
The network connection is lost.

အက်သလက်တီကိုမက်ဒရစ်အသင်းက ဂျာအိုဖီးလစ်ကို ပေါ်တူဂီကလပ် ဘင်ဖီကာအသင်းကနေ တန်းကြေးမြင့်မားစွာ ပေးချေခေါ်ယူထားခဲ့ပေမဲ့ ခြေစွမ်းပြ ကစားနိုင်ရန် ရုန်းကန်ခဲ့ရတာကြောင့် အငှားစေလွှတ်မှုတွေပြုလုပ်ခဲ့ပြီး ယခုတစ်ခေါက် ကတ္တလန်မြေမှာ ခြေစွမ်းပြနေတဲ့အပေါ် အက်သလက်တီကိုမက်ဒရစ်အသင်းရဲ့ ဥက္ကဌဖြစ်တဲ့ အန်းနရစ်စီရက်ဇိုက မှတ်ချက်ပြုလိုက်တာပဲ ဖြစ်ပါတယ်။
မက်ဒရစ်ကလပ်အနေဖြင့် ဂျာအိုဖီးလစ်ကို ခေါ်ယူနိုင်ရေးအတွက် ပေါင် ၁၀၈ သန်း အထိ ပြောင်းရွှေ့ကြေး မြင့်မားစွာ အသုံးပြုခဲ့ရပေမဲ့ ကစားသမားက မက်ဒရစ်မြေတွင် ခြေစွမ်းပြကစားနိုင်ခြင်း မရှိတဲ့အပြင် နည်းပြ ဆီမြွန်နီနဲ့ပါ သဘောထားကွဲလွဲမှုတွေ ဖြစ်ပေါ်ခဲ့တာကြောင့် ပြီးခဲ့တဲ့နှစ်ဘောလုံးရာသီတွင် ပရီးမီးယားလိဂ်ကလပ် ချဲလ်ဆီးအသင်းကို အငှားချထားခဲ့တာလည်း ဖြစ်ပါတယ်။
လန်ဒန်ကလပ်အသင်းက အပြီးခေါ်ယူရန် ကမ်းလှမ်းမှု မပြုလုပ်ခဲ့တာကြောင့် ကစားသမားအနေဖြင့် ကလပ်အသင်းရှာဖွေခဲ့ရပြီး ငယ်ဘဝအိမ်မက်ကလပ် ဘာစီလိုနာ အသင်းကို အငှားစာချုပ်နဲ့ ပြောင်းရွှေ့ခွင့်ရခဲ့တာ ဖြစ်ပါတယ်။ နည်းပြ ဇာဗီရဲ့ ဘာစီလိုနာ အသင်းနဲ့အတူ ခြေစွမ်းပြကစားကာ ပွဲစဉ် ၄ ပွဲကစားပြီးချိန်တွင် သွင်းဂိုး ၃ဂိုးနဲ့ ဂိုးဖန်တီးမှု ၂ကြိမ်အထိ ပြုလုပ်ပေးထားနိုင်ခဲ့တာကြောင့် ပေါ်တူဂီစတားအနေဖြင့် ချက်ချင်းဆိုသလို ကတ္တလန်ပရိသတ်တွေရဲ့ အချစ်တော်ကစားသမားအဖြစ် ပါဝင်ကစားပေးခွင့်ရထားခဲ့တာ ဖြစ်ပါတယ်။
ဘာစီလိုနာအသင်းတွင် ခြေစွမ်းပြကစားနေတဲ့ ဂျာအိုဖီးလစ်နဲ့ ပတ်သက်လို့ မက်ဒရစ်အခြေစိုက်ကလပ်အသင်းရဲ့ ဥက္ကဌ အန်းနရစ်စီရက်ဇိုက “ကျွန်တော် အမြဲပြောခဲ့သလိုပဲ ဂျာအိုဖီးလစ်က စိတ်လှုပ်ရှားဖွယ်ရာ ကစားဟန်ရှိတဲ့ ကစားသမားတစ်ဦးပါ။ အခုတော့ ဘာစီလိုနာမှာ ဒီအရည်အသွေးတွေကို ပြသနေပါပြီ။ သူအနေနဲ့ ကျွန်တော်တို့အသင်းနဲ့ အတူ မပြသနိုင်ခဲ့တဲ့ အရည်အသွေးတွေကို ဘာစီလိုနာမှာ ပြသခွင့်ရနေတာပါ။ ဒီအတွက်လည်း ဝမ်းနည်းရမလို ဝမ်းသာရမလိုပါပဲ။ ကျွန်တော်တို့အသင်းမှာ သူ့အနေနဲ့ ကံမကောင်းခဲ့ပါဘူး”လို့ သုံးသပ်ပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်။