The network connection is lost.

Banner Image

အာဆင်နယ်အသင်းမှ ချဉ်းကပ်လာပြီးနောက် မာဒူကီရဲ့ အပြောင်းအရွှေ့အပေါ် ပြောကြားလိုက်တဲ့ ချဲလ်ဆီး

၂၀၂၃ ခုနှစ် ဇန်နဝါရီလတွင် ပီအက်စ်ဗွီ မှ ပေါင် ၂၈.၅ သန်းဖြင့် ချဲလ်ဆီးသို့ရောက်လာခဲ့တဲ့ မာဒူကီဟာ ပွဲပေါင်း ၉၀ တွင် ဂိုး ၂၀ သွင်းယူကာ ၉ ကြိမ် ဂိုးဖန်တီးပေး ထားပါတယ်။ တစ်ချိန်တည်းတွင် အာဆင်နယ်ဟာ တိုက်စစ်မှူးအသစ်အပြင် တောင်ပံကစားသမားအသစ်ကိုပါ ရှာဖွေနေပြီး မာဒူကီက ကလပ်ရဲ့ ရွေးချယ်စရာ စာရင်းတွင် ပါဝင်နေပါတယ်။

Sky Germany ရဲ့ ဖော်ပြချက်အရ အာဆင်နယ်ဟာ ယခုနွေရာသီတွင် အာတီတာရဲ့အသင်းသို့ ပြောင်းရွှေ့နိုင်ခြေရှိတဲ့ မာဒူကီရဲ့ ကိုယ်စားလှယ်များနှင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါတယ်။ The Athletic ရဲ့ ဖော်ပြချက်အရ ချဲလ်ဆီးဟာ မာဒူကီကို လက်လွှတ်မခံနိုင်တဲ့ ကစားသမားများထဲမှ တစ်ဦးအဖြစ် မသတ်မှတ်ထားတာကြောင့် ပရီးမီးယားလိဂ်ပြိုင်ဘက်များထံမှ ကမ်းလှမ်းမှုကို စဉ်းစားလိမ့်မှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့လက ချဲလ်ဆီးဟာ အသက် ၂၃ နှစ်အရွယ် ကစားသမားအတွက် ပေါင် သန်း ၅၀ ပြောင်းရွှေ့ကြေး တောင်းဆိုမယ်လို့ သတင်းများ ထွက်ပေါ်ခဲ့ပါတယ်။ မာဒူကီဟာ ချဲလ်ဆီးရဲ့ တိုက်စစ်ညာခြမ်းတွင် အဓိကကစားလေ့ရှိပြီး ဘူကာယို ဆာကာအတွက် ပြိုင်ဆိုင်မှုပေးရန် အာဆင်နယ်သို့ ခေါ်ယူခံရဖွယ်ရှိနေပါတယ်။

ကလပ်ကမ္ဘာ့ဖလားတွင် ဖလာမင်ဂိုအား ချဲလ်ဆီးတို့ ရှုံးနိမ့်ခဲ့တဲ့ပွဲမတိုင်မီ မာဒူကီရဲ့ အနာဂတ်နှင့်ပတ်သက်၍ မေးမြန်းခံရသောအခါ အန်ဇို မာရက်စ်ကာက ကလပ်အနေဖြင့် တောင်ပံကစားသမားကို ရောင်းချရန် အစီအစဉ်မရှိကြောင်း ပြောကြားခဲ့ပါတယ်။ "နိုနီက ကျွန်တော်တို့ ကစားသမားပါ။ အခုအချိန်မှာ ကောလဟာလတွေ အများကြီး ကြားနေရပေမယ့် လာမယ့်ရာသီအတွက် ကျွန်တော်တို့ ကစားသမားအဖြစ် သတ်မှတ်ထားပါတယ်" လို့ မာရက်စ်ကာက ပြောကြားခဲ့ပါတယ်။

ချဲလ်ဆီးဟာ ယခုနွေရာသီတွင် လီယမ် ဒဲလက်ပ်ကို ပေါင် သန်း ၃၀ ဖြင့် ခေါ်ယူကာ တိုက်စစ်ပိုင်း ရွေးချယ်စရာများကို အားဖြည့်ပြီးဖြစ်ပါတယ်။ သို့သော် ချဲလ်ဆီးဟာ ဘရိုက်တန်မှ တိုက်စစ်မှူး ဂျာအို ပက်ဒရိုကို ပေါင် ၆၀ သန်းဖြင့် ခေါ်ယူရန်လည်း ပြင်ဆင်ထားပြီး ဒေါ့မွန်မှ ဂျေမီ ဂစ်တန်းအတွက်လည်း သဘောတူညီမှု ရရှိရန် မျှော်လင့်ရပါတယ်။