The network connection is lost.

Banner Image

ဘိုင်ယန်ကို အသင်းတစ်သင်းအနေနဲ့ ကွန်ပနီဘယ်လိုတည်ဆောက်ခဲ့လဲဆိုတာကို ကိန်းရှင်းပြ

ဟမ်းဘာ့ဂျ်အသင်းကိုအနိုင်ရခဲ့ပြီးနောက် ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး ကိန်းက ဘိုင်ယန်ကိုအသင်းတစ်သင်းအနေနဲ့ ကွန်ပနီဘယ်လိုတည်ဆောက်ခဲ့လဲဆိုတာကို ရှင်းပြလိုက်ပါတယ်။ အင်္ဂလန်အသင်းခေါင်းဆောင်ဟာ ဟမ်းဘာ့ဂျ်နဲ့ပွဲမှာ ၂ ဂိုးသွင်းယူနိုင်ခဲ့ပြီး ၁ ဂိုးဖန်တီးပေးနိုင်ခဲ့ကာ ဒီယက်ဇ် ၊ ဂနာဘရီ နဲ့ ပါလိုဗစ်တို့က ဂိုးတွေသွင်းယူနိုင်ခဲ့ပါတယ်။

ကိန်းက ဘိုင်ယန်အသင်းတည်ဆောက်ပုံကို ရှင်းပြခဲ့ပြီး ကွန်ပနီတည်ဆောက်ခဲ့တာက သူ့အတွက် အဆင်ပြေစေတယ်လို့ ပြောကြားလိုက်ပါတယ်။ ကွန်ပနီတာဝန်ယူစဉ်ကတည်းက ကိန်းဟာ ပြိုင်ပွဲစုံ ၄၉ ဂိုးအထိသွင်းယူထားနိုင်ခဲ့ပြီး အခုရာသီသစ်မှာလည်း ၈ ဂိုးလည်း ပါဝင်နေပါတယ်။

စနေနေ့တုန်းက ကိန်းဟာ ဟမ်းဘာ့ဂျ်ကို ၅ ဂိုးပြတ်အနိုင်ရခဲ့တဲ့ပွဲမှာ ၂ ဂိုးသွင်း ၊ ၁ ဂိုးဖန်တီးနိုင်ခဲ့ကာ ဒီရာသီ ၁၀၀% ဘွန်ဒက်စ်လီဂါနိုင်ပွဲဆက်စံချိန်ကို ဆက်ထိန်းနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ကိန်းတစ်ယောက် ဒီရာသီလိဂ်ဂိုး ၃ ဂိုးအထိဖန်တီးထားနိုင်ခဲ့ပါတယ်။ “ဒီအသင်းက ကျွန်တော်နဲ့အများကြီးအံဝင်ပါတယ်။ သူတို့ကစားဟန် ၊ သူတို့ဖိအားပေးပုံက ကျွန်တော့်ကိုနေရာလွတ်ပိုရစေပါတယ်။

ဘောလုံးနဲ့အတူလည်း အခွင့်အရေးရစေပါတယ်။ ကျွန်တော် သူတို့နောက်ကနေပြေးလွှားနေယုံပါပဲ”လို့ ကိန်းက ပြောကြားခဲ့ပါတယ်။ ဘိုင်ယန်ဟာ လာမယ့်ဗုဒ္ဓဟူးနေ့မှာ ချန်ပီယံလိဂ်အဖွင့်ပွဲအဖြစ် ချဲလ်ဆီးအသင်းနဲ့ကစားရမှာဖြစ်ပါတယ်။