The network connection is lost.

Banner Image

လီဗာပူးစတားတစ်ဦးကို အခုနွေရာသီမှာ အသည်းအသန်ခေါ်ယူချင်နေတဲ့ ဘာစီလိုနာ

သတင်းတွေအရ ဘာစီလိုနာဟာ အခုလာမယ့်နွေရာသီမှာ လီဗာပူးစတား ဒီယက်ဇ်ကို အသည်းအသန်ခေါ်ယူချင်နေတယ်လို့ သိရပါတယ်။ အခုအပတ်အစောပိုင်းတုန်းက အက်စ်ပန်ညိုအသင်းကို ၂-၀ နဲ့အနိုင်ရပြီးနောက် ဘာစီလိုနာဟာ ၂၀၂၄ - ၂၅ ရာသီမှာ ဖလား ၃ လုံးချန်ပီယံဆုရယူနိုင်ခဲ့ပါတယ်။ 

အသင်းဘက်က အဆိုပါဖလားတွေနဲ့အတူ အမိုးဖွင့်ကားငှားပြီး အောင်ပွဲခံဖို့ ပြင်ဆင်နေသလို တဖက်မှာလည်း လာမယ့်ရာသီသစ်အတွက် လူအင်အားဖြည့်တင်းဖို့ ပြင်ဆင်နေပါတယ်။
ရီလီဗိုသတင်းဌာနရဲ့အဆိုအရ ဘာစီလိုနာဟာ လီဗာပူးစတား ဒီယက်ဇ်ကို အခုနွေရာသီရဲ့အဓိကပစ်မှတ်သတ်မှတ်ထားတယ်လို့ သိရပါတယ်။ ကိုလံဘီယာသား နဲ့ လီဗာပူးတို့ကြားစာချုပ်သက်တမ်းက ၂၀၂၇ မှာကုန်ဆုံးမှာဖြစ်ပြီး စာချုပ်သစ်မချုပ်ဆိုရသေးတာဖြစ်ပါတယ်။
နီကိုဝီလီယံက ဘာစီလိုနာရဲ့ပစ်မှတ်ထဲမှာ ပါဝင်နေပေမယ့် အခုချိန်မှာတော့ ဒီယက်ဇ်ကိုသာ ဦးစားပေးအဖြစ် သတ်မှတ်လာခဲ့တယ်လို့ သိရပါတယ်။

ဒါပေမယ့်လည်း ဘာစီလိုနာအနေနဲ့ ဒီယက်ဇ်ကိုခေါ်ယူနိုင်ဖို့ ယူရိုသန်း ၈၀ လောက်အသုံးပြုရဖွယ်ရှိနေသလို ဘဏ္ဍာရေးအခြေအနေကြောင့် ကစားသမားအချို့ကို ရောင်းထုတ်ရဖွယ်ရှိနေပါတယ်။ ESPN သတင်းဌာနရဲ့အဆိုအရ ဘာစီလိုနာအားကစားဒါရိုက်တာ ဒေကိုက “ကျွန်တော်တို့ ရာဖင်ဟာ နဲ့ ယာမဲလ်တို့အပေါ်မှာ  အရမ်းမီခိုနေရပါတယ်။ ကျွန်တော်တို့ သူတို့လိုကစားသမားမျိုးတွေလိုအပ်ပါတယ်”လို့ ဖြေကြားခဲ့ပါတယ်။ ဘာစီလိုနာဟာ အခုလာမယ့်တနင်္ဂနွေနေ့မှာ ဗီလာရီးရဲလ်နဲ့ အိမ်ကွင်းပွဲစဉ်ကန်ရမှာဖြစ်ပါတယ်။