The network connection is lost.

Banner Image

ဂေါ်ဒွန်ကို ဘယ်နည်းနဲ့မဆို လက်လွှတ်ခံသွားမှာမဟုတ်ဘူးလို့ ပြတ်ပြတ်သားသားပြောလိုက်တဲ့ ဟိုဝီ

နယူးကာဆယ်အသင်းက လူငယ်ကြယ်ပွင့်ဂေါ်ဒွန်ကို ဘာအကြောင်းပြချက်နဲ့မှ လက်လွှတ်ခံသွားမှာ မဟုတ်ပါဘူး။ တိုက်စစ်ကစားသမားက အခုနွေရာသီကာလအတွင်း အသင်းပြောင်းရွှေ့နိုင်ရေး စဉ်းစားနေတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

လီဗာပူးနဲ့အတူ ဂေါ်ဒွန်ရဲ့အပြောင်းအရွှေ့သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် နယူးကာဆယ်နည်းပြဟိုဝီကတော့ လူငယ်ကြယ်ပွင့်ကစားသမားဟာ အသင်းရဲ့အနာဂတ်အတွက် အစိတ်အပိုင်းတစ်ရပ်ဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။

ဂေါ်ဒွန်နဲ့ပတ်သက်လို့ ဟိုဝီက “ဂေါ်ဒွန်ပြန်လာမှုကို ကျွန်တော် အစွမ်းကုန်ကြိုဆိုပါတယ်။ လက်သုံးဖက်လောက်သာရှိရင် အဲ့ဒီလက်သုံးဖက်လုံးနဲ့ ကြိုဆိုမှာပါ။ သူက ကျွန်တော်တို့အတွက် အလွန်အရေးပါတဲ့ကစားသမားပါ။ ဘယ်ကစားသမားကိုမှလည်း မဆုံးရှုံးချင်ပါဘူး။ ဘာကြောင့်များ ကျွန်တော်တို့က ကိုယ့်အသင်းရဲ့အကောင်းဆုံး ကစားသမားတွေကို လက်လွှတ်ခံချင်ရမှာလဲ? မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်ဖို့ ကျွန်တော်တို့တွေ ခက်ခက်ခဲခဲ တိုက်ပွဲဝင်ခဲ့ရပါတယ်။ ပြီးခဲ့တဲ့ရက်သတ္တပတ်အနည်းငယ်အတွင်း အခြေအနေတွေက အရမ်း,အရမ်း ခက်ခဲခဲ့ပါတယ်။ သူက ကျွန်တော်တို့လုပ်ငန်းစဉ်ရဲ့ အစိတ်အပိုင်းတစ်ရပ်ပါ။ သူ့အတွက် အားလပ်ရက်အနည်းငယ်လိုအပ်ပါတယ်။ ဂေါ်ဒွန်ပြန်ရောက်လာပြီဆိုတာနဲ့ ရှေ့ဆက်နိုင်ဖို့ အဆင်သင့်ဖြစ်နေပါလိမ့်မယ်”လို့ ပြောပါတယ်။