The network connection is lost.

Banner Image

ယူနိုက်တက်ကို ကျော်ဖြတ်ပြီး လိုက်ပ်ဇစ်ကိုဘာကြောင့် ပြောင်းခဲ့ရလဲဆိုတာကို ထုတ်ဖော်ပြောကြားလိုက်တဲ့ ဘန်ဂျမင်ဆက်စ်ကို

လိုက်ပ်ဇစ်စတား ဆက်စ်ကိုတစ်ယောက် နွေရာသီတုန်းက ယူနိုက်တက်ကို ကျော်ဖြတ်ပြီး လိုက်ပ်ဇစ်ကိုဘာကြောင့် ပြောင်းခဲ့ရလဲဆိုတာကို ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ အသက် ၂၀ အရွယ်ကစားသမားကို ယူနိုက်တက်အသင်းက ချိတ်ဆက်ခဲ့ပေမယ့် ကစားသမားက လိုက်ပ်ဇစ်ကိုသာ ရွေးချယ်ခဲ့တာဖြစ်ပါတယ်။
 
“အရာတစ်ခုရှိပါတယ်။ ကျွန်တော် ဒီလိုစကားပြောဆိုမှုတွေမှာ ဝင်မပါပါဘူး။ ဒါပေမယ့် ကျွန်တော် ဒီကိုပြောင်းလာရင် ပိုကောင်းမယ်လို့ ထင်ပါတယ်။ ဘောလုံးမှာဆင်တူတဲ့ကစားဟန်ရှိတဲ့နေရာမှာ ကစားရဖို့ ကျွန်တော့်အတွက် အရေးကြီးပါတယ်။ ကျွန်တော်ဘာလုပ်နိုင်လဲဆိုတာ သိပြီးသားပါ။ ကျွန်တော့်ဘဝကို သင်ယူရဦးမှာပါ”လို့ ဆက်စ်ကိုက ပြောကြားခဲ့ပါတယ်။
 
ဆက်စ်ကိုဟာ ဒီရာသီအသင်းအတွက် ပြိုင်ပွဲစုံ ၆ ပွဲမှာ ၃ ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပါတယ်။ လိုက်ပ်ဇစ် အသင်းဟာ ဒီရာသီအဆင့် ၄ နေရာမှာ ရပ်တည်နေပြီး ဗုဒ္ဓဟူးနေ့မှာ ဂျာမန်ပိုကယ်ဖလားပွဲအဖြစ် ဝိုက်စ်ဘာဒန်အသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။