The network connection is lost.

Banner Image

ရေချိုးခန်းဝတ်စုံနဲ့ ခန္ဓာကိုယ်အလှကို လှစ်ဟပြခဲ့တဲ့ အီကာဒီရဲ့ ဇနီး ဝန်ဒါ

မော်ရိုအီကာဒီရဲ့ဇနီး ဝန်ဒါနာရာကတော့ မီလန်ဟိုတယ်ခန်းထဲမှာ ရေချိုးခန်းဝတ် ဝတ်စုံက လွဲလို့ကျန်တာ ဝတ်ဆင်ထားခြင်းမရှိတဲ့ သူမရဲ့ခန္ဓာကိုယ်အလှကို ဖော်ပြလိုက်ပါတယ်။ ၃၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ မော်ဒယ်ဝန်ဒါဟာ ရေချိုးဇလုံဘေးက ပြတင်းပေါက် တံခါးကိုဖွင့်ထားပြီး အဆိုပါပြတင်းပေါက်ဘောင်ပေါ်ကနေ ပို့စ်ပေးပြီး ရိုက်ကူးထားတဲ့ ပုံတွေကို တင်ခဲ့တာပဲ ဖြစ်ပါတယ်။

ကပ်ရှင်ကိုလည်း “ ဆွဲဆောင်နည်းတွေ အများကြီးရှိပေမယ့် မကောင်းတဲ့ ဆွဲဆောင်မှုကတော့ နည်းနည်းလေးပဲ ရှိပါတယ် ” လို့ ရေးထားပါတယ်။ ဝန်ဒါဟာ ပြီးခဲ့တဲ့ရက်ပိုင်းကမှ အီတလီကို ကလေးတွေနဲ့အတူ ရောက်ရှိခဲ့တာဖြစ်ပေမယ့် ပီအက်စ်ဂျီတိုက်စစ်မှူး အီကာဒီကတော့ လိုက်ပါလာခြင်း မရှိပါဘူး။

ဒါပေမယ့် ကလေး ၃ ယောက်နဲ့အတူ အီတလီကနေ ပြင်သစ်ကို ရထားနဲ့ ပြန်ခဲ့တဲ့ခရီးစဉ်ရဲ့ ဓာတ်ပုံတွေကိုလည်း သူမရဲ့ဆိုရှယ်မီဒီယာမှာ တင်ခဲ့ပါသေးတယ်။ ဝန်ဒါဟာ အီကာဒီနဲ့ မီလန်မှာ အရင်ကအတူနေခဲ့ပေမယ့် အီကာဒီရဲ့ အင်တာအသင်းဖော်ဟောင်း မာဆယ်လိုဘရိုဇိုဗစ်နဲ့ ဖောက်ပြန်ခဲ့တဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပြီးနောက်မှာ နှစ်ယောက်သာ ခွဲနေခဲ့ကြတာ ဖြစ်ပါတယ်။ ၃၅  နှစ်အရွယ် ဝန်ဒါဟာ အဆိုပါမဟုတ်မမှန်သတင်းတွေ ဖြန့်ပြီး အီကာဒီကို ၂၀၁၉ တုန်းက အင်တာကနေ ဖိအားပေး ထွက်ခွာစေခဲ့သူ ကောလဟာလသတင်းထောက် ဖာဘရီဇီယိုကိုရိုနာကို တရားဆွဲခဲ့ပါသေးတယ်။

ကိုရိုနာရဲ့ အလိမ်အညာသတင်းကြောင့် ကလေးတွေအတွက် ထိခိုက်ကြောင်းနဲ့ အီတလီကလပ်ကနေ ပြောင်းရွှေ့ခဲ့တာဟာ ဒီကိစ္စကြောင့်လည်း ပါတယ်လို့ ခင်ပွန်းဖြစ်သူက ပြောခဲ့ကြောင်း ဝန်ခံခဲ့ပါတယ်။

အီကာဒီနဲ့တစ်နေ့ကို ၁၂ ကြိမ်လောက် အိပ်တယ်လို့ သတင်းတွေထွက်ခဲ့သေးတဲ့ ဝန်ဒါက “မာဆယ်လိုဘရိုဇိုဗစ်နဲ့ ဘယ်တုန်းကမှ မပက်သက်ဖူးပါဘူး။ ကျွန်မတို့က သမားရိုးကျမိသားစုပါ။ ဒီသတင်းက ကျွန်မမိသားစုကြားမှာရော၊ အပြင်လောကမှာပါ ပြဿနာတွေ အများကြီးဖြစ်စေပါတယ်။ ကျွန်မကလေးတွေဆိုလည်း ကျောင်းမှာ ဒီသတင်းကြောင့် အနိုင်ကျင့်ခံရတယ်။ ကျွန်မခင်ပွန်းရော၊ ကျွန်မကိုယ်တိုင်ရော ပြဿနာတွေ အများကြီးရှင်းရတယ်။ ပြီးတော့ ကျွန်မက သူ့ရဲ့အေးဂျင့်လည်းဖြစ်နေတယ်၊ ဒီသတင်းက မှန်တာတစ်ခုမှ မရှိပါဘူး”လို့ ပြောခဲ့ပါတယ်။