ချန်ပီယံလိဂ်အတွက် မိမိတို့အသင်း အဆင်သင့်ဖြစ်နေပြီလို့ ယုံကြည်နေတဲ့ အာတီတာ
အာဆင်နယ်နည်းပြ အာတီတာက မိမိတို့အသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲအတွက် အဆင်သင့်ဖြစ်နေပြီလို့ ယုံကြည်နေပါတယ်။ အခုလာမယ့် ချန်ပီယံလိဂ်ပွဲစဉ်အနေအထားက ပြောင်းလဲမှုတွေရှိနေပြီး အိမ်ကွင်း ၄ ပွဲ ၊ အဝေးကွင်း ၄ ပွဲအထိ ကန်ရမှာဖြစ်ပါတယ်။
“ပွဲတိုင်းက အရေးပါလာနိုင်ပါတယ်။ ကျွန်တော်တို့ ဖြစ်နိုင်သမျှအဆင့်မြင့်မြင့်မှာ ပြီးဆုံးချင်ပါတယ်။ ဒီလိုလုပ်နိုင်ဖို့ဆိုရင် ကျွန်တော်တို့ ပွဲတိုင်းအနိုင်ကန်ဖို့ လိုအပ်ပါတယ်။ ပြိုင်ဘက်အသင်းရဲ့ဘယ်ကွင်းမှာမဆို ကစားနိုင်ဖို့ လိုအပ်ပါတယ်။ အဲ့တာက ကောင်းသလို ရာသီအစောပိုင်းအတွက် အခွင့်အရေးကောင်းဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့ ဒီပြိုင်ပွဲတစ်လျှောက်တိုးတက်လာနိုင်ပါတယ်။ ယေဘုယျအားဖြင့် အဲ့တာက မတူညီတဲ့အဆင့်မျိုးကို ပို့ဆောင်ပေးနိုင်ပါတယ်။ မှန်ပါတယ်။ ကျွန်တော်တို့ ပွဲအများကြီးအတွက် ပြင်ဆင်ရမှာပါ။ ကျွန်တော်တို့ အချက်အလက်ဆရာတွေနဲ့ နည်းပြဆရာတွေအတွက် အရမ်းကိုမှမတူညီတဲ့တောင်းဆိုမှုတွေရှိလာနိုင်ပါတယ်။ ဒါကြောင့် သေချာလေးလုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ ဘာလို့လဲဆိုတော့ ပွဲအတွက် ပြင်ဆင်ချိန်ကလည်း အရမ်းတိုလွန်းတာကြောင့်ပါ။ ကျွန်တော်တို့ ကစားသမားတွေ အပေါ်မှာလည်း ယုံကြည်မှုပေးဖို့ လိုအပ်ပါတယ်။ သူတို့က ပွဲကိုအနိုင်ကန်အောင် လုပ်ဆောင်ကြမယ့်သူတွေဖြစ်တာကြောင့်ပါ”လို့ အာတီတာက ပြောကြားခဲ့ပါတယ်။