The network connection is lost.

Banner Image

ကမ္ဘာ့လစာအများဆုံး လက်ရွေးစင်နည်းပြဖြစ်လာမယ့် အန်ဆယ်လော့တီ

ယခုနှစ် ရာသီကုန်မှာ ရီးရဲလ်မက်ဒရစ်နဲ့ လမ်းခွဲပြီး ဘရာဇီးအသင်းကို စတင်ကိုင်တွယ်သွားမယ့် နည်းပြ ကာလိုအန်ဆယ်လော့တီဟာ ဘရာဇီးနဲ့ချုပ်ဆိုသွားမယ့် စာချုပ်အရ ကမ္ဘာ့လစာအများဆုံး လက်ရွေးစင်နည်းပြဖြစ်လာမယ်လို့ သိရပါတယ်။ 

မေလအကုန်မှာပဲ ဆန်တီယာဂိုဘာနေဗျူးကို စွန့်ခွာသွားမယ့် အီတလီသားနည်းပြဟာ လာမယ့် ၂၀၂၆ ခုနှစ်မှာ ကျင်းပသွားမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ဘရာဇီးအသင်းကို စတင်းဦးဆောင်သွားတော့မှာဖြစ်ပါတယ်။ The Telegraph သတင်းဌာနရဲ့အဆိုအရ အသက်-၆၅ နှစ်အရွယ်နည်းပြဟာ ဘရာဇီးအသင်းနဲ့ချုပ်ဆိုသွားမယ့် စာချုပ်အရ တစ်နှစ်ကို ပေါင် ၈ သန်းမှ ၁၁ သန်းအထိ ရရှိသွားမှာဖြစ်တယ်လို့သိရပါတယ်။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ဘာစီလိုနာကို ၄-၃ နဲ့ရှုံးနိမ့်ခဲ့ပြီးနောက် ဖလားလက်မဲ့နဲ့ ရာသီသိမ်းရဖို့ သေချာနေတဲ့ အန်ဆယ်လော့တီတစ်ယောက် ယခုအခါမှာတော့ ဘရာဇီးနဲ့သာ ချိတ်ဆက်သို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ 

တစ်ချိန်တည်းမှာပဲ ဘရာဇီးကလည်း တောင်အမေရိကဇုန် ကမ္ဘာ့ဖလားခြေစစ်ပွဲအုပ်စုမှာ ရုန်းကန်နေရပြီး အုပ်စုရဲ့ အဆင့် ၄ နေရာမှာရပ်တည်နေကာ ထိပ်ဆုံးက အာဂျင်တီးနားနဲ့ ရမှတ် ၁၀ မှတ်အထိ ကွာဟနေပါတယ်။ ရီးရဲလ်မက်ဒရစ်အနေနဲ့ အသင်းကိုကာလရှည်နည်းပြပြီး အောင်မြင်မှုအလီလီဆွတ်ခူးပေးနိုင်ခဲ့တဲ့ အန်ဆယ်လော့တီအတွက် ဂုဏ်ပြုနှုတ်ဆက်ပွဲပြုလုပ်သွားဖွယ်ရှိပါတယ်။ လစ်လပ်သွားတဲ့ အန်ဆယ်လော့တီရဲ့နေရာကိုတော့ ရီးရဲလ်မက်ဒရစ်ဟာ ရာသီကုန်မှာ လေဗာကူဆင်နဲ့လမ်းခွဲမယ့် ဇာဘီအလွန်ဆိုကို နည်းပြသစ်အဖြစ် ခန့်အပ်သွားဖွယ်ရှိပါတယ်။