
ဒေါ့မွန်ကိုအနိုင်ရပြီးနောက် ဘာစီလိုနာရဲ့အားနည်းချက်တစ်ခုကို ထောက်ပြလိုက်တဲ့ အွန်နရီ
အာဆင်နယ်ဂန္ထဝင်ဟောင်း အွန်နရီက ချန်ပီယံလိဂ်ချန်ပီယံဆုအတွက် ဘာစီလိုနာရဲ့အားနည်းချက်တစ်ခုကို ထောက်ပြလိုက်ပါတယ်။ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပထမအကျော့မှာ ဘာစီလိုနာက ဒေါ့မွန်ကို ၄ ဂိုးပြတ်နဲ့အနိုင်ရရှိခဲ့ပါတယ်။ လီဝန်ဒေါစကီး နဲ့ ယာမဲလ်တို့က မသွင်းယူခင်မှာ ရာဖင်ဟာက ဘာစီလိုနာအတွက် ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။
အခုနိုင်ပွဲကြောင့် ဘာစီလိုနာဟာ နောက်တစ်ဆင့်တက်နိုင်ဖို့ သေချာသလောက်ရှိခဲ့ပြီး ဆီမီးဖိုင်နယ်မှာ အင်တာ ဒါမှမဟုတ် ဘိုင်ယန်နဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။ အွန်နရီက ဘာစီလိုနာအနေနဲ့ ချန်ပီယံလိဂ်ချန်ပီယံဖြစ်နိုင်ချေရှိနေပေမယ့် အားနည်းချက်တစ်ခုကို ထောက်ပြခဲ့ပါတယ်။
“သူတို့ အရမ်းကောင်းခဲ့ပါတယ်။ ဒီဂျောင် နဲ့ ပီဒရီက ကွင်းလယ်မှာ ပါဝင်ခဲ့ပါတယ်။ သူတို့လုပ်ပြနေတာက တကယ်ထူးချွန်ခဲ့ပါတယ်။ ဒါပေမယ့် ပြိုင်ဘက်ကို သူတို့ ဂိုးပေးရနိုင်တဲ့အခွင့်အရေးကောင်းတွေ အများကြီးပေးခဲ့ပါတယ်။ အဲ့တာကလွဲရင် သူတို့အရမ်းကောင်းခဲ့ပါတယ်။ အရင်က ကျွန်တော်ပြောခဲ့သလို သူတို့က ချန်ပီယံလိဂ်ဖလားရနိုင်တဲ့အသင်းတွေထဲကတစ်သင်းပါ။ ကျွန်တော့်အတွက် သူတို့က အနိုင်ယူဖို့ခက်ခဲတဲ့အသင်းပါ။ သူတို့က တန်ပြန်တိုက်စစ်ကို တားဆီးနိုင်ပါတယ်။ ဒါပေမယ့် high line ခံစစ်ကိုတော့ အများကြီးလုပ်ရပါဦးမယ်”လို့ အွန်နရီက ပြောကြားခဲ့ပါတယ်။
အွန်နရီက ရာဖင်ဟာရဲ့စွမ်းဆောင်ရည်ကို ချီးကျူးခဲ့ပါတယ်။ “ဖြစ်နိုင်ပါတယ်။ ဘာလို့လဲဆိုတော့ လိဒ်မှာတုန်းကထက် ဘာစီလိုနာမှာ အထိုင်ကျဖို့က ပိုလွယ်နေပါတယ်။ အသင်းက ကောင်းကောင်းမကစားနိုင်ပါဘူး။ ကျွန်တော် လိဒ်အကြောင်းပြောနေတာမဟုတ်ပါဘူး။ ဒါပေမယ့် ပီဒရီ နဲ့ ဒီဂျောင်တို့ရှိနေတာကြောင့် ခင်ဗျားအနေနဲ့ ဘောလုံးကို နောက်ပြန်ပေးစရာမလိုတော့ပါဘူး။ သူ့အနေနဲ့ လွတ်လွတ်လပ်လပ်ကစားနိုင်သလို ဂိုးဖန်တီးမှုတွေကော သွင်းဂိုးတွေပါ ရယူနိုင်ပါတယ်”လို့ အွန်နရီက ပြောကြားခဲ့ပါတယ်။
ရာဖင်ဟာတစ်ယောက် ဘာစီလိုနာကိုပြောင်းလာပြီးကတည်းက အသင်းအတွက် ၁၃၂ ပွဲမှာ ၄၈ ဂိုးသွင်း ၊ ၄၇ ဂိုးဖန်တီးနိုင်ခဲ့ပါတယ်။ အသက် ၂၈ နှစ်သားဟာ ဘယ်တောင်ပံမှာသာ အဓိကကစားပြီး ပထမဆုံးအကြိမ်ဥရောပဆုဖလားရယူနိုင်ဖို့ ပစ်မှတ်ထားနေကာ ဒုတိယအကျော့အဖြစ် ဧပြီလ ၁၅ ရက်နေ့မှာ ဒေါ့မွန်နဲ့ ကန်ရမှာဖြစ်ပါတယ်။