ဂါရတ်ဆောက်ဂိတ် နုတ်ထွက်ပြီးနောက် အင်္ဂလန်နည်းပြရာထူးအတွက် ဘွတ်ကီဒိုင်များရဲ့ ကြေးများထွက်ပေါ်လာ
တနင်္ဂနွေနေ့က ဘာလင်မှာ စပိန်အသင်းကို စိတ်ပျက်ဖွယ်ရာရှုံးနိမ့်ခဲ့ပြီးနောက် သူ့ရဲ့အနာဂတ်ကို ဆွေးနွေးဖို့ အချိန်မတန်သေးဘူးလို့ အင်္ဂလန်နည်းပြ ဆောက်ဂိတ်က အခိုင်အမာ ပြောဆိုခဲ့ပါတယ်။
သို့သော်လည်း ဂျာမနီမြို့တော်တွင် စိတ်ပျက်ဖွယ်ရဦ ၂-၁ ဂိုးဖြင့် ရှုံးနိမ့်ပြီးနောက် ၂ ရက်အကြာ လွန်ခဲ့တဲ့ ၈ နှစ်တုန်းက ဆမ်အလာဒိုက်စ်ထံကနေ ကနဦး ယာယီနည်းပြအဖြစ် လက်လွှဲယူခဲ့တဲ့ အင်္ဂလန်နည်းပြ ရာထူးကနေ နုတ်ထွက်ကြောင်း ကြေညာခဲ့ပါတယ်။ ဆောက်ဂိတ်ရဲ့ စာချုပ်ဟာ ယခုနှစ်ကုန်တွင် သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး ဖိုင်နယ်မတိုင်မီ စပိန်နှင့်ပွဲရလဒ်က မည်သို့ပင်ရှိစေကာမူ အသက် ၅၃ နှစ်အရွယ် နည်းပြကို ဆက်လက်ထားရှိရန် အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်က စိတ်အားထက်သန်နေကြောင်း သတင်းတွေ ထွက်ပေါ်လျက်ရှိပါတယ်။
သို့သော် လက်ရှိအချိန်မှာတော့ အက်ဖ်အေဟာ ဆောက်ဂိတ်ရဲ့ နေရာကို ဆက်ခံမယ့်သူကို နာမည်ကြီးနည်းပြတွေထဲက ရှာဖွေနေပြီလည်းဖြစ်ပါတယ်။ လက်ရှိတွင် ဂရေဟမ်ပေါ်တာဟာ ချဲလ်ဆီးမှ ထုတ်ပယ်ခံရပြီး တစ်နှစ်ကျော်ခန့်ကတည်းက အသင်းလက်မဲ့ဖြစ်နေပြီး ဆောက်ဂိတ်နေရာကိုအစားထိုးဖို့ ဘွတ်ကီဒိုင်တွေအကြား ရေးပန်းစားနေပါတယ်။
အဆိုပါအင်္ဂလန်သားဟာ ယခုနွေရာသီအစောပိုင်းတွင် အေဂျက်စ်ကို ကိုင်တွယ်ရန် နီးစပ်နေသလို မာရက်စ်ကာစတန်းဖို့ဒ်ဘရစ်ချ်သို့ ပြောင်းရွှေ့သွားပြီးနောက် လက်စတာစီးတီးရဲ့ စဉ်းစားခြင်းကိုလည်း ခံနေရသူဖြစ်ပါတယ်။ စတန်းဖို့ဒ်ဘရစ်ချ်မှာ သူ့ရဲ့ပုံစံတွေက စိတ်ပျက်စရာဖြစ်နေပေမယ့် ဆွမ်ဆီးနှင့် ဘရိုက်တန်တို့မှာတော့ သူ့ရဲ့ အထင်ကြီးလောက်စရာ စွမ်းဆောင်မှုတွေကနေ မြင့်မားနေခဲ့တာဖြစ်ပါတယ်။
အက်ဒီဟောင်းကလည်း တစ်နှစ်ခွဲအတွင်း တန်းဆင်းရမယ့် နယူးကာဆယ်ကို ချန်ပီယံလိဂ်ဝင်ခွင့်ရယူပေးခဲ့ကာ အရှေ့မြောက်ဒေသတွင် အံ့ဖွယ်လုပ်ဆောင်မှုများကို လုပ်ခဲ့ပါတယ်။ နယူးကာဆယ်ရဲ့နည်းပြချုပ်ဟာ အင်္ဂလန်လက်ရွေးစင်အသင်းနှင့် ချိတ်ဆက်နေတာက ကာလအတန်ကြာရှိနေပြီဖြစ်ပြီး ဘုန်းမောက်ကို လိဂ် ၂ မှ ပရီးမီးယားလိဂ်သို့ တန်တက်အောင်လုပ်ဆောင်ခဲ့တဲ့ ကာလတွေမှာကတည်းက အထင်ကြီးစေခဲ့တာဖြစ်ပါတယ်။
နယူးကာဆယ်က ရည်မှန်းချက်ကြီးတဲ့ ပရောဂျက်ရဲ့ အဓိကနေရာမှ ထွက်ခွာသွားဖို့ ဆုံးဖြတ်ချက်ချရန်ဆိုတာ အလွန်ခက်ခဲလိမ့်မှာဖြစ်သော်လည်း အင်္ဂလိပ်ပွဲစဉ်တွေက အကြီးမားဆုံးအလုပ်ရဲ့ ဆွဲဆောင်မှုကိုတော့ စိတ်မယိုင်ဖို့တာ မဖြစ်နိုင်ပါဘူး။
အဲဗာတန် ကွင်းလယ်လူဟောင်းဖြစ်တဲ့ အင်္ဂလန် ယူ-၂၁ နည်းပြ လီကာစလေဟာ ယမန်နှစ်ရဲ့ ဥရောပ ယူ-၂၁ ချန်ပီယံရှစ်ချန်ပီယံဖလားရရှိအောင် အသင်းကို စွမ်းဆောင်ပေးခဲ့ပြီး ဖိုင်နယ်တွင် စပိန်ကို အနိုင်ရရှိခဲ့တာလည်းဖြစ်ပါတယ်။
အသက် ၅၀ အရွယ်ရှိပြီဖြစ်တဲ့ လီကာစလေဟာ လက်ရှိ အင်္ဂလန်ကစားသမားတွေကို ကောင်းကောင်းသိရှိသူဖြစ်ပြီး အင်္ဂလန်လူငယ်အဆင့်မှာ သူတို့တွေကို နည်းပြခဲ့သူလည်းဖြစ်ပါတယ်။ ဆောက်ဂိတ်ကလည်း ၂၀၁၆ ခုနှစ်တွင် ယူ ၂၁ နည်းပြကနေ စီနီယာအသင်းရဲ့နည်းပြ ဖြစ်လာခဲ့တာကြောင့် အက်ဖ်အေရဲ့ ခန့်အပ်မှုအတွက် လိုက်လျောညီထွေဖြစ်စေမှာပါ။
တစ်ချိန်တည်းတွင်ပင် နိုင်ငံခြားသားနည်းပြခန့်အပ်မှုအတွက် အင်္ဂလန်တွင် အောင်မြင်မှုရရှိခဲ့တဲ့ တူချယ်နှင့် ပိုချက်တီနီုတို့ကိုလည်း လျော့တွက်ထားလို့မရတာဖြစ်ပါတယ်။ လီဗာပူးနည်းပြအဖြစ်မှ နုတ်ထွက်ပြီးနောက် အနားယူနေတဲ့ ကလော့ပ်ဟာ အက်ဖ်အေအတွက် အိပ်မက်ဆန်တဲ့ ခန့်အပ်မှုဖြစ်လာမှာ သေချာသော် ဂျာမန်သားဟာ ဖိစီးမှုများနှင့် တင်းမာမှုများကနေ အနားယူရန် လိုအပ်တယ်လို့ ပြောကြားထားတာပါ။
Betfair ရဲ့ပြောရေးဆိုခွင့်ရှိသူ ရော့စ်ဘော်တွန်က "အင်္ဂလန်နည်းပြအဖြစ်မှ ဆောက်ဂိတ်ထွက်ခွာသွားပြီးနောက်မှာတော့ ပေါ်တာဟာ ၆လေး ၄ လေးဖြင့် ရေးပန်းစားနေပါတယ်" "သူ့ရဲ့နောက်မှာတော့ နယူးကာဆယ်နည်းပြ အက်ဒီဟောင်းက ၅လေး ၁လေး၊ လီကာစလေးက ၁၁လေး လေး၊ တူချယ်က ၆လေး ၁လေးတို့ဖြင့် ရှိနေပါတယ်" "အခြားပြိုင်ဖက်များအဖြစ် ပိုချက်တီနိုက ၇လေး ၁လေး၊ ကလော့က ၁၄လေး ၁လေး ဖြင့်ရှိနေပြီး လမ်းပတ်နှင့် ဂွါဒီလိုလာတို့ကတော့ ၂၀လေး ၁လေးဖြင့်ရှိနေပါတယ်" လို့ ပြောကြားထားပါတယ်။