The network connection is lost.

Banner Image

ဘာစီလိုနာစတားရဲ့ အနာဂတ်ကို ပြောင်းနိုင်တဲ့ ဆုံးဖြတ်ချက်မျိုးချမယ့် ဟန်ဆီဖလစ်

လာလီဂါမှာ ရလဒ်တွေ ဆိုးရွားနေတာကြောင့် ဘာစီလိုနာနည်းပြက အဖြေရှာဖို့ ရုန်းကန်နေရတာဖြစ်ပြီး ဒဏ်ရာကနေ ပြန်ကောင်းလာတြ့ ကစားသမားတွေဆီကနေ အကောင်းဆုံးပုံစံ မရရှိနေတာဖြစ်ပါတယ်။ အဲ့ဒီထဲမှာ ဒီဂျောင်လည်း ပါဝင်နေပါတယ်။

နယ်သာလန်နိုင်ငံသားဟာ ၅ လ နီးပါအနားယူခဲ့ပြီး အောက်တိုဘာလမှာ ပြန်ကစားချိန်မှာတော့ သူ့ရဲ့အကောင်းဆုံးခြေစွမ်းတွေ မရရှိနေသေးတာဖြစ်ပါတယ်။ အခုချိန် မတိုင်မီထိတော့ ဖလစ်ဟာ ဒီဂျောင်ကို ကာကွယ်ပြောဆိုခဲ့ပြီး ကြံ့ခိုင်မှုပြန်လည်ပြည့်ဝလာပါက သူ့ရဲ့စနစ်နဲ့ ကိုက်ညီမယ်လို့ ပြောခဲ့တာပါ။ သို့သော်လည်း ဒါတွေဟာ ပြီးခဲ့တဲ့လများအတွင်း ပြောင်းလဲသွားပြီး ကစားသမားအပေါ် သံသယဝင်လာပြီဖြစ်ပါတယ်လို့ Sport က ဖော်ပြထားပါတယ်။

နောက်ထပ်ပိုကောင်းတဲ့ ကွင်းလယ်ကစားသမားကိုခေါ်ယူဖို့ အပါအဝင် ကာဆာဒိုနှင့်ပါ ပွဲထွက်ခွင့်အတွက် ယှဉ်ပြိုင်နိုင်ဖို့ ဂျာမန်သားနည်းပြဟာ လာမယ့်နွေရာသီမှာ ဒီဂျောင်ကိုရောင်းချတော့မှာဖြစ်ပါတယ်။ နောက်ထပ် မေးခွန်းက ပွဲထွက်ခွင့်မရရှိရင် ဒီဂျောင်ကရော အသင်းမှာ ဆက်နေချင်ပါ့မလာဆိုတာပါ။

ဒီဂျောင်ရဲ့စာချုပ်က ဘာစီလိုနာအတွက် ခေါင်းကိုက်စရာဖြစ်နေပြီး သက်တမ်းတိုးဖို့လည်း မရှိနေတာဖြစ်ပါတယ်။ သူ့ရဲ့စာချုပ်က ၂၀၂၆ မှာ ကုန်ဆုံးမှာဖြစ်ပြီး သူ့အတွက် ယူရို သန်း ၂၀ လောက်ဖြင့် ဘာစီလိုနာဘက်ကနေ လက်ခံသွားဖို့ရှိနေပေမယ့် စာချုပ်ကိုပါ ဖျက်သိမ်းလိုနေတာလည်းဖြစ်ပါတယ်။