
လာမယ့်ရာသီချန်ပီယံလိဂ်မဝင်ရောက်နိုင်ပါက စာချုပ်ဖျက်သိမ်းခဖြင့် ပ ယ်လ်မာကို လက်လွှတ်ရဖွယ်ရှိတဲ့ ချဲလ်ဆီး
ချဲလ်ဆီးဟာ လက်ရှိအချိန်တွင် ပရီးမီးယားလိဂ်အဆင့် ၆ တွင် ရပ်တည်နေပြီး အဆင့်နေ ၄ နေရာက မန်စီးတီးနှင့် ရမှတ် ၁မှတ်သာ ကွာနေပါတယ်။ လက်ရှိရာသီ အင်္ဂလိပ်ကလပ်များရဲ့ ဥရောပတွင် ကောင်းမွန်တဲ့ စွမ်းဆောင်ရည်များကြောင့် ပရီးမီးယားလိဂ်အား ချန်ပီယံလိဂ်ဝင်ခွင့် အပိုတစ်နေရာ ရရှိရန် မျှော်လင့်ထားပါတယ်။
သို့သော် ချဲလ်ဆီးဟာ ထိပ်ဆုံး ၅ နေရာအတွင်း မဝင်ရောက်နိုင်ဘဲ နောက်ကျကျန်ရစ်နိုင်တာက စိုးရိမ်စရာပါ။အဘယ်ကြောင့်ဆိုသော် မာရက်စ်ကာရဲ့အသင်းဟာ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ၉ ပွဲတွင် ၂ ပွဲသာ အနိုင်ရရှိခဲ့တာကြောင့် ဖြစ်ပါတယ်။ မကြာသေးမီက သတင်းများအရ ပယ်လ်မာရဲ့ စာချုပ်တွင် ချန်ပီယံလိဂ်အား မဝင်ရောက်နိုင်ပါက ချဲလ်ဆီးအား ကမ်းလှမ်းချက်များကို စဉ်းစားရန် ဖိအားပေးနိုင်တဲ့ သဘောတူညီချက်တစ်ခု ပါရှိတယ်လို့ သိရပါတယ်။
သို့သော် MailOnline ရဲ့ဖော်ပြချက်အရ ပါလ်မာရဲ့ စာချုပ်တွင် ထိုကဲ့သို့သော အကြောင်းအရာ မရှိဘူးလို့လည်း သိရပါတယ်။ သူဟာ ရာသီအစတွင် လက်မှတ်ရေးထိုးခဲ့ပြီး လာမယ့် ၉ နှစ်အတွက် စတန်းဖို့ဒ်ဘရစ်ချ်တွင် ရှိနေမှာဖြစ်ပါတယ်။ ထို့အပြင် ချဲလ်ဆီးဟာ နွေရာသီ အပြောင်းအရွှေ့ကာလတွင် ပယ်လ်မာအား ရောင်းချရန် မည်သည့်ရည်ရွယ်ချက်မှ မရှိဘူးလို့လည်း သတင်းတွင် ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ သောကြာနေ့က ဘရိုက်တန်အား ၃-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့တဲ့ ပွဲအပြီးတွင် ကာရေဂါက ပယ်လ်မာဟာ ဥရောပ ထိပ်တန်းပြိုင်ပွဲများတွင် မပါဝင်ဘဲ စတန်းဖို့ဘရစ်ချ်တွင် မည်မျှကြာကြာ နေရန် စိတ်ဆန္ဒရှိမလဲလို့ မေးခွန်းထုတ်ခဲ့ပါတယ်။ ကာရေဂါက "ချဲလ်ဆီးသာ ချန်ပီယံလိဂ်ကို မဝင်ရောက်နိုင်ရင် ဒါဟာ အန္တရာယ်တစ်ခုဖြစ်လာပါလိမ့်မယ်" "ဒီပွဲကနေ ကျွန်တော် သိရတာက သူတို့ရဲ့ စွမ်းဆောင်ရည်ညံ့ဖျင်းတာထက် ပါလ်မာရဲ့ စိတ်ပျက်မှုကို ပိုသတိထားမိပါတယ်"
"သူဟာ ၂ နှစ်လောက်ကြာရင် ချန်ပီယံလိဂ်ကို ဝင်ရောက်နိုင်မယ်ဆိုတဲ့ အတွေးနဲ့ စောင့်နေမှာ မဟုတ်ပါဘူး" "ဒီပရောဂျက်ဟာ ၂ နှစ်၊ ၃ နှစ်လောက် ကြာမယ်ဆိုတဲ့ အတွေးက ပြဿနာတစ်ခုပါ။ အကောင်းဆုံးကစားသမားတွေဟာ အဲဒါကို မစောင့်ပါဘူး" "ပယ်လ်မာဟာ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးကစားသမားတွေထဲက တစ်ယောက်ပါ။ သူ့ရဲ့ စိတ်ပျက်မှုတွေ တဖြည်းဖြည်း မြင့်တက်လာနေတာကို သတိထားမိပါတယ်။ သူဟာ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်ရဲ့ အကြီးဆုံးဆုတွေအတွက် ယှဉ်ပြိုင်နိုင်တဲ့ အဆင့်ရှိပါတယ်" "သူဟာ ယူရိုပြိုင်ပွဲဖိုင်နယ်မှာ ဂိုးသွင်းခဲ့တယ်။ ဒါဟာ ချဲလ်ဆီး အနေနဲ့ သတိထားရမယ့် အချက်တစ်ခုပါ"
"ဒီပရောဂျက်ဟာ ၅ နှစ်၊ ၁၀ နှစ်လောက် ကြာမယ်ဆိုတဲ့ အတွေးက မဖြစ်နိုင်ပါဘူး။ နော်တင်ဟမ်ဖောရက်စ်က တတိယနေရာမှာရှိနေပြီး ချဲလ်ဆီး က ပေါင် ၁ ဘီလီယံကျော် သုံးစွဲခဲ့တာပါ" လို့ ပြောကြားခဲ့ပါတယ်။