The network connection is lost.

Banner Image

လေဗာကူဆင်စတားနဲ့သဘောတူညီမှုရရှိခဲ့ပြီဖြစ်တဲ့ ဘိုင်ယန်

ဘိုင်ယန်မြူးနစ်အသင်းဟာ လေဗာကူဆင်နောက်ခံလူ ဂျိုနသန်တက်ချ်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ခေါ်ယူဖို့ သဘောတူညီမှုရရှိခဲ့ပြီလို့ သိရပါတယ်။ တက်ချ်ဟာ အခုနွေရာသီမှာ လေဗာကူဆင်နဲ့စာချုပ်သက်တမ်းကုန်ဆုံးခဲ့တာဖြစ်ပြီး ကာလရှည်ပြောင်းချင်နေတဲ့ ဘိုင်ယန်ကို ပြောင်းခွင့်ရတော့မှာဖြစ်ပါတယ်။ ရိုမာနိုရဲ့အဆိုအရ ဘိုင်ယန်ဟာ လာမယ့်ကလပ်ကမ္ဘာ့ဖလားမတိုင်ခင် တက်ချ်ကိုခေါ်ယူနိုင်ဖို့ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

ဂျာမန်သားဟာ ၄ နှစ်စာချုပ်ချုပ်ဆိုမှာဖြစ်ပြီး လာမယ့်အပတ်ထဲမှာပဲ ဘိုင်ယန်နဲ့ ဆေးစစ်မှုခံယူနိုင်တယ်လို့ သိရပါတယ်။ ဘိုင်ယန်ဟာ သူ့ကိုပြီးခဲ့တဲ့နှစ်ကတည်းက ခေါ်ယူချင်ခဲ့တာဖြစ်ပေမယ့် ကစားသမားက လေဗာကူဆင်မှာပဲ ဆက်ရှိနေခဲ့တာဖြစ်ပါတယ်။ အသက် ၂၉ နှစ်သားဟာ ဟမ်းဘာ့ဂျ်အသင်းထံကနေ လွန်ခဲ့တဲ့ ၁၀ နှစ်က လေဗာကူဆင်အသင်းထံပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး အသင်းသမိုင်းတစ်လျှောက် ပထမဆုံးဘွန်ဒက်စ်လီဂါချန်ပီယံဖြစ်ခဲ့ရာမှာ အဓိကနေရာကနေ ပါဝင်ခဲ့ပါတယ်။

တက်ချ်အပြင် လေဗာကူဆင်ဟာ နည်းပြ အလွန်ဆို နဲ့ ကွင်းလယ်လူ ဝီရက်ဇ်တို့ကိုပါ လက်လွှတ်ရတော့မှာဖြစ်ကာ ဂျာမန်သားကို ဘိုင်ယန် နဲ့ လီဗာပူးအသင်းတို့က ချိတ်ဆက်နေပါတယ်။ ဘိုင်ယန်ဟာ နွေရာသီမှာ လူအင်အားဖြည့်တင်းမှာဖြစ်ပြီး ဘရိုက်တန်စတား မီတိုမာကိုလည်း ဝီရက်ဇ်အရန်အဖြစ် ချိန်ရွယ်ထားတယ်လို့ သိရပါတယ်။