
ထရိုဆက်နဲ့ စာချုပ်သစ် ကိစ္စ ဆွေးနွေးမှုတွေ စတင်လိုက်တဲ့ အာဆင်နယ်
ပရီးမီးယားလိဂ်အသင်း အာဆင်နယ်ဟာ ဘရိုက်တန်ကနေ ပေါင် ၂၇ သန်းနဲ့ ခေါ်ယူခဲ့တဲ့တဲ့ လီယန်ဒရိုထရိုဆက်နဲ့ စာချုပ်သစ် ကိစ္စ ဆွေးနွေးမှုတွေ စတင်လိုက်ပြီလို့ သတင်းရရှိပါတယ်။
ကစားသမားရဲ့ မြောက်လန်ဒန်ကလပ်နဲ့ လက်ရှိစာချုပ်ဟာ ၂၀၂၆ ခုနှစ် နွေရာသီအထိ သက်တမ်းရှိပြီး ဂန်နာတို့မှာ နောက်ထပ် တစ်နှစ် သက်တမ်းတိုးနိုင်တဲ့ အခွင့်အရေး ပါဝင်တာကြောင့် ၂၀၂၇ ခုနှစ်အထိ ကလပ်မှာ ဆက်လက်ရှိနေမှာ ဖြစ်ပါတယ်။
The Daily Mail ရဲ့ အဆိုအရ အာဆင်နယ်ဟာ ဘယ်လ်ဂျီယံ တောင်ပံကစားသမားကို ၂၀၂၉ ခုနှစ်အထိ အမ်မရိတ်စ်ကွင်းမှာ ဆက်လက် ထိန်းသိမ်းထားနိုင်မယ့် စာချုပ်သစ် ကိစ္စနဲ့ပတ်သက်ပြီး လီယန်ဒရိုထရိုဆက်နဲ့ တရားဝင် ဆွေးနွေးမှုတွေ စတင်နေပါတယ်။
လက်ရှိ ပရီးမီးယားလိဂ် ရာသီမှာ ထရိုဆက်ဟာ ၃၅ ပွဲ ပါဝင်ကစားခဲ့ပြီး ၂၆ ပွဲမှာ ပွဲထွက်ခွင့် ရရှိကာ ၈ ဂိုး သွင်းယူပြီး ဂိုးဖန်တီးမှု ၆ ကြိမ် ပြုလုပ်ထားကာ ထင်ရှားတဲ့ သက်ရောက်မှုတစ်ခုကို ပြသထားပါတယ်။