The network connection is lost.

Banner Image

တော့တင်ဟမ်နဲ့ ပွဲစဉ်က ကြီးမားတဲ့အမှားအပေါ် ပရိသတ်တွေကို တောင်းပန်ခဲ့တဲ့ ဂျော်ဂျင်ဟို

အာဆင်နယ် ကွင်းလယ်လူ ဂျော်ဂျင်ဟိုဟာ မနေ့ည တော့တင်ဟမ်နဲ့ပွဲစဉ်မှာ ကျူးလွန်ခဲ့တဲ့ ကြီးမားတဲ့ အမှားအပေါ် ပရိသတ်တွေကို ပြန်လည်တောင်းပန်သွားခဲ့ပါတယ်။ အီတလီကွင်းလယ်လူဟာ ဒုတိယပိုင်းအစမှာ ဒီကလန်ရိုက်စ်နေရာကို လူစားဝင်လာခဲ့ပြီးနောက် ခက်ခဲတဲ့ပွဲစဉ်တစ်ပွဲကို ကစားခဲ့ရပါတယ်။
 
ဒီကလန်ရိုက်စ်ဟာ ပထမပိုင်းအတွက် နောက်ကျောဒဏ်ရာရရှိခဲ့တဲ့ ဂျော်ဂျင်ဟိုနဲ့ လူစားလဲခဲ့ရတာ ဖြစ်ပါတယ်။ ပွဲအပြီးမှာတော့ ဂျော်ဂျင်ဟိုက အာဆင်နယ်ပရိသတ်တွေအပေါ် လူမှုကွန်ရက်မှာ တောင်းပန်သွားခဲ့ပါတယ်။
 
ဂျော်ဂျင်ဟိုက "ဒီနေ့ နာကျင်စရာ အမှားကျူးလွန်ခဲ့ပေမယ့် အသင်းဖော်တွေ၊ နည်းပြတွေ၊ ဝန်ထမ်းတွေနဲ့ ပရိသတ်တွေအားလုံး ကျွန်တော့်ကို အားပေးခဲ့ကြပါတယ်။ ကျွန်တော့်ကို အကောင်းဆုံး အားပေးခဲ့ကြတဲ့အတွက် ဒီထက်ပိုကောင်းလာအောင် ပြင်းပြင်ထန်ထန် ကြိုးစားသွားပါမယ်။ ကျွန်တော့်ကို အားပေးနေကြတဲ့ အာဆင်နယ်မိသားစုကို ကျေးဇူးတင်ပါတယ်"လို့ ရေးသားခဲ့တာ ဖြစ်ပါတယ်။
 
အာတီတာကလည်း အမှားကျူးလွန်ခဲ့တဲ့ ဂျော်ဂျင်ဟိုကို ကာကွယ်ပေးခဲ့ပြီး လူတိုင်းအမှားကျူးလွန်တတ်ကြောင်းသာ ပြောသွားခဲ့ပါတယ်။