နယူးကာဆယ်ကို ရှုံးနိမ့်ပြီးနောက် အမ်မိုရင်ရဲ့လက်အောက်မှာ ဆိုးရွားလာတဲ့ ကစားသမား ၁ ဦးရဲ့ နာမည်ကို ပြောကြားလိုက်တဲ့ ကာရေဂါ
အသက် ၄၆ နှစ်အရွယ် ကာရေဂါက Sky Sports က အစီစဉ်တင်ဆက်သူ ဒေ့ဗ်ဂျုံးစ် နှင့် ဆွေးနွေးရာတွင် ချုပ်တည်းနိုင်စွမ်းမရှိခဲ့တာဖြစ်ပါတယ်။ အက်ဒီဟိုဝီရဲ့အသင်းဟာ အမ်မိုရင်ရဲ့အသင်းကိုကို အသာစီးရယူနိုင်ခဲ့ပြီး ပွဲကစားချိန် ၁၉ မိနစ်တွင် ၂ ဂိုးအထိသွင်းနိုင်ခဲ့ကာ အဆိုပါဂိုးများကို အိုင်ဆက်နှင့် ဂျိုလင်တန်တို့က သွင်းယူခဲ့ပါတယ်။
ပွဲကစားချိန် ၃၃ မိနစ်မှတော့ အမ်မိုရင်ဟာ အိုးထရက်ဖို့ဒ်ပရိသတ်တွေရဲ့ရှေ့မောက်မှာ တိုက်စစ်မှူး ဇက်ဇီကို ထုတ်လိုက်ပြီး မိုင်နူးကို ထည့်သွင်းခဲ့တာဖြစ်ပါတယ်။ ထိုကဲ့သို့ လူစားလဲခြင်းခံခဲ့ရပြီးနောက် အသက် ၂၃ နှစ်အရွယ် တိုက်စစ်မှူးဟာ အရန်ခုံတန်းသို့ မလာဘဲ ဥမင်လိုဏ်ခေါင်းဆီသို့ ချက်ချင်းလမ်းလျှောက်သွားခဲ့ပါတယ်။
အဆိုပါပွဲမှာ ယူနိုက်တက်ကစားသမားအများစုရဲ့ခြေစွမ်းက ကျဆင်းနေတာဖြစ်ပြီး ကာရေဂါကတော့ အထူးသဖြင့် ကစားသမားတစ်ဦးကိုသာ အာရုံစိုက် ပြောကြားခဲ့ပါတယ်။ နယူးကာဆယ်ရဲ့ဒုတိယဂိုးကို သုံးသပ်တဲ့အခါ ကာရေဂါက "ကျွန်တော်ကတော့ မာတီနက်ဇ်လို့ပဲထင်ပါတယ်။ သူဟာ ဂျိုလင်တန်ကိုတွေ့နိုင်ပါတယ်" “မာတီနက်ဇ်က ပရီးမီးယားလိဂ်သို့ ပထမဆုံးရောက်လာတုန်းက ဗဟိုခံစစ်မှူးအဖြစ် ကစားဖို့ သေးငယ်လွန်းတယ်လို့ ကျွန်တော်ထင်ခဲ့တာကို အရမ်းအားတင်းထားခဲ့ပါတယ်"
"မင်းသိလား။ သူက ကျွန်တော့်ကို အတိုင်းအတာတစ်ခုအထိ မှားကြောင်းသက်သေပြခဲ့ပြီး မကြာခဏဆိုသလိုတော့ မဖြစ်ခဲ့ပါဘူး။ မာတီနက်ဇ်ရဲ့ အမြင့်ဘောကစားမှုက အဲရစ်ဆယ်ဟက်အောက်မှာ တကယ်ကို ကောင်းကောင်းကစားခဲ့ပါတယ်" "ဒါပေမယ့် သူ့ဘေးမှာ ပိုကြီးတဲ့ ကစားသမားနှစ်ယောက်ရဲ့ ကာကွယ်မှုနဲ့ ပြီးပြည့်စုံတဲ့ စနစ်တစ်ခုက နောက်တန်း သုံးယောက်ဖြစ်မယ်လို့ ကျွန်တော် တကယ်ထင်ခဲ့တာပါ" "နောက်တန်းသုံးယောက်မှာ သူက အဆိုးဆုံးပါ။ ဒါမှမဟုတ် အမ်မိုရင်ရဲ့လက်အောက်မှာ ပိုဆိုးနေမှာ သေချာတယ်" လို့ ပြောပါတယ်။
ဂျိုလင်တန်ရဲ့ဂိုးသွင်းတဲ့ ဗီဒီယိုတစ်ခု လိုက်ကြည့်ပြီးနောက်တွင် လီဗာပူးနောက်ခံလူဟောင်းက အဆိုပါဂိုးမှာ မာတီနက်ဇ်က ပိုမိုကြိုးစားခဲ့သင့်ကြောင်း ဝေဖန်ပြောကြားလိုက်ပါတယ်။ ဒီရှုံးပွဲကြောင့် ယူနိုက်တက်ဟာ ၁၉ ပွဲကစားအပြီးနောက် အဆင့် ၁၄ မှာ ဆက်လက်ရပ်တည်နေပြီး ချဲဆီးကို ၂-၀ ဂိုးနဲ့ အနိုင်ယူခဲ့တဲ့ အဆင့် ၁၈ က အင်းဆွစ်နှင့် ၇ မှတ်သာကွာဟနေပါတယ်။တနင်္ဂနွေနေ့ အန်ဖီးလ်တွင် အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ လီဗာပူးနှင့် ရင်ဆိုင်ရတဲ့အခါ အမ်မိုရင်ရဲ့အသင်းအတွက် ဆိုးရွားလာနိုင်ပါတယ်။