
ဖိုဒန်ကို ကြမ်းတမ်းစွာအောင်ဟစ်ကြိမ်းမောင်းခဲ့တဲ့အတွက် သူ့ကိုယ်သူ ဒဏ်ရိုက်ခဲ့ဖူးတဲ့ ဂွါဒီယိုလာ
ဖိုဒန်ဟာ မန်စီးတီးအတွက် ပြိုင်ပွဲစုံ ၃၆ ပွဲတွင် ၁၅ ဂိုး သွင်းယူထားပြီး ၁၀ ဂိုး ဖန်တီးထားကာ အသင်းမှာ အကောင်းဆုံးရာသီတစ်ခုဖြစ်နေတာကိုတော့ ငြင်းလို့မရနေတာဖြစ်ပါတယ်။
အသက် ၂၃ နှစ်အရွယ် ကစားသမားဟာ ကီဗင်ဒီဘရိုင်း ဒဏ်ရာကြောင့် မပါဝင်နိုင်တဲ့အချိန်တွင် အသင်းအတွက် အကောင်းဆုံးကစားပေးခဲ့ပြီး ဘယ်လ်ဂျီယံနိုင်ငံသား ပြန်ကောင်းလာတဲ့အချိန်မှာလည်း ဆက်လက်ခြေစွမ်းပြနေတာဖြစ်ပါတယ်။ ဖိုဒန်ဟာ ယခုရာသီတွင် ဗဟိုကွင်းလယ်ရဲ့ကဏ္ဍတွင် အဓိကပါဝင်ကစားထားပြီး ပွဲစဉ်များတွင် သူ့ရဲ့အရည်အချင်းတွေကို အပြည့်အဝပြသရန် အခွင့်အရေးပေးခြင်း ခံထားရတာဖြစ်ပါတယ်။
လူငယ်ကစားသမားနှင့်ပတ်သက်ပြီး အပြည့်အဝမပျော်နိုင်သေးဘူးဘဲ မကြာသေးမီက ဂွါဒီယိုလာက "ပွဲအား ဖတ်မှုနိုင်မှု ဂိုးသွင်းမှုနှင့် ဂိုးဖန်တီးမှုတွေမှာ ဖိုဒန်ဟာ အသင်းအတွက် အလွှမ်းမိုးနိုင်ဆုံး ဘောလုံးရာသီကို ပိုင်ဆိုင်ထားပါတယ်။ သူက ထူးခြားတဲ့ ကစားသမားပါ" လို့ ပြောထားပါတယ်။
သို့သော် လွန်ခဲ့တဲ့ နှစ်အနည်းငယ်က မန်စီးတီးနည်းပြဟာ သူ့အပေါ် အားရကျေနပ်မှုမရှိခဲ့တာဖြစ်ပါတယ်။ ၂၀၂၀-၂၁ ရာသီ ပေါ်တိုအသင်းနဲ့ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်တွင် ဖရီးကစ်ကန်သွင်းချိန် သူ့ရဲ့ညွှန်ကြားချက်တွေကို မလိုက်နာတဲ့အတွက် ဖိုဒန်ကို ဂွါဒီယိုလာက ကြိမ်းမောင်းခဲ့ပါတယ်။
The Telegraph မှ ဂျိမ်းစ်ဒူကာရဲ့ ပြောကြားချက်အရ ဂွါဒီယိုလာက ငါပြောတဲ့အတိုင်း မင်းမလုပ်ဘူးလို့ အော်ဟစ်ကြိမ်းမောင်းခဲ့တာဖြစ်ပါတယ်။ နည်းပြက ဒေါသတကြီးခေါ်တာကြောင့် ဖိုဒန်ဟာ ဥမင်ထဲသို့ အပြေးအလွှားဆင်းသွားခဲ့ပြီး သူ့အသင်းဖော်တော်တော်များများ ပြန်မလာခင် အဝတ်လဲခန်းထဲမှာရှိခဲ့တာဖြစ်ပါတယ်။
ဂွါဒီယိုလာရောက်လာချိန်မှာတော့ ဖိုဒန်က တံခါးဝမှာ စောင့်နေပြီး ဆွဲတွန်းပစ်လိုက်ပါတယ်။ ဖိုဒန်က "ကျွန်တော့်ကို နောက်တစ်ခါ ဒါမျိုးမလုပ်ပါနဲ့။ တခြားကစားသမားတွေဆိုရင် ဒီလိုလုပ်မှာ မဟုတ်ပါဘူး" လို့ ဂွါဒီယိုလာကို ပြောပါတယ်။
အဲ့ဒီအချိန်မှာ ဂွါဒီယိုလာက ကွင်းလယ်ကစားသမားကို တောင်းပန်ခဲ့ပေမယ့် သူ ဒီထက်ပိုပြီး လုပ်ပေးဖို့လိုအပ်တယ်လို့ ခံစားခဲ့ရပါတယ်။ နောက်တစ်နေ့တွင် အသင်းတစ်သင်းလုံးနှင့် တွေ့ဆုံချိန်တွင် ဒုတိယအကြိမ် တောင်းပန်ခဲ့ပြီး ဂွါဒီယိုလာက သူ့ကိုယ်သူ ဒဏ်ငွေရိုက်ရန် ဆုံးဖြတ်ခဲ့ပါတယ်။ အဆိုပါဒဏ်ငွေကို ကစားသမားတွေဖွဲ့စည်းထားတဲ့ အဖွဲ့ထံသို့ တိုက်ရိုက်ထည့်သွင်းသွားခဲ့ပါတယ်။ ဂွါဒီယိုလာကလည်း ဖိုဒန်က သူ့ကိုယ်သူ မားမားမတ်မတ်ရပ်ပြီး သူ့ကို ဒီလိုမျိုးခဏတာလောက် လုပ်ခဲ့တဲ့ အချက်ကိုလည်း ချီးကျူးခဲ့ပါတယ်။
ထိုအခိုက်အတန့်ဟာ ဖိုဒန်ရဲ့ မန်စီးတီးကစားသမားဘဝ အလှည့်အပြောင်းတစ်ခုဖြစ်တယ်လို့ဆိုနိုင်ကာ သူ့အတွက် အဓိကခြေလှမ်းဖြစ်ခဲ့ပါတယ်။ ဂွါဒီယိုလာရဲ့ ဝေဖန်မှုကို ဘယ်မန်စီးတီး ကစားသမားက ခံနိုင်ရည်မရှိပေမယ့် စပိန်သားအနေနဲ့ အင်္ဂလန်ကြယ်ပွင့်ကို ထပ်မံကြိမ်းမောင်းဖို့အတွက် နှစ်ကြိမ်လောက် စဉ်းစားမိနိုင်တယ်လို့ ပြောလို့ရပါတယ်။