The network connection is lost.

Banner Image

မက်ဆန်ကို ဗီလာထံရောင်းချခဲ့ပြီးနောက် တတိယမြောက်ခေါ်ယူမှုကို အတည်ပြုလိုက်တဲ့ ချဲလ်ဆီး

ချဲလ်ဆီးအသင်းကတော့ နွေရာသီတတိယမြောက်ခေါ်ယူမှုအဖြစ် ဗီလာကွင်းလယ်လူ ကယ်လီမန်းကို ပေါင် ၁၉ သန်းနဲ့ ခေါ်ယူနိုင်ခဲ့ကြောင်း အတည်ပြုလိုက်ပါတယ်။ ကယ်လီမန်းဟာ ဗီလာအသင်းနဲ့ချဲလ်ဆီးတို့ကြား မက်ဆန်အပြောင်းအရွှေ့ကိုသဘောတူညီမှုအပြီး ၂၄ နာရီအတွင်းမှာ အပြောင်းအရွှေ့ဖြစ်လာခဲ့တာဖြစ်ပါတယ်။

ဗီလာတက်သစ်စလူငယ်ကစားသမားဟောင်းဟာ ချဲလ်ဆီးအသင်းနဲ့ ၆ နှစ် + အပိုတစ်နှစ်သက်တမ်းတိုးခွင့်ပါရှိတဲ့စာချုပ်တစ်ရပ်ချုပ်ဆိုခဲ့တယ်လို့ သိရပါတယ်။ အသက် ၁၈ နှစ်သားဟာ ပြီးခဲ့တဲ့ရာသီတုန်းက ပရီးမီးယားလိဂ် ၂ ပွဲပါဝင်ခွင့်ရရှိထားပြီး အင်္ဂလန်လူငယ်အသင်းမှာ ကိုယ်စားပြုနေတာဖြစ်ပါတယ်။

“ချဲလ်ဆီးကစားသမားအဖြစ် ဒီနေရာမှာရပ်နေခွင့်ရတာက တကယ့်အံ့ဖွယ်ပါပဲ။ ဒီလိုကြီးမားတဲ့သမိုင်းကြောင်းတဲ့အသင်းမျိုးကိုပြောင်းလာခွင့်ရတာ ဝမ်းသာမိပါတယ်။ အိပ်မက်တွေအမှန်တကယ်ဖြစ်လာခဲ့ပါပြီ။ ကျွန်တော် ဒီအကျီကိုဝတ်ဆင်ပြီး ကစားခွင့်ရဖို့မစောင့်နိုင်အောင်ဖြစ်နေပါပြီ”လို့ ကယ်လီမန်းက ပြောကြားခဲ့ပါတယ်။

ကယ်လီမန်းဟာ အဒါဘိုင်ယို နဲ့ ဝီလီယံတို့ပြီးနောက် ချဲလ်ဆီးအသင်းရဲ့တတိယမြောက်ခေါ်ယူမှုဖြစ်လာခဲ့ပါတယ်။ မက်ဆန်ကတော့ သောကြာနေ့တုန်းက ဗီလာအသင်းထံပြောင်းရွှေ့ခဲ့ကာ ချဲလ်ဆီးဘက်က ပေါင် ၃၅ သန်းရရှိခဲ့ပါတယ်။

နယ်သာလန်သားဟာ ချဲလ်ဆီးအတွက် ၁၆ ပွဲသာ ပါဝင်ခွင့်ရရှိခဲ့ပေမယ့် ပြီးခဲ့တဲ့ရာသီ ဒေါ့မွန်အသင်းမှာ အငှားထွက်ကစားချိန် စွမ်းဆောင်ရည်ကောင်းတွေပြသနိုင်ခဲ့ပါတယ်။ မက်ဆန်ဟာ ဗီလာအသင်းရဲ့ဒုတိယမြောက်ခေါ်ယူမှုဖြစ်ပြီး ကနဦးတုန်းက အဲဗာတန်တိုက်စစ်မှူး လီဝစ်ကို ခေါ်ယူထားခဲ့ပါတယ်။

ချဲလ်ဆီးဟာ ပြီးခဲ့တဲ့ရာသီတုန်းက ပိုချက်တီနိုလက်အောက်မှာ အဆင့် ၆ နေရာနဲ့ရာသီသိမ်းခဲ့ပြီး အခုချိန်မှာတော့ နည်းပြသစ် မာရက်စ်ကာ တာဝန်ယူနေပါတယ်။ ဗီလာကတော့ အမ်မရီလက်အောက်မှာ အသင်းသမိုင်းတစ်လျှောက် ပထဆုံးအကြိမ်ချန်ပီယံလိဂ်ဝင်ခွင့်ရရှိခဲ့ပါတယ်။