The network connection is lost.

Banner Image

နည်းပြသစ်ကို ဆွဲဆောင်နိုင်လိမ့်မယ်လို့ ယုံကြည်နေတဲ့ ဘရာဇီး

ဘရာဇီးဘောလုံးအဖွဲ့ချုပ်ကတော့ လာမယ့်နွေမှာ ရီးရဲလ်နည်းပြ အန်ဆယ်လော့တီကို ခန့်အပ်နိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။ အန်ဆယ်လော့တီ နဲ့ ရီးရဲလ်တို့ကြား အခုနွေရာသီမှာ လမ်းခွဲနိုင်တယ်လို့ သတင်းတွေထွက်နေပါတယ်။ ရီးရဲလ်အသင်းဟာ အခုရာသီ အီတလီသားလက်အောက်မှာ ရုန်းကန်နေရပြီး ဆုဖလားလက်မဲ့ဖြစ်ဖို့ အလားအလာများနေပါတယ်။

သတင်းတွေအရ ဘရာဇီးအသင်းဟာ လာမယ့်ကမ္ဘာ့ဖလားမတိုင်ခင် အသက် ၆၅ နှစ်သားကို ခန့်အပ်နိုင်ဖို့ မျှော်လင့်နေပါတယ်။ ရိုမာနိုကလည်း ဘရာဇီးအသင်းအနေနဲ့ လာမယ့်နွေမှာ အန်ဆယ်လော့တီကို ခေါ်ယူနိုင်မယ်လို့ ယုံကြည်နေကြောင်း ပြောကြားခဲ့ပါတယ်။ စပိန်သတင်းဌာန Relevo ကတော့ ဘရာဇီးတာဝန်ရှိသူတွေဟာ စပိန်မြေကိုသွားရောက်ပြီး အီတလီသားနဲ့တွေ့ဆုံခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။

အခုအပတ်အစောပိုင်းသတင်းတွေအရ ကိုပါဒယ်ရေးဖလားသာမရခဲ့ရင် အန်ဆယ်လော့တီဟာ ရီးရဲလ်အသင်းနဲ့ရာသီမကုန်ခင် လမ်းခွဲနိုင်တယ်လို့ ဖော်ပြနေကြပါတယ်။ စနေနေ့တုန်းက ရီးရဲလ်ဟာ ကိုပါဖိုင်နယ်မှာ ဘာစီလိုနာကို ၃-၂ နဲ့အရေးနိမ့်ခဲ့တာကြောင့် လမ်းခွဲဖို့က ဖြစ်နိုင်ချေပိုများလာခဲ့ပါတယ်။ အီတလီသားကတော့ ရီးရဲလ် နဲ့ သူ့ကြားမှာ စာချုပ်သက်တမ်းက ၂၀၂၆ အထိရှိနေတာကြောင့် ဆက်နေမှာဖြစ်တယ်လို့ အခိုင်အမာပြောကြားခဲ့ပါတယ်။ ရီးရဲလ်အသင်းဘက်ကလည်း အန်ဆယ်လော့တီသာ မထွက်ခွာချင်ရင် လမ်းခွဲနိုင်ချေမရှိဘူးလို့ သိရပါတယ်။