The network connection is lost.

Banner Image

ပီအက်စ်ဂျီက အခြေအနေတွေကို မပျော်ရွင်နေတဲ့ ဂိုးသမား ဒွန်နာရမ်မာ

နည်းပြအင်းနရစ်ရဲ့ဆုံးဖြတ်ချက်တွေကိုသဘောမကျဖြစ်တာကြောင့် ပီအက်စ်ဂျီဂိုးသမား ဒွန်နာရမ်မာဟာ လာမယ့်ရာသီမှာ စီးရီအေသို့ ပြန်ဖွယ်ရှိနေတာဖြစ်ပါတယ်။

ဂိုးသမား လက်ရှိ ပီအက်စ်ဂျီက အခြေအနေတွေကို သဘောမကျဖြစ်နေတာပါလို့ L'Equipe က ဖော်ပြထားပါတယ်။ ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် ဘိုင်ယန်မြူးနစ်နဲ့ပွဲမှာ သူ့ကိုချန်လှပ်ခဲ့တဲ့ နည်းပြရဲ့ဆုံးဖြတ်ချက်ကို ဒွန်နာရမ်မားက မကျေနပ်နေတာပါ။ ပီအက်စ်ဂျီက ထွက်ချင်နေတဲ့ ဂိုးသမားဟာ စီးရီအေသို့ ပြန်ဖွယ်ရှိနေတာဖြစ်ပါတယ်။

နိုဝင်ဘာလ နိုင်ငံတကာပွဲစဉ်များမတိုင်မီ လန်းစ်နဲ့ပွဲမှာ ဒွန်နာရမ်မားရဲ့အရန်ခုံမှာ ထိုင်ခဲ့ရခြင်းဟာ ကစားသမားတွေကို အနားပေးခြင်းဖြစ်တယ်လို့ နားလည်လို့ရပေမယ့် တူးလော့စ်နှင့်ပွဲမှာ ချန်လှပ်ခြင်းခံခဲ့ရတာကြောင့် နည်းပြနှင့် တင်းမားမှုများဖြစ်ခဲ့တာပါ။ ဘိုင်ယန်မြူးနစ်နဲ့ပွဲမှာပါ အရန်ခုံမှာ ထိုင်ခဲ့ရတာကြောင့် ကစားသမားက ပိုမိုဒေါသထွက်ခဲ့ပြီး အထူးသဖြင့် ပွဲထွက်ဂိုးသမား ဆာဖိုနိုဗ်ရဲ့ အမှားကြောင့် ကင်မင်ဂျေရဲ့ ဂိုးကို ခွင့်ပြုခဲ့ရတာလည်းဖြစ်ပါတယ်။

မကြာသေးမီကလည်း အီတလီလက်ရွေးစင်ကစားသမားဟာ အရန်ခုံမှာထိုင်ခဲ့ရပြီး ဘိုင်ယန်မြူးနစ်ကို ရှုံးနိမ့်ပြီးနောက်မှာတော့ နည်းပြနှင့် သူ့ရဲ့ဆက်ဆံရေးက ဆိုးရွားလာခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ပြင်သစ်မြို့တော်ရှိ ဂိုးသမားရဲ့ အနာဂတ်က စိုးရိမ်စရာဖြစ်လာပါတယ်။

ပီအက်စ်ဂျီနှင့် ဒွန်နာရမ်မာတို့ရဲ့ အေးဂျင့်တွေဟာ စာချုပ်သက်တမ်းတိုးဖို့အတွက် ဆွေးနွေးခဲ့ကြပါတယ်။ သို့သော်လည်း နှစ်အစကတည်းက ဆွေးနွေးမှုများက ပျက်ပြယ်ခဲ့ရပြီး ကလပ်ဟာ စာချုပ်သက်တမ်းကုန်ဆုံးချိန် ၂၀၂၆ ခုနှစ်မှာ အသက် ၂၅ နှစ်အရွယ် ကစားသမားကို အလွတ်ဖြင့် ဆုံးရှုံးရဖွယ်ရှိနေပါတယ်။

လာမယ့်နွေရာသီမှာ ဒွန်နာရမ်မာဟာ ကလပ်ကနေ ထွက်ခွာမယ်ဆိုရင်တော့ အဆိုပါကိစ္စရပ်ကို ရှောင်ရှားနိုင်မှာပါ။ သူ့ရဲ့ပွဲထွက်ခွင့်တွေ ဆုံးရှုံးနေရတာကြောင့် ဂိုးသမား နည်းပြကို မကျေမနပ်ဖြစ်နေတာပါ။ ဒါကြောင့် စီးရီးအေသို့ ပြန်ဖို့ဆိုတာက ဖြစ်နိုင်ချေရှိနေပါတယ်။ လက်ရှိအချိန်မှာတော့ နာပိုလီနှင့် အင်တာမီလန်တို့ဟာ ဂိုးသမားကိုခေါ်ယူဖို့ အလားအလာရှိတဲ့ အသင်းတွေဖြစ်ပါတယ်။

ကွန်တီရဲ့အသင်းဟာ မာရက်ရဲ့အနာဂတ်နှင့်ပတ်သက်ပြီး မရေရာနေကာ အသက် ၂၇ နှစ်အရွယ် ဂိုးသမားရဲ့ စာချုပ်က လက်ရှိရာသီကုန်မှာ သက်တမ်းကုန်မှာဖြစ်ပါတယ်။ အင်တာမီလန်ကလည်းအသက်ရနေပြီဖြစ်တဲ့ ဂိုးသမား ဆိုမာရဲ့နေရာကို အစားဖို့ရှာဖွေနေပြီး လက်ရှိစာချုပ်သက်တမ်းက ၁၈ ကျန်သေးတာဖြစ်ပါတယ်။

ပီအက်စ်ဂျီဟာ ချန်ပီယံလိဂ်တွင် ရလဒ်ကောင်းမွန်ခြင်းမရှိဘဲ ပထမဆုံးပွဲစဉ်တေါကနေ ရမှတ် မှတ်သာ ရရှိထားပါတယ်။ လက်ရှိမှာလည်း အဆင့် ၂၄ ရဲ့နောက်သို့ရောက်ရှိနေတာကြောင့် အုပ်စုအဆင့်ကနေ ထွက်ခွာရဖွယ်ရှိနေပါတယ်။ လာမယ့်ပွဲစဉ်ကတော့ စနေနေ့မှာ နန့်တက်စ်နှင့်ကစားရမယ့် လီဂူးဝမ်းပွဲပဲဖြစ်ပါတယ်။