The network connection is lost.

Banner Image

အာဆင်နယ်ပစ်မှတ်ကို ကြားဖြတ်လုယူဖို့ ပြင်ဆင်လာတဲ့ ချဲလ်ဆီး

သတင်းတွေအရ ချဲလ်ဆီးအသင်းဟာ အာဆင်နယ်အသင်းပစ်မှတ်ထားနေတဲ့ စပို့တင်းတိုက်စစ်မှူး ယိုကရက်စ်ကို ကြားဖြတ်လုယူဖို့ ပြင်ဆင်လာတယ်လို့ သိရပါတယ်။ ယိုကရက်စ်ကို ဇန်နဝါရီအပြောင်းအရွှေ့ကတည်းက ပရီးမီးယားလိဂ်ထိပ်တန်းအသင်းတွေက စိတ်ဝင်စားနေကြတာဖြစ်ပါတယ်။ အာဆင်နယ်ဟာ စပို့တင်းစတားကို အခုနွေရာသီမှာခေါ်ယူနိုင်ဖို့ ထိပ်ဆုံးက ဦးဆောင်နေပေမယ့် ချဲလ်ဆီးကလည်း အခုချိန်မှာ ကြားဝင်လာခဲ့တာဖြစ်ပါတယ်။

ပေါ်တူဂီသတင်းဌာန Record ရဲ့အဆိုအရ ချဲလ်ဆီးအသင်းဟာ ဆွီဒင်သားကို ကြားဖြတ်လုယူဖို့ ပြင်ဆင်လာတယ်လို့ ဖော်ပြခဲ့ပါတယ်။ ချဲလ်ဆီးအသင်းဟာ ဘက်တစ်အသင်းနဲ့ကွန်းဖရန့်လိဂ်ဖိုင်နယ်ကန်ရမှာဖြစ်တာကြောင့် ဘာလှုပ်ရှားမှုမှမလုပ်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဘက်တစ်ကိုအနိုင်ရပြီး ဆုဖလားရရှိခဲ့ပြီးနောက် တိုက်စစ်ပိုင်းအတွက် ကလပ်ကမ္ဘာ့ဖလားမတိုင်ခင် အလျင်အမြန်လှုပ်ရှားလာခဲ့တာဖြစ်ပါတယ်။

ချဲလ်ဆီးနည်းပြ မာရက်စ်ကာကိုယ်တိုင်က ဂျက်ဆက်ကိုလည်း ဖိအားပေးနိုင်ဖို့ အခုနွေရာသီမှာ ထိပ်တန်းတိုက်စစ်မှူးတစ်ဦးခေါ်ယူမယ်လို့ အတည်ပြုထားခဲ့တာဖြစ်ပါတယ်။ ချဲလ်ဆီးဟာ ဆွီဒင်သားကို အစောပိုင်းစိတ်ဝင်စားယုံသာရှိနေသေးပြီး အာဆင်နယ်က ဦးဆောင်နေဆဲဖြစ်ပါတယ်။ ချဲလ်ဆီးရဲ့ပစ်မှတ်တွေထဲမှာ ယိုကရက်စ်အပြင် ဆက်စ်ကို ၊ ဒီလပ် ၊ အိုဆီမင် နဲ့ အက်တီတီတို့ ပါဝင်နေပါတယ်။