လီဗာပူးနည်းပြသစ်နဲ့ တွေ့ဆုံမယ့် ပထမဆုံးပွဲမတိုင်မီ သူ့ရဲ့ခံစာချက်ကို ပြောကြားလိုက်တဲ့ အာတီတာ
ဗုဒ္ဓဟူးနေ့မှာ ကစားမယ့်ပွဲမတိုင်မီမှာ အန်းစလော့ကို အထင်ကြီးကြောင်း အာတီတာက ပြောကြားလိုက်ပါတယ်။
ရာသီသစ်တိုင်မီ အာဆင်နယ်နှင့် လီဗာပူးတို့ နှစ်သင်းစလုံးဟာ လက်ရှိမှာ ယူအက်စ်သို့ ရာသီကြိုခရီးစဉ်အဖြစ်ရောက်နေကြတာဖြစ်ပြီး ဖီလာဒယ်ဖီယာမှာ ထိပ်တိုက်တွေ့ဆုံကြတော့မှာဖြစ်ပါတယ်။ ဖီယင်နုမှာ အထင်ကြီးဖွယ်ရာလုပ်ဆောင်ချက်များကို ပြသခဲ့ပြီးနောက် ယခုနွေရာသီအစောပိုင်းမှာ ကလော့ပ်ရဲ့နေရာကို အစားဝင်ရောက်ဖို့ စလော့က ရွေးချယ်ခြင်းခံခဲ့ရတာဖြစ်ပြီး နယ်သာလန်နိုင်ငံသားနည်းပြရဲ့ အရင်က လုပ်ဆောင်မှုအပေါ် အာတီတာက အထင်ကြီးနေတာဖြစ်ပါတယ်။
ပွဲမတိုင်မီမှာ စလော့နှင့် ပတ်သက်ပြီး အာတီတာက "ပုဂ္ဂိုလ်ရေးအရတော့ သူ့ကို မသိပါဘူး။ ဒါပေမဲ့ သူ့အရင်က အသင်းတွေရဲ့ပွဲတွေကိုတော့ ကြည့်ဖူးပါတယ်။ အသင်းရဲ့အရည်အသွေးကို ထုတ်ပြရာနဲ့ တည်ဆောက်ရာမှာ အရမ်းကို အထင်ကြီးလေးစားဖို့ကောင်းတဲ့သူလို့ မြင်မိပါတယ်" "မတူညီတဲ့ မြို့၊ ရာသီဥတု၊ အနေအထားနှင့် အထူးသဖြင့် သူ့နဲ့ကစားဟန်တူနဲ့ နည်းပြများရှိရာ နေရာသို့ ပြောင်းလာရတာက ကြီးကျယ်တဲ့ စမ်းသပ်မှုတစ်ခုဖြစ်ပါတယ်။ နောက်ထပ် ကြီးကျယ်တဲ့စမ်းသပ်မှုဖြစ်လာမှာပါ" လို့ ပြောပါတယ်။
ကလော့ရဲ့နောက်ဆုံးရာသီဖြစ်တဲ့ ပြီးခဲ့တဲ့နှစ်တုန်းက လီဗာပူးဟာ ပရီးမီးယားလိဂ်ရဲ့အဆင့် ၃ ဖြင့် ရာသီပိတ်နိုင်ခဲ့ပါတယ်။ အာဆင်နယ်ကတော့ နောက်ဆုံးရက်မှာ မန်စီးတီးထံ ဆုဖလားကိုလက်လွှတ်ခဲ့ရပြီးနောက် ဒုတိယနေရာမှာရပ်တည်ခဲ့ပါတယ်။
လာမယ့်ရာသီမှာတော့ လီဗာပူးဟာ ကလော့ပ်ရဲ့နေရာကို ဆက်ခံတဲ့နည်းပြသစ်ရဲ့လက်အောက်မှာ အကောင်းဆုံး စိန်ခေါ်ကာ လုပ်ဆောင်မှုဖြစ်ပေမယ့် စလော့အနေနဲ့ ကစားသမားသစ်တစ်ဦးမှ မခေါ်ယူရသေးပါဘူး။ အခြားတစ်ဖက်က အာဆင်နယ်ကတော့ အီတလီနောက်ခံလူ ကလာဖီရီကို ခေါ်ယူထားပြီး လာမယ့်လ အပြောင်းအရွှေ့နောက်ဆုံးရက်မတိုင်မီ နောက်ထပ်ခေါ်ယူမှုတွေရှိမယ်လို့ မျှော်လင့်ရပါတယ်။ သူ့ရဲ့အစီစဉ်ကတော့ လက်ရှိကစားသမားတွေနဲ့အတူ အကောင်းဆုံးလုပ်ဖို့ဖြစ်ကောင်း စလော့က အတည်ပြုပြောကြားထားပေမယ့် ဒီတစ်ပတ်မှာ ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာတော့ ကစားသမားသစ်ခေါ်ယူမှုအပေါ် ငြင်းဆိုထားခြင်းတော့မရှိပါဘူး။
"ကစားသမားတော်တော်များများက ကလပ်မှာမရှိသေးတဲ့အတွက် ကျွန်တော့်အတွက် အကဲဖြတ်ရတာ ခက်ခဲပါတယ်။ ကျွန်တော်ဟာ အရမ်းကိုကောင်းနေတဲ့ အသင်းကို ဆက်ခံတာဝန်ယူထားရတာဖြစ်လို့ ကစားသမားတွေရဲ့ စံနှုန်းကို သတ်မှတ်ဖို့ ပိုမြင့်မားတဲ့ ကစားသမားတွေကိုရှာဖို့ဆိုရင် အထူးသဖြင့် သူတို့တွေကလပ်မှာရှိဖို့လိုအပ်ပါတယ်" "ကျွန်တော့်ထက် ရစ်ချက်က အဲ့ဒီအတွက် ပိုမိုကြိုးစားနေပြီး အသင့်ဖြစ်အောင်လုပ်နေပါတယ်။ အဲ့ဒီနဲ့ပတ်သက်ပြီး ကျွန်တော်တို့ ပြန်ပြောပေးသွားပါမယ်။ ကျွန်တော်တို့မှာ အမြဲတမ်းကောင်းနေတဲ့အသင်းရှိတဲ့အတွက် ပျော်မိပါတယ်။ ကစားသမားတစ်ဦးမှမဝယ်ဘူးဆိုရင်တော့ ကျွန်တော်တို့အားလုံးအတွက် အံ့အားသင့်စရာဖြစ်သွားမှာပါ။ အဆုံးသတ်မှာ ဒီလိုမျိုးဖြစ်သွားနိုင်ပေမယ့် အသင်းရဲ့ကစားသမားတွေပြန်လာဖို့ စောင့်နေကာ သင့်လျော်တဲ့ ကစားသမားကိုခေါ်ယူသွားမှာပါ" လို့ စလော့က ပြောပါတယ်။