The network connection is lost.

Banner Image

ဗလန်စီယာကို ၅ ဂိုးပြတ်အနိုင်ရပြီးနောက် ဘာစီလိုနာရဲ့တိုက်စစ်အစွမ်းကို ဖလစ်ချီးကျူး

ဘာစီလိုနည်းပြ ဟန်ဆီဖလစ်က ယနေ့န့နက်ယှဉ်ပြိုင်ခဲ့တဲ့ စပိန်ကိုပါဒယ်ရေးကွာတားဖိုင်နယ်ပွဲစဉ်မှာ ဗလန်စီယာကို ၅ ဂိုးအထိသွင်းယူပြီး ဂိုးပြတ်နိုင်ပွဲဖော်ဆောင်ခဲ့တဲ့ အသင်းရဲ့တိုက်စစ်အစွမ်းကို ချီးကျူးပြောဆိုမှုတွေပြုလုပ်လာခဲ့ပါတယ်။ 

ယခုနိုင်ပွဲကြောင့် ဘာစီလိုနာဟာ ပြိုင်ပွဲစုံ ၁၀ ပွဲဆက်တိုက်ရှုံးပွဲမရှိခဲ့ဘဲ ၈ ပွဲအထိအနိုင်ရခဲ့တာလည်းဖြစ်ပါတယ်။ ဘာစီလိုနာအတွက် ဂိုးတွေကို ပထမပိုင်းမှာပဲ ဖာရန်းတောရက်စ်ရဲ့ဟက်ထရစ်နဲ့အတူ ဖာမင်လိုပက်ဇ်က သွင်းယူပေးခဲ့ပြီး ဒုတိယပိုင်းမှာတော့ လာမိုင်းယာမယ်လ်က ထပ်မံသွင်းယူပေးခဲ့ပါတယ်။ယခုပွဲစဉ်မှာ ဟက်ထရစ်သွင်းယူနိုင်ခဲ့တဲ့ ဖာရန်းတောရက်စ်ဟာ အသင်းရဲ့ထိပ်တန်းဂိုးသွင်းရှင် လီဝန်ဒေါစကီးနေရာမှာ အကောင်းဆုံးအစားထိုးဝင်ရောက်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။ 

ပွဲအပြီးမှာ ဖလစ်က “ဒီရလဒ်က အရမ်းကောင်းမွန်ပါတယ်။ကျွန်တော်တို့ကစားချင်တာကလည်း ဒီလိုပုံစံပါပဲ။ ကျွန်တော်တို့အသင်းက အခုမှ စည်းချက်ညီညီကစားဖို့ကြိုးစားနေတဲ့ လူငယ်တွေစုစည်းထားရုံပဲရှိပါသေးတယ်။ ကစားသမားတွေအားလုံးက ဂိုးသွင်းနိုင်ဖို့ပဲ အာရုံစိုက်နေကြလို့ အရမ်းကောင်းပါတယ်” လို့ပြောကြားခဲ့ပါတယ်။ 

ယခုရာသီ ပြိုင်ပွဲစုံ ၃၅ ပွဲကစားပြီးချိန်မှာ ဘာစီလိုနာဟာ ၁၀၉ အထိသွင်းယူထားနိုင်ခဲ့ပြီး ၁ ပွဲကို အနည်းဆုံး ၃ ဂိုးနှုန်းရရှိနေတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၃-၂၄ ဘောလုံးရာသီမှာတော့ ဘာစီလိုနာဟာ ပြိုင်ပွဲစုံ ၅၃ ပွဲကစားပြီး ဂိုးပေါင်း ၁၁၀ သာသွင်းယူနိုင်ခဲ့လို့ ယခုရာသီမှာတော့ ဂိုးသွင်းနှုန်း သိသိသာသာကိုတိုးတက်လာခဲ့တယ်လို့ဆိုရမှာဖြစ်ပါတယ်။ 

လာမယ့်အပတ်ဗုဒ္ဓဟူးနေ့မှာတော့ အိမ်ကွင်း၊အဝေးကွင်း ၂ ကျော့ကစားသွားရမယ့် ကိုပါဒယ်ရေးဆီမီးဖိုင်နယ်အဆင့်အတွက် မဲခွဲပွဲကို ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး ဘာစီလိုနာအနေနဲ့ ရီးရဲလ်မက်ဒရစ်၊ အက်သလက်တီကိုနဲ့ ရီးရဲလ်ဆိုစီဒက်တို့ထဲမှ တစ်သင်းနဲ့ရင်ဆိုင်သွားရမှာဖြစ်ပါတယ်။ ဆက်လက်ပြီး ဖလစ်က “ဒီပွဲရဲ့ရလဒ်က အရမ်းကောင်းပြီး အသင်းအတွက်အရမ်းအရေးပါခဲ့ပါတယ်။ အသင်းရဲ့ကစားပုံကိုလည်း အရမ်းကျေနပ်မိပါတယ်။ ပွဲအစကတည်းက အာရုံစူးစိုက်မှုအပြည့်ရှိခဲ့ပြီး အခွင့်အရေးဖန်တီးနိုင်ခဲ့ပါတယ်။ ဂိုးတွေစောစောစီးစီးသွင်းနိုင်ခဲ့တာကလည်း နိုင်ပွဲရဖို့ အကူအညီဖြစ်စေခဲ့ပါတယ်” လို့ထပ်လောင်းပြောကြားခဲ့ပါတယ်။