The network connection is lost.

Banner Image

ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ဝက်စ်ဟမ်းကို အာဆင်နယ် အနိုင်ယူနိုင်မလား (အယ်ဒီတာအာဘော်)

ဒီည ပရီးမီးယားလိဂ် ၄ပွဲထဲက စိတ်ဝင်စားစရာအကောင်းဆုံးကတော့ အာဆင်နယ်နဲ့ ဝက်စ်ဟမ်းတို့ရဲ့ ချန်ပီယံလိဂ်အားပြိုင်ပွဲ ဖြစ်ပါတယ်။ ဝက်စ်ဟမ်းက အဆင့် ၄ နေရာမှာ ရပ်တည်နေတာမှန်ပေမယ့် အခုနောက်ပိုင်း နည်းနည်းကျလာသလို အာဆင်နယ်ကလည်း အိမ်ကွင်းဆို သိပ်ပြီး လှည့်ကြည့်စရာမလိုတဲ့အသင်းပါ။ အာဆင်နယ်က ဒီပွဲမှာအနိုင်ရတာနဲ့ ယူနိုက်တက်နဲ့ ဝက်စ်ဟမ်းတို့ကို ကျော်ဖြတ်ကာ အဆင့် ၄ နေရာ တက်လှမ်းနိုင်မှာဖြစ်ပြီး အိမ်ကွင်းမှာ အာဆင်နယ်ထက် အမှတ်ပိုထားတဲ့အသင်းဆိုလို့ လက်ရှိချန်ပီယံ စီးတီးတစ်သင်းပဲ ရှိပါတယ်။ ဒါတောင် စီးတီးက မနေ့က တစ်ပွဲပိုကစားထားတာဖြစ်ပြီး ပွဲအရေအတွက်အတူတူဆိုရင် အမှတ်က အတူတူပဲ ဖြစ်သွားမှာပါ။ ဒီတော့ အာဆင်နယ်အနေနဲ့ အိမ်ကွင်းပရိသတ်ရှေ့မှာ အရေးပါတဲ့နိုင်ပွဲ ရယူနိုင်မလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

 

ပရီးမီးယားလိဂ်ပွဲစဉ် (၁၇)

============

ဘရိုက်တန် - ဝုဗ် (နံနက် ၂း၀၀)

 

ဘန်လေ - ဝက်ဖို့ဒ် (နံနက် ၂း၀၀)

 

ပဲလေ့စ် - ဆောက်သမ်တန် (နံနက် ၂း၀၀)

 

အာဆင်နယ် - ဝက်စ်ဟမ်း (နံနက် ၂း၃၀)