့် ၅၇ မိနစ်တိုင်းမှာ ဂိုးပါဝင်ပတ်သက်မှုရှိနေတာဖြစ်ပါတယ်။

သူ့ရဲ့ပါဝင်ပတ်သက်မှုတွေက သူတဦးတည်းအတွက်မဟုတ်ဘဲ အသင်းဖော်တွေအတွက်ပါရှိနေတာပါ။ ဒါဟာသူ့ရဲ့တစ်ဦးချင်းရည်မှန်းချက်တွေအတွက် ကိုနာတေက စိတ်အားတက်ကြွစေခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့နှစ်အောက်တိုဘာလတုန်းက ဘော်လွန်းဒီအော်ဆုပေးပွဲမှာ အဆင့် ၅ နေရာသာ ရရှိခဲ့ပြီးနောက် တိုက်စစ်မှူးအတွက် ကူညီပေးလို့နေတာဖြစ်ပါတယ်။

သူက "ဒီရာသီမှာ ကြီးကျယ်ခမ်းနားတဲ့ အရာတွေ ရရှိလိမ့်မယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီအတိုင်းသာဆက်သွားနေမယ်ဆိုရင် သူက ရာသီကုန်မှာ ဘော်လွန်းဒီအော်ဆု ရရှိလိမ့်မယ်လို့ ထင်ပါတယ်" "ဒီလိုလည်း သူဘယ်တော့မှပြောမှာမဟုတ်ပါဘူး။ သူ့ရဲ့ရည်မှန်းချက်က လီဗာပူးနှင့်အတူ ဆုဖလားတွေရရှိဖို့ပဲ ဖြစ်တယ်လို့ ကျွန်တော်ထင်ပါတယ်။ သူ့အကြောင်းကို သူက တွေးနေမှာမဟုတ်ပါဘူး။ ဂိုးတွေဆက်သွင်းချင် ဂိုးဖန်တီးမှုတွေလုပ်ပေးချင်ပြီး ပွဲကိုသာအနိုင်ရရှိလိုနေတာပါ"

"သူ့ရဲ့အတွေ့အကြုံတွေကို လူငယ်ကစားသမားတွေ ကစားသမားအသစ်တွေကို မျှဝေပေးလိုတဲ့သူဖြစ်ပါတယ်။ ကျနော့်အတွက်ကတော့ သူက တကယ့်ကိုမယုံကြည်နိုင်လောက်တဲ့ ပရိုဆန်တဲ့ ကစားသမားတစ်ဦးပါ" လို့ ကိုနာတေးက ပြောပါတယ်။ ကိုနာတေးက ဆာလက်ကို သဘောကျသူဖြစ်ပြီး ၂၀၂၁ ခုနှစ် လိုက်ပ်ဇစ်ကနေ အန်ဖီးလ်သို့ မရောက်မီ တိုက်စစ်မှူးရဲ့အကြောင်းကိုသိနေခဲ့တာဖြစ်ပါတယ်။ သို့သော်လည်း ဗန်ဒိုက်ရဲ့ အကြောင်းကိုတော့ မသိခဲ့တာပါ။

၃နှစ်တာ လက်တွဲပြီးကာလမှာတော့ သူဟာ နယ်သာလန်နိုင်ငံသားရဲ့ ပထမဦးစားပေးတွဲဖက်ဖြစ်လာခဲ့ပြီးတော့ ဂါဘရီရယ်နှင့် ဆာလီဘာတို့ အတွဲလို ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးခံစစ်အတွဲဖြစ်လာခဲ့ပါတယ်။ သူက "အရမ်းကောင်းတဲ့ခံစစ်မှူးပါ။ ကျနော် လိုက်ပ်ဇစ်မှာတုန်းက လီဗာပူရဲ့ ပွဲအချုပ်ကိုကြည့်ဖူးပါတယ် အဲတုန်းက သူက ဒီလောက်ထိ ကောင်းတယ်ဆိုတာကိုမသိခဲ့ပါဘူး"

"ဒီကိုရောက်လာတဲ့အချိန်မှာတော့ ဒါကဖြစ်နိုင်သလားဆိုတာကို တွေးနေမိပါတယ်။ သူကအရမ်းကောင်းပါတယ်။ ကျနော်ဒီကိုပထမဆုံးရောက်ကတည်းက အသားကျဖို့ သူကကူညီပေးခဲ့ပြီးအကြံဉာဏ်တွေလည်းပေးခဲ့ပါတယ်" "အခုတော့ကွင်းထဲမှာသူ့ကိုကျွန်တော်လိုအပ်နေပါပြီ။ သူကလည်းကျွန်တော့်လိုပဲလို့ထင်မိပါတယ်။ အကောင်းဆုံးတွဲဖက်ဖြစ်ဖို့အတွက် ကျွန်တော်တို့အတူတူကြိုးစားသွားမှာပါ" လို့ ပြောပါတယ်။

ဒီလိုအတွဲအဖက်မိမှုတွေကြောင့် ကလော့ပ်ရဲ့နေရာကို ဆက်ခံခဲ့တဲ့ စလော့အတွက် အဆင်ပြေစေခဲ့တာဖြစ်ပါတယ်။ သူက "ကျနော်တို့အသင်းတိုက်စစ်အဆင့်နဲ့အခါ နေရာလွတ်ကြီးသွားတဲ့အခါမှာတော့ အာနိုးက အများကြီးကူညီပေးခဲ့ပါတယ်။ အတူတကွခံစစ်ဆင်ဖို့အတွက်ကိုလည်း နည်းပြကသင်ပေးခဲ့ပါတယ်" "ပြီးခဲ့တဲ့ရာသီ ဒါမှမဟုတ် အရင်ရာသီတွေနဲ့နှိုင်းယှဉ်ကြည့်ရင်တော့ ကျနော်တို့ကပိုပြီးထိတွေ့ခွင့်ရရှိခဲ့ပါတယ်။ ဒါပေမယ့် ဘောလုံးဆုံးရှုံးသွားတဲ့အခါ ကစားသမားတိုင်းက အသင်းအတွက်ကူညီဖို့ကြိုးစားကြ ကျနော်တို့ပိုပြီးအတူတူရှိနေတယ်လို့ထင်ပါတယ်"

"ရာသီအစကတည်းက နည်းပြက ဒီလောက်လုပ်နိုင်မယ်လို့ ဘယ်သူကမှမမျှော်လင့်ခဲ့ပါဘူး။ သူက ဘာကိုကောင်းကောင်းလုပ်ရမလဲဆိုတာကိုသိပါတယ်။ ဒီလိုလုပ်လိုက်ခြင်းဟာ ကလော့ပ်ရဲ့ လက်ထက်နဲ့နှိုင်းယှဉ်မယ်ဆိုရင် ကျွန်တော်တို့အတွက် အများကြီးကွာခြားသွားစေပါတယ်" လို့ ပြောပါတယ်။