The network connection is lost.

Banner Image

လာမယ့်ရာသီ ယူနိုက်တက်မှာ ကျောနံပါတ်အသစ်ကိုဝတ်ဆင်သွားမယ့် ဟွိုက်လန်း

ပြီးခဲ့တဲ့ ၂၀၂၃-၂၄ ဘောလုံးရာသီမှာ အတ္တလန္တာကနေ ယူနိုက်တက်သို့ စတင်ရောက်ရှိလာခဲ့ပြီး ကျောနံပါတ် ၁၁ အင်္ကျီကိုဝတ်ဆင်ကစားခဲ့တဲ့ တိုက်စစ်မှူး ရက်စ်မက်စ်ဟွိုက်လန်းဟာ လာမယ့်ရာသီမှာတော့ အခြားကျောနံပါတ်ကို ပြောင်းလဲဝတ်ဆင်သွားဖို့ပြင်ဆင်နေပါတယ်။

ကစားသမားဟာ ယခင်က တိုက်စစ်မှူး အန်တိုနီမာရှယ်ဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ် ၉ အင်္ကျီကို ဆက်ခံသွားမှာဖြစ်တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့လက အသင်းကနေထွက်ခွာသွားခဲ့တဲ့ ပြင်သစ်သား မာရှယ်ရဲ့နံပါတ်ကို ဟွိုက်လန်းကိုပေးအပ်သွားမယ်လို့ ကလပ်ကလည်း ဖော်ပြလာခဲ့တာဖြစ်ပါတယ်။

ယူနိုက်တက်ရဲ့ ကျောနံပါတ် ၉ အင်္ကျီကို ကလပ်ဂန္ထဝင်တွေဖြစ်တ့ ဆာဘော်ဘီချာလ်တန်၊ အင်ဒီကိုးလ်၊ ဒီမီတာဘာဘာတော့ဗ်နဲ့ ဇလာတန်အီဘရာဟီမိုဗစ်တို့ အပါအဝင်နာမည်ကြီးကစားသမား အများအပြား ဝတ်ဆင်ခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ ရာသီက ပရီးမီးယားလိဂ်ကစားသမားဘဝကို စတင်ခဲ့ပြီး ပထမဆုံးအကြိမ် အတွေ့အကြုံယူခဲ့တဲ့ ဟွိုက်လန်းအနေနဲ့ လာမယ့်ရာသီမှာတော့ ကျောနံပါတ်အသစ်နဲ့အတူ ပိုမိုကောင်းမွန်တဲ့ခြေစွမ်းတွေကို ပြသသွားနိုင်မလား စောင့်ကြည့်ရတော့မှာဖြစ်ပါတယ်။

ဒိန်းမတ်လက်ရွေးစင်ကစားသမားက ကျောနံပါတ်အသစ်ကို ရရှိသွားမှာဖြစ်သလို၊ သူ့ရဲ့လက်ရှိကျောနံပါတ် ၁၁ ကိုလည်း အသင်းရဲ့ကစားသမားသစ်ဖြစ်တဲ့ ဂျိုရှူးဝါးဇာကီက ဆက်ခံသွားမယ်လို့သိရပါတယ်။ နယ်သာလန်လက်ရွေးစင် ကစားသမားဟာ ယခင်ကလည်း ကျောနံပါတ် ၉ ၊၁၀ နဲ့ ၁၁ အင်္ကျီတွေကို ဝတ်ဆင်ကစားခဲ့ဖူးတာဖြစ်ပါတယ်။

တနင်္လာနေ့က ရာသီကြိုအဖွင့်ပွဲစဉ်မှာ ရိုဆင်ဘာ့ကို ၁-၀ နဲ့ရှုံးနိမ့်ခဲ့တဲ့ ယူနိုက်တက် အနေနဲ့ နောက်ထပ်ခြေစမ်းပွဲစဉ်တွေ ကစားဖို့ အမေရိကန်သို့ခရီးမထွက်ခင် စနေနေ့မှာ ရိန်းဂျားနဲ့ ခြေစမ်းပွဲစဉ် ၁ ပွဲ ဆက်လက်ကစားသွားဦးမှာဖြစ်ပါတယ်။