
တော့တင်ဟမ်နှင့်ပွဲက ဆာကာရဲ့ဂိုးအား အလွန်အကျွံအောင်ပွဲခံခဲ့ခြင်းအတွက် အာဆင်နယ်ကို ဝေဖန်လိုက်တဲ့ ဂယ်ရီနဗီးလ်
အာဆင်နယ်ဟာ ခြေသလုံးဒဏ်ရာကြောင့် ဒီကလန်ရိုက်စ်ကို ဆုံးရှုံးခဲ့ရပြီးနောက် ဒုတိယပိုင်းအစ ၉ မိနစ်မှာ ဦးဆောင်ဂိုး ပြန်လည်ရရှိခဲ့ပါတယ်။
ဆာကာဟာ ၁၂ ကိုက်အကွာမှ တည်တည်ငြိမ်ငြိမ်ပဲ ကန်သွင်းခဲ့ပြီး ဒိုင်ဗင်ပစ်ဖမ်းတဲ့ ဂိုးသမား ဗီကာရီဒိုကို ကျော်ကာ ဂိုးပေါက်ရဲ့အလယ်သို့ ကန်သွင်းခဲ့ပါတယ်။ အင်္ဂလန်လက်ရွေးစင်နှင့် သူ့ရဲ့အသင်းဖော်တွေဟာ မြောက်ဘက်ပွဲကြည့်စင်ရှေ့မှာ ကြီးကျယ်ခမ်းနားစွာ အောင်ပွဲခံခဲ့ကြပြီး ဒါကလည်း ဒါဘီပွဲတွေမှာ မြင်တွေ့နေကြပုံစံလည်းဖြစ်ပါတယ်။
သို့သော်လည်း မကြာခင်မှာ တော့တင်ဟမ်က ချက်ချင်းဆိုသလို ချေပဂိုးပြန်လည် သွင်းယူခဲ့ပြီး ဂျော်ဂျင်ဟိုထံမှ ဘောလုံးကို မက်ဒီဆင်က လုယူခဲ့ပြီး ဆွန်ဟောင်မင်အတွက် ဒုတိယဂိုးကို ဖန်တီးပေးခဲ့တာကြောင့် အာဆင်နယ်အသင်းရဲ့ ပျော်ရွင်မှုက ခဏမျှသာဖြစ်ခဲ့ပါတယ်။
"ဂိုးသွင်းပြီး အာဆင်နယ်အသင်းရဲ့ အောင်ပွဲခံမှုကို မပြောလိုပေမယ့် ဆာကာ ဂိုးသွင်းပြီးနောက် အဆိုပါထောင့်သို့ သွားရောက်ကာ အောင်ပွဲခံတာကိုတော့ ငြင်းခုံပြောကြားချင်ပါတယ်" "လုပ်စရာအလုပ်က တစ်ခုတည်းရှိပါတယ်။ သူတို့က အာရုံစူးစိုက်ပြီး ပြောင်းလဲပြီး အာရုံစိုက်ရပါမယ်" "အဲဒီထောင့်မှာ အလွန်အကျွံအောင်ပွဲခံဖို့ အချိန်ယူရမယ်လို့ ကျွန်တော် မထင်မိပါဘူး။ ကွင်းလယ်သို့ ပြန်သွားပြီး ဒီပွဲက မပြီးသေးဘူးဆိုတာကို သိထားရမှာဖြစ်ပါတယ်" လို့ နဗီးလ်က Sky Sports သို့ ပြောကြားခဲ့ပါတယ်။
"သူ့ရဲ့အသင်းက စိတ်အားတက်ကြွမှုကို သယ်ယူပေးခဲ့သလိုဖြစ်နေခဲ့တာပါ။ သူက ဂျော်ဂျင်ဟိုကို အသာလေး ဘောလုံးပေးခဲ့ပြီး မက်ဒီဆင် က လုယူသွားခဲ့ကာ ဆွန်ရဲ့ ပိတ်သွင်းချက်ကလည်း လှပခဲ့ပါတယ်" လို့ နဗီးလ်က ထပ်လောင်းပြောကြားလိုက်ပါတယ်။