The network connection is lost.

Banner Image

ဘာစီလိုနာမှာ ဆက်နေဖို့ဆုံးဖြတ်ထားတဲ့ နယ်သာလန်စတား

စာချုပ်သစ်ကိစ္စအဆင်မပြေဘူးလို့ သတင်းတွေထွက်နေပေမယ့်လည်း ဘာစီလိုနာကွင်းလယ်လူ ဒီဂျောင်တစ်ယောက် အသင်းမှာဆက်နေဖို့ဆုံးဖြတ်ထားတယ်လို့ သိရပါတယ်။ မာကာသတင်းဌာနကတော့ ဘာစီလိုနာဟာ ဒီဂျောင်နဲ့စာချုပ်ကိစ္စဆွေးနွေးတာ အဆင်မပြေခဲ့ဘူးလို့ ဖော်ပြခဲ့ကာ နောက်ထပ်ဆွေးနွေးမှုအသစ်ကို ၂၀၂၄ - ၂၅ ရာသီအကုန်မှာ ဆက်လက်ဆွေးနွေးဖွယ်ရှိနေပါတယ်။လက်ရှိစာချုပ်သက်တမ်းက ၂၀၂၆ မှာ ကုန်ဆုံးမှာဖြစ်ပြီး နယ်သာလန်သားရဲ့အခြေအနေက မသေချာသေးတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အခုချိန်မှာတော့ စာချုပ်အခြေအနေအကြောင်း ထုတ်ဖော်ပြောကြားလာခဲ့ပြီး အသင်းမှာဆက်နေဖို့ ဆုံးဖြတ်ထားတယ်လို့ ပြောကြားခဲ့ပါတယ်။ ဇီကိုစပေါ့တ်နဲ့အင်တာဗျူးမှာ အသက် ၂၇ နှစ်သားက “သတင်းစာတွေက ကျွန်တော့်အကြောင်းပြောကြပါစေ။ ကျွန်တော် အခုဒီမှာရှိနေပါတယ်။ ဒါကြောင့် ကျွန်တော် ဒီမှာဆက်နေမှာပါ။ အဲ့သတင်းတွေက စိတ်ပျက်စရာကောင်းပါတယ်။ အချို့အရာတွေက သူတို့ဖန်တီးတဲ့အရာတွေပါ။ ကျွန်တော် အခုကျွန်တော့်ကိုယ်ကျွန်တော် ဖော်ပြပါမယ်။ ကျွန်တော် အဆင်ပြေပါတယ်။ အခုအရမ်းကောင်းတဲ့အနေအထားမှာရှိနေပါတယ်။ ပွဲတွေအတွင်းမှာ ကျွန်တော့်ခြေကျင်းဝတ်ဒဏ်ရာအကြောင်း မတွေးပါဘူး”လို့ ဒီဂျောင်က ဖြေကြားခဲ့ပါတယ်။ ဒီဂျောင်ဟာ ၂၀၂၃ - ၂၄ ရာသီအကုန်မှာ ခြေကျင်းဝတ်ဒဏ်ရာရရှိခဲ့ပြီး အနားယူခဲ့ရပေမယ့် အခုချိန်မှာတော့ ပြန်လည်သက်သာလာခဲ့တာဖြစ်ပါတယ်။

လက်ရှိရာသီမှာ ဒီဂျောင်ဟာ ဘာစီလိုနာအတွက် ပြိုင်ပွဲစုံ ၂၉ ပွဲအထိ ပါဝင်ကစားထားကာ ၂ ဂိုးသွင်း ၊ ၁ ဂိုးဖန်တီးထားနိုင်ခဲ့ပါတယ်။ ဘာစီလိုနာဟာ လာမယ့်တနင်္ဂနွေနေ့မှာ တီကိုအသင်းနဲ့အဝေးကွင်းပွဲကန်ရမှာဖြစ်ပါတယ်။