
ရီနာတိုကို ဂျူဗင်တပ်စ်အသင်းထံ အငှားချလိုက်တဲ့ ချဲလ်ဆီး
သတင်းတွေအရ ချဲလ်ဆီးအသင်းဟာ ရီနာတိုဗီဂါကို ဂျူဗင်တပ်စ်အသင်းထံ အငှားချလိုက်တယ်လို့ သိရပြီး အပြီးသတ်ဝယ်ယူခွင့်တော့ မပါဝင်ဘူးလို့ သိရပါတယ်။ ဗီဂါဟာ လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားလူစာရင်းမှာ ပါဝင်ချင်တာကြောင့် ပုံမှန်ပွဲထွက်ခွင့်လိုချင်နေပြီး စီးရီးအေမှာ နေရာရဖို့ မျှော်လင့်နေပါတယ်။
ချဲလ်ဆီးဘက်က သူတို့စတားအတွက် ပေါင် ၄ သန်းဝန်းကျင်လောက် ရရှိခဲ့တယ်လို့ သိရပါတယ်။ လက်ရှိမှာ ချဲလ်ဆီးအသင်းအနေနဲ့ လီဗယာ နဲ့ ဖာနန်ဒက်ဇ်တို့ဒဏ်ရာရရှိခဲ့တဲ့အနေအထားမှာ ကွင်းလယ်ပိုင်းကို အားဖြည့်ဖို့ ပြင်ဆင်နေပါတယ်။ မာရက်စ်ကာကလည်း ဒဏ်ရာပြဿနာတွေကြောင့် လိုအပ်တဲ့နေရာတွေကို အားဖြည့်ဖို့ အလိုရှိနေပါတယ်။ လက်ရှိမှာ အူဂိုချူကွာကို ဆောက်သမ်တန် နဲ့ အန်ဒရီဆန်းတို့စ်ကို စထရာဘော့ဂျ်ထံ အငှားချထားခဲ့ပါတယ်။ အသက် ၂၁ နှစ်သား ဗီဂါဟာ နွေရာသီတုန်းက ဘေဆယ်အသင်းထံကနေ ပေါင် ၁၂ သန်းနဲ့ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး စီနီယာအသင်းမှာ နေရာရဖို့ ရုန်းကန်နေရတာဖြစ်ပါတယ်။
ဒါ့အပြင် ပရီးမီးယားလိဂ်မှာ ၁ ပွဲသာ ပါဝင်ခွင့်ရရှိထားခဲ့ပြီး ဖူလ်ဟမ်ကို အရေးနိမ့်ခဲ့တဲ့ပွဲမှာ နည်းစနစ်ပိုင်းအရ ပါဝင်ခွင့်ရခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဗီဂါဟာ အခြားပြိုင်ပွဲတွေမှာတော့ ပါဝင်ခွင့်ရရှိထားခဲ့တာဖြစ်ပြီး ဝုဗ်နဲ့ပွဲမှာတော့ လူစာရင်းမှာ မပါဝင်ခဲ့တာဖြစ်ပါတယ်။ ကာဆာဒီလည်း အခုအပတ်ထဲမှာ အီတလီမြေကို ထပ်မံအငှားထွက်ခွာဖွယ်ရှိနေပါတယ်။ ချဲလ်ဆီးဟာ အခုအပတ်စနေနေ့မှာ မန်စီးတီးနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။