The network connection is lost.

Banner Image

ရော်နယ်ဒိုဟာ အသက် ၄၅ နှစ်မတိုင်ခင်အထိ ကစားနိုင်မယ်လို့ ပြိုင်ဘက်ဟောင်းတစ်ဦးက ထောက်ခံပြောကြား

ပရီးမီးယားလိဂ်ပြိုင်ဘက်အသင်းစတားဟောင်းတစ်ဦးက အယ်လ်နာဆာစတား ရော်နယ်ဒိုဟာ အသက် ၄၅ နှစ်မတိုင်ခင်အထိ ကစားနိုင်မယ်လို့ ထောက်ခံပြောကြားလိုက်ပါတယ်။ ရော်နယ်ဒိုဟာ မကြာသေးခင်တုန်းက အသက် ၄၀ ပြည့်ခဲ့တာဖြစ်ပြီး အနားယူမယ့်အရိပ်အယောင်မတွေ့ရသေးတာဖြစ်ပါတယ်။

ပေါ်တူဂီသားဟာ ဆော်ဒီလိဂ်မှာ ဒီရာသီအယ်လ်နာဆာအသင်းအတွက် ၃၃ ဂိုးအထိသွင်းယူထားနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ဆော်ဒီကလပ်နဲ့လည်း ၂၀၂၆ နွေရာသီအထိ စာချုပ်သက်တမ်းတိုးဖို့ သဘောတူညီမှုရရှိထားပါတယ်။ ရော်နယ်ဒိုက လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားမှာလည်း နိုင်ငံအသင်းအတွက် ပါဝင်ပေးနိုင်ဖို့ မျှော်လင့်နေပြီး အနားယူမယ့်အခြေအနေမရှိသေးတာဖြစ်ပါတယ်။

တစ်ဦးချင်းဆုတံဆိပ်တွေမှာ မှတ်ကျောက်တင်ထားနိုင်သလို ဒဏ်ရာပြဿနာတွေကိုသာ ရှောင်ရှားနိုင်မယ်ဆိုရင် ရော်နယ်ဒိုအနေနဲ့ လာမယ့်နှစ်တော်တော်များများကို ဆက်ကစားနိုင်ဖွယ်ရှိနေပါတယ်။

ဗီလာ နဲ့ တော့တင်ဟမ်စတားဟောင်း အလန်ဟက်တန်က “ခရစ္စတီယာနိုက အနည်းဆုံးအသက် ၄၅ နှစ်လောက်အထိ ကစားနိုင်ချေရှိနေပါတယ်။ ဘာပြဿနာမှမရှိနိုင်ပါဘူး။ လက်ရှိသူကစားနေတဲ့နေရာက ထိပ်တန်းအဆင့်မဟုတ်ပါဘူး။ နာမည်ကျော်တွေရှိတယ်ဆိုတာ ကျွန်တော်သိပေမယ့် သူက သူ့ကိုယ်သူတစ်နေ့ချင်း ဂရုစိုက်နေပါတယ်။ အဲ့တာကြောင့် လာမယ့်နှစ်အနည်းငယ်အထိ သူမကစားနိုင်စရာအကြောင်းမရှိပါဘူး။ သူလုပ်နိုင်မယ်ဆိုတာကိုလည်း သူ့ကိုယ်သူသိနေပါတယ်။ သူဂိုးအများကြီးသွင်းနိုင်မယ်လို့ ခံစားမိမှာပါ။

ဒါကြောင့် သူကာလရှည်ကစားနိုင်မယ်လို့ ကျွန်တော်ခံစားရပါတယ်။ ရော်နယ်ဒိုနဲ့ရင်ဆိုင်ရတာ အရမ်းခက်ခဲပါတယ်။ ကျွန်တော်ဆိုလိုတာက သူ့အရွယ်အစားကြောင့်ပါ။ အထူးသဖြင့် ကျွန်တော်ပထမဆုံးရွှေ့လျားမှုကျဆုံးချိန်မှာပါ။ အဲ့တုန်းက တော့တင်ဟမ်မှာ ယူနိုက်တက်နဲ့ရင်ဆိုင်ရချိန် ရော်နယ်ဒိုနဲ့တွေ့ခဲ့တာပါ။ ဒါပေမယ့် အဲ့တာကို ကျွန်တော် ချစ်မြတ်နိုးပါတယ်။ ကျွန်တော် ငယ်ရွယ်နေဆဲပါ။ ကျွန်တော့်ကိုယ်ကျွန်တော် လွတ်လပ်မှုနဲ့ကစားရပါတယ်။

ကမ္ဘာ့အကောင်းဆုံးကစားသမားတစ်ဦးနဲ့စမ်းသပ်ခွင့်ရခဲ့ပါတယ်။ သူ့မှာက ခင်ဗျားကို ကျော်ဖြတ်နိုင်တဲ့အရည်အချင်း ၊ နေရာလွတ်ရှာဖွေနိုင်မှု ၊ ခွန်အား နဲ့ ဂိုးသွင်းနိုင်စွမ်းရှိပါတယ်။ ကျွန်တော် အနားယူခဲ့ပေမယ့် ပြန်စဉ်းစားကြည့်မယ်ဆိုရင် ကမ္ဘာ့အကောင်းဆုံးကစားသမားတစ်ဦးနဲ့ရင်ဆိုင်ခဲ့ရတယ်ဆိုတာကို မှတ်မိခဲ့ပါတယ်”လို့ ဟက်တန်က ပြောကြားခဲ့ပါတယ်။

ရော်နယ်ဒိုဟာ အနားယူဖွယ်မရှိသေးပဲ ဂိုး ၁၀၀၀ ပြည့်သွင်းယူနိုင်ဖို့ ပစ်မှတ်ထားနေဆဲဖြစ်ပြီး မက်ဆီကလည်း မေဂျာလိဂ်မှာ ဆက်လက်ကစားနေဆဲဖြစ်ပါတယ်။