The network connection is lost.

Banner Image

ရာယာကို ပွဲထွက်ခွင့်ပေးခြင်းအပေါ် ရမ်ဒေးလ်ရဲ့ တုံ့ပြန်မှုကို ချီးကျူးခဲ့တဲ့ အာဆင်နယ် အသင်းခေါင်းဆောင် အိုဒီဂတ်

အာဆင်နယ်အသင်းခေါင်းဆောင် အိုဒီဂတ်သည် တနင်္ဂနွေနေ့က အဲဗာတန်ကို အနိုင်ရသည့်ပွဲစဉ်တွင် ဂိုးသမားသစ် ရာယာကို ရမ်ဒေးလ်ရဲ့ တုံပြန်သည့်ပုံစံအတွက် ချီးကျူးခဲ့ပါတယ်။

အင်္ဂလန်လက်ရွေးစင်ဂိုးသမားဖြစ်တဲ့ ရမ်ဒေးလ်သည် ပြီးခဲ့သည့်ရာသီက ဂန်းနားများအတွက် ပရီးမီးယားလိဂ်ပွဲ ၃၈ ပွဲစလုံးကို ပွဲထွက်ခွင့်ရခဲ့သူဖြစ်ပြီး ယခုရာသီတွင်ကစားခဲ့သည့် ၄ ပွဲစလုံးကိုလည်း ပွဲထွက်ခွင့်ရခဲ့ပါတယ်။ ဒါပေမယ့် တနင်္ဂနွေနေ့က အဲဗာတန်ကို ၁-၀ နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ရမ်ဒေးလ်အစား နွေရာသီက ခေါ်ယူခဲ့တဲ့ ရာယာကို နည်းပြဖြစ်သူ အာတီတာက ရွေးချယ်ခဲ့ပြီး ၎င်းအနေဖြင့် ဂိုးသမား နှစ်ယောက်အား လှည့်သုံးခြင်းသည် အဆင်ပြေကြောင်းပြောခဲ့ပါတယ်။

အာတီတာ၏ ဆုံးဖြတ်ချက်အပေါ် ဝေဖန်သူအချို့ရှိခဲ့သော်လည်း အိုဒီဂတ်က အာဆင်နယ်နည်းပြ အာတီတာ၏ ဆုံးဖြတ်ချက်နှင့် ရာယာတို့အပေါ် ရမ်ဒေးလ်က အပြုသဘောဆောင်ကာ တုံ့ပြန်ခဲ့ကြောင်း ဆိုခဲ့ပါတယ်။

ရမ်ဒေးလ်က သူ့နေရာကိုဆုံးရှုံးရတဲ့အတွက် ဘယ်လိုတုံ့ပြန်ခဲ့သလဲလို့ ဂျာနယ်လစ်တွေက အိုဒီဂတ်ကို မေးမြန်းခဲ့ရာ ၎င်းက "ရမ်ဒေးလ်က သူအမြဲလုပ်နေသလိုပဲ ကြိုးစားလုပ်ဆောင်နေမယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒီနေ့ (တနင်္ဂနွေနေ့) မှာ သူက ကျွန်တော်တို့ကို အားပေးတယ်၊  ကူညီတယ်။ သူက အရမ်းကောင်းတဲ့ အသင်းဖော်တစ်ဦးဖြစ်ပြီး ဒီနေ့ အသင်းကို ကျောထောက်နောက်ခံပြုပြီး အရမ်းကောင်းတဲ့ တုံ့ပြန်မှုကို ပြသခဲ့ပါတယ်။ ကျွန်တော်တို့မှာ ကောင်းမွန်တဲ့ ဂိုးသမားနှစ်ယောက်နဲ့ ပြိုင်ဆိုင်မှု ကြီးကြီးမားမားရှိပါတယ်။ သူတို့မှာ မတူညီတဲ့ အရည်အသွေးတွေရှိတယ်။ သူတို့နှစ်ယောက်လုံးက ဘောလုံးပေးတာရော ဂိုးဖမ်းတာရော အရမ်းကောင်းပါတယ်။ ဒါကြောင့် ဒီလိုကောင်းတဲ့ ဂိုးသမား နှစ်ယောက်ရှိလို့ ကျွန်တော်တို့ ကံကောင်းပြီး ဘယ်သူတွေ ဘယ်လိုကစားမလဲဆိုတာ ကျွန်တော်တို့ မြင်တွေ့ရမှာပါ”လို့ ပြောကြားခဲ့ပါတယ်။

အာတီတာက "ရာယာကို သူဘာကြောင့် အဲဗာတန်နဲ့ပွဲစဉ်အတွက် ရွေးချယ်ခဲ့တာလဲဆိုတာနဲ့ ပတ်သက်ပြီး သူက ရှင်းပြပါတယ်။ ဒီမှာ ဖာဘီယိုဗီအဲယာ ကစားခဲ့တဲ့ အကြောင်းပြချက် ဒါမှမဟုတ် ဂျီးဆပ်လိုမျိုး ကစားသမားနေရာမှာ နကီတီယာကို ကျွန်တော်ဘာလို့သုံးခဲ့သလဲဆိုတဲ့ အကြောင်းပြချက်နဲ့တူတူပါပဲ။ ဂျီးဆပ် ဘာကြောင့် မကစားရလဲဆိုတဲ့ မေးခွန်းတစ်ခုတည်း ကျွန်တော့်မှာ မရှိခဲ့ပါဘူး။ သူက ကျွန်တော့်ထက်တောင် ဆုဖလားတွေရခဲ့တဲ့သူဖြစ်ပြီး ဘာကြောင့် ဒီလိုလုပ်ရတာလဲလို့ ကျွန်တော့်ကို မမေးပါဘူး။ ကျွန်တော့်မှာ ဒီအခြေအနေ ဒီလိုအနေအထားမှာ ကစားသမား နှစ်ယောက်ရှိလို့ သူတို့အားလုံးကို ပေးကစားဖို့ဆိုတာမဖြစ်နိုင်ပါဘူး"

"ရာယာ၊ ရမ်ဒေးလ်နဲ့ ကားလ် တို့လို အရည်အချင်းရှိတဲ့ ဂိုးသမားတွေကျွန်တော့်ဆီမှာ ရှိပါတယ်။ ဒါပေမယ့် တစ်ပွဲမှာ ကျွန်တော် သူတို့ထဲက တစ်ယောက်ကိုပဲသုံးလို့ရမှာပါ။ ကျွန်တော်က နည်းပြအနေနဲ့ လုပ်ခဲ့တဲ့ သက်တမ်းက သုံးနှစ်ခွဲလောက်ပဲရှိသေးတာကြောင့် တစ်ချို့ဆုံးဖြတ်ချက်တွေက နောင်တရစရာလေးတွေတော့ရှိပါတယ်။ မိနစ် ၆၀ နဲ့ ၈၅ မိနစ်တွေမှာ ကျွန်တော်ဂိုးသမား အပြောင်းအလဲလုပ်ဖို့ အခွင့်အရေးတွေရခဲ့ပေမယ့် ကျွန်တော်မလုပ်ခဲ့ပါဘူး။ ကျွန်တော် အဲဒါကို လုပ်ဖို့ သတ္တိမရှိဘူး။ ဒါပေမယ့် တောင်ပံကစားသမား ဒါမှမဟုတ် တိုက်စစ်မှူးတစ်ယောက်ကိုနဲ့ ဗဟိုနောက်ခံလူတစ်ယောက်ကို နောက်တန်းမှာ ထားနိုင်ပြီး အဲဒီအနိုင်ရလဒ်ကို ထိန်းထားဖို့ပဲ ကျွန်တော် စိတ်ကူးထားပါတယ်။ အနိုင်ရခဲ့တဲ့အတွက် ကျွန်တော်အရမ်းပျော်ပါတယ်"လို့ အာတီတာက ပြောကြားခဲ့ပါတယ်။