
ယူရိုပြိုင်ပွဲကို ဂိုးပြတ်အနိုင်နဲ့ စတင်ဖွင့်လှစ်လိုက်တဲ့ အိမ်ရှင်ဂျာမနီ
ဂျာမနီ ၅-၁ စကော့တလန် (ပွဲပြီးရလဒ်)
ဂျာမနီအသင်းဟာ အိမ်ကွင်းမှာ ကန်ရတာနဲ့အညီ သေသပ်တဲ့ကစားပုံတစ်ခုကို ပြသနိုင်ခဲ့ပြီး ဂိုးပြတ်နိုင်ပွဲရယူနိုင်ခဲ့ပါတယ်။လူငယ်ကြယ်ပွင့်တွေဖြစ်တဲ့ ဖလော်ရီယန်ဝက်ဇ်၊ မူစီယာလာတိုဟာ ဝါရင့်ကစားသမားကြီး တိုနီခရူးစ်နဲ့ အကောင်းဆုံးတွဲဖက်ကစားနိုင်ခဲ့ပြီး သွင်းဂိုးတွေရယူသွားနို်ငခဲ့ပါတယ်။
စကော့တလန်ကတော့ တောင့်တင်းတဲ့လူစာရင်းတစ်ခုကို ပိုင်ဆိုင်ထားပေမယ့် ဂျာမနီကို ဘယ်လိုမှယှဉ်ကစားနိုင်ခြင်းမရှိဘဲ ဂိုးပြတ်အရှုံးပေးခဲ့ရပါတယ်။