The network connection is lost.

Banner Image

အန်ကွန်ကူရဲ့ဒဏ်ရာအခြေအနေအသစ်ကို စိုးရိမ်နေတဲ့ ချဲလ်ဆီး

သတင်းတွေအရ ချဲလ်ဆီးအသင်းဟာ တိုက်စစ်မှူး အန်ကွန်ကူရဲ့ဒဏ်ရာ အခြေအနေအသစ်ကို စိုးရိမ်နေတယ်လို့ သိရပါတယ်။ ပြင်သစ်သားဟာ နွေရာသီတုန်းက ချဲလ်ဆီးအသင်းထံရောက်လာခဲ့တာဖြစ်ပေမယ့် ဒီရာသီအသင်းအတွက် ပြိုင်ပွဲစုံ ၁၀ ပွဲသာ ပါဝင်ခွင့်ရရှိထားပါတယ်။
 
အန်ကွန်ကူဟာ အသင်းနဲ့အတူ ရာသီကြိုခြေစမ်းပွဲမှာ ဒူးဒဏ်ရာ ရရှိခဲ့တာဖြစ်ပြီး တင်ပါးဒဏ်ရာမရခင် ဒီဇင်ဘာတုန်းကမှ ပြန်လာနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် အန်ကွန်ကူတစ်ယောက် လီဗာပူးအသင်းကို အရေးနိမ့်ခဲ့တဲ့ ကာရာဘောင်ဖလားဖိုင်နယ်ပွဲမှာ ပါဝင်ကစားခဲ့ပေမယ့် လိဒ်ယူနိုက်တက်နဲ့ အက်ဖ်အေဖလားပွဲကို လွဲချော်ဖို့ များနေပါတယ်။
 
အဆိုပါပွဲမတိုင်ခင် ဒဏ်ရာအခြေအနေထုတ်ပြန်ရာမှာ အသက် ၂၆ နှစ်သားဟာ မဖော်ပြတဲ့ဒဏ်ရာအခြေအနေကြောင့် စစ်ဆေးမှုတွေလုပ်ဆောင်နေတယ်လို့ သိရပါတယ်။
 
ပွဲကြိုသတင်းစာရှင်းပွဲမှာ ပိုချက်တီနိုက “ကျွန်တော်တို့ အန်ကူကူတစ်ယောက် မနေ့ညတုန်းက ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် ဘယ်လိုဒဏ်ရာအခြေအနေလဲဆိုတော့ မသိရသေးပါဘူး”လို့ ပြောကြားခဲ့ပါတယ်။
 
ချဲလ်ဆီးအသင်းမှာ ဒဏ်ရာရကစားသမား ၈ ဦးအထိရှိနေပြီး ဒီရာသီမှာ ဒဏ်ရာပြဿနာတွေနဲ့နပန်းလုံးနေရတာဖြစ်ပါတယ်။
ပရိသတ်တွေကတော့ သီယာဂိုဆေးလ်ဗားနဲ့ ကူကူရယ်လာတို့ ပြန်လာနိုင်ဖို့ မျှော်လင့်နေပါတယ်။ ဒါပေမယ့်လည်း ရိစ်ဂျိမ်းစ် ၊ လီဗီယာ ၊ ဘာဒိုင်းရှိလီတို့ကတော့ ဆက်လက်နားနေရဖွယ်ရှိနေပါတယ်။
 
အန်ကွန်ကူဟာ နယူးကာဆယ်ကိုအနိုင်ရခဲ့တဲ့ ကာရာဘောင်ဖလား ကွာတားဖိုင်နယ်ပွဲတုန်းက အရန်လူစာရင်းမှာ ပါဝင်ခဲ့ပြီး ပင်နယ်တီအဆုံးအဖြတ်မှာ ဂိုးသွင်းနိုင်ခဲ့ပါတယ်။ ပြင်သစ်သားဟာ ဝုဗ်အသင်းကို ၂-၁ နဲ့အရေးနိမ့်ခဲ့တဲ့ပွဲတုန်းက ပွဲဦးထွက်ပါဝင်ခွင့်ရရှိခဲ့တာဖြစ်ပြီး နောက်ကျဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။
 
ဒါ့အပြင် ပီအက်စ်ဂျီစတားဟောင်းဟာ လီဗာပူးကို ၄-၁ နဲ့ အရေးနိမ့်ခဲ့တဲ့ ပွဲတုန်းကလည်း အသင်းအတွက် အရန်ခုံကနေ လူစားဝင်လာပြီး ဒုတိယမြောက်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။ အန်ကွန်ကူဟာ ဒီရာသီ ၂ ပွဲသာ ပွဲဦးထွက်ပါဝင်ခွင့်ရရှိခဲ့ပြီး ခရစ္စတယ်ပဲလေ့စ်နဲ့ ဝုဗ်အသင်းပွဲတွေမှာ ပါဝင်ခွင့်ရခဲ့တာဖြစ်ပါတယ်။
 
ချဲလ်ဆီးအနေနဲ့ ဝင်ဘာလေမှာ အရေးနိမ့်မှုကို လိဒ်ယူနိုက်တက်နဲ့ပွဲမှာ ပြန်လာနိုင်ဖို့ မျှော်လင့်နေပါတယ်။ အက်ဖ်အေဖလား အနိုင်ရခဲ့မယ်ဆိုရင် ချဲလ်ဆီးအသင်းအနေနဲ့ လာမယ့်ရာသီမှာ ယူရိုပါလိဂ်ဝင်ခွင့်ရရှိမှာဖြစ်ပါတယ်။