The network connection is lost.

Banner Image

ချဲလ်ဆီးစတား ၂ ဦး ဇန်နဝါရီမှာ ထွက်ခွာနိုင်တယ်လို့ မာရက်စ်ကာ ယုံကြည်နေ

ချဲလ်ဆီးနည်းပြ မာရက်စ်ကာက ဘန်ချီဝဲလ် နဲ့ ချူကွာမီကာတို့ဟာ အခုဆောင်းဈေးကွက်မှာ အသင်းကနေထွက်ခွာနိုင်တယ်လို့ ယုံကြည်နေပါတယ်။ ဘန်ချီဝဲလ်ကတော့ စက်တင်ဘာတုန်းက ကာရာဘောင်ဖလားပွဲမှာ ၄၅ မိနစ်ပါဝင်ခွင့်ရရှိခဲ့ပြီး မာရက်စ်ကာလက်အောက်မှာ အဆိုပါတစ်ပွဲသာ ပါဝင်ခွင့်ရခဲ့ပါတယ်။

အသက် ၂၇ နှစ်သားဟာ ရာသီအစတုန်းက တစ်ဦးတည်းလေ့ကျင့်ခန်းဆင်းခဲ့ရတာဖြစ်ပြီး ချဲလ်ဆီးကနေထွက်ခွာဖို့ပြင်ဆင်ခဲ့တာဖြစ်ပါတယ်။ လာမယ့်ဆောင်းဈေးကွက်မှာတော့ အင်္ဂလန်သားကို ယူနိုက်တက် ၊ ဖီနာဘာချီ ၊ နာပိုလီ နဲ့ ဝက်စ်ဟမ်းတို့က ချိတ်ဆက်နေပါတယ်။ အသက် ၂၁ နှစ်သား ချူကွာမီကာကတော့ ဘန်ချီဝဲလ်ထက် ကစားချိန်ပိုရခဲ့ပေမယ့် ပရီးမီးယားလိဂ်မှာတော့ မာရက်စ်ကာလက်အောက်မှာ ပွဲထွက်ခွင့်မရသေးတာဖြစ်ပါတယ်။

“ပြိုင်ပွဲစုံမှာ ကျွန်တော်တို့နဲ့အတူ ပါဝင်ခွင့်မရတဲ့ကစားသမားတွေရှိနေပါတယ်။ ဘန်ချီဝဲလ် နဲ့ ကာနေးလ်တို့လိုပေါ့။ သူတို့က အသင်းကနေထွက်ခွာနိုင်ချေများနေပါတယ်။ ဘာလို့လဲဆိုတော့ သူတို့ နေ့တိုင်းလေ့ကျင့်ခန်းဆင်းပြီး ပွဲကစားချင်ကြောင့်ပါ။ သူတို့မကစားရဘူးဆိုရင် ထွက်ခွာနိုင်ချေရှိနေပါတယ်။ ကစားသမားတစ်ဦးချင်းစီမှာ မတူညီတဲ့အခြေအနေရှိနေပါတယ်။ 

တစ်စုံတစ်ယောက် တံခါးလာခေါက်မယ်ဆိုရင် သူတို့ထွက်ခွာချင်တယ် ဒါမှမဟုတ် အဲ့တာနဲ့ဆင်တူတာမျိုးပြောလာမှာပါ။ အဲ့တာက အခြေအနေတွေပေါ်မှာ မူတည်ပါတယ်။ ကျွန်တော်တု့ိ အဖြေတစ်ခုရှာရပါမယ်။ လူငယ်ကစားသမားတွေဖြစ်တဲ့ မာ့ခ် ၊ ဂျို့ရှ် ၊ ဂျော့ဂျ်တို့ကတော့ ကျွန်တော်တို့နဲ့ဆက်နေနိုင်ပါတယ်။ သူတို့ ကျွန်တော်တို့ ကစားတာကိုနားလည်ရင်း ကြီးပြင်းလာမယ်ဆိုရင် အဆင်ပြေလာနိုင်ပါတယ်။ 

ဒီမှာ ကျွန်တော်တို့နဲ့ဆက်နေတာ ပိုကောင်းပါတယ်။ အဲ့တာက ကစားသမားတွေရဲ့စိတ်ဆန္ဒအပေါ်မှာ မူတည်ပါတယ်။ အဲ့လိုမှမဟုတ်ရင် သူတို့လည်း ထွက်ခွာနိုင်ချေရှိနေပါတယ်”လို့ မာရက်စ်ကာက ပြောကြားခဲ့ပါတယ်။ ချဲလ်ဆီးအသင်းဟာ ပြိုင်ပွဲစုံ ၉ ပွဲဆက်အနိုင်ရဖို့ ပစ်မှတ်ထားနေပြီး ဒီနေ့ညမှာ အဲဗာတန်အသင်းနဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။

အဲဗာတန်နဲ့ပွဲကို ဖီးလစ်ပါဝင်နိုင်ဖို့များနေပေမယ့် လာဗီယာကတော့ လွဲချော်ဖို့များနေပါတယ်။