The network connection is lost.

Banner Image

မန်စီးတီးနဲ့ စာချုပ်သက်တမ်းတိုးနိုင်တယ်ဆိုတဲ့ ယူဆချက်အပေါ် ငြင်းဆန်ခဲ့ခြင်းမရှိတဲ့ ဂွါဒီယိုလာ

ပက်ဂွါဒီယိုလာက မန်စီးတီးအသင်းနဲ့ စာချုပ်သက်တမ်းထပ်တိုးနိုင်တယ်ဆိုတဲ့ ယူဆချက်တွေအပေါ် ငြင်းဆန်ခြင်း မရှိခဲ့ပါဘူး။

ဂွါဒီယိုလာက ၂၀၂၅ခုနှစ်မှာ စာချုပ်သက်တမ်းကုန်ရင် မန်စီးတီးကနေ ထွက်ခွာနိုင်တယ်လို့ ပြောကြားခဲ့ဖူးပါတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ စပိန်သားနည်းပြက မန်စီးတီးမှာ ဆက်ရှိနေမလားဆိုတာ ဆုံးဖြတ်ရခြင်း မရှိသေးပါဘူးလို့ ပြောခဲ့ပါတယ်။

ဂွါဒီယိုလာက "ပရီးမီးယားလိဂ်ဖလားရပြီးချိန် ကျွန်တော် ဒီလို ပြောဖို့မသင့်တာ သိပါတယ်။ ဒါပေမယ့် ကျွန်တော် မန်စီးတီးမှာ ၈နှစ်ကြာ ဖြတ်သန်းခဲ့ပြီဖြစ်တာကြောင့် နောက်ထပ်၈နှစ် ထပ်ရှိနေမှာမဟုတ်ဘူးလို့ ပြောတာပါ။ ဒါကြောင့်ပဲ ကျွန်တော် ရှိနေဖို့ထက် ထွက်ခွာဖို့ ပိုများနေတာပါ။ ဒါပေမယ့် ဒါကလည်း ကျွန်တော် ထွက်တော့မယ်လို့ ပြောတာမဟုတ်ပါဘူး။ ကျွန်တော် ထွက်တော့မယ်ဆိုရင် ထွက်တော့မယ်လို့ ပြောမှာပေါ့။ အဲ့ဒီလို ကျွန်တော် မပြောခဲ့ပါဘူး။ အသင်းနဲ့စာချုပ်သက်တမ်းတိုးနိုင်ခြေရှိတာကိုလည်း မငြင်းပါဘူး။ ဒါက ကျွန်တော့်အတွက်၊ ကလပ်အတွက် အကောင်းဆုံး ဆုံးဖြတ်ချက်ဖြစ်စေချင်ပါတယ်"လို့ ပြောခဲ့ပါတယ်။

နိုင်ငံအသင်းမှာ နည်းပြလုပ်နိုင်လားဆိုတဲ့အပေါ် ဂွါဒီယိုလာက "ကျွန်တော် ဒီကနေ ထွက်ခွာဖို့ မဆုံးဖြတ်ရသေးတာကြောင့် အဲ့ဒီအကြောင်း မစဉ်းစားသေးပါဘူး။  ကျွန်တော် ထွက်မယ်လို့ ဆုံးဖြတ်လိုက်ရင် အရင်ဆုံး အားကစားဒါရိုက်တာ၊ ဥက္ကဌ၊ စီအီးအိုတို့ကို အရင်ပြောရမှာပါ။ ကျွန်တော် အသင်းကိုကျော်ပြီး ခြေလှမ်းတစ်လှမ်းတောင် လှမ်းမှာမဟုတ်ပါဘူး။ ကျွန်တော် ဒီမှာရှိနေရတာ အရမ်းကျေနပ်ပါတယ်။ ဆွေးနွေးရမယ့်အချိန်ရောက်ရင် ကျွန်တော်တို့ ဆွေးနွေးကြမှာပါ။ ဘယ်အချိန်က အကောင်းဆုံးဖြစ်မလဲဆိုတာတော့ မသိသေးပါဘူး"လို့ ပြောခဲ့ပါတယ်။