
နွေရာသီအပြောင်းအရွှေ့မှာ ကွင်းလယ်ကစားသမားသစ် ခေါ်ယူဖို့ ကြိုးပမ်းနေတဲ့ အာဆင်နယ်
ဂန်နားတို့ရဲ့ နံပါတ် (၁) ဦးစားပေးမှာ ဇန်နဝါရီလတွင် မအောင်မြင်ခဲ့တဲ့ တိုက်စစ်မှူးတစ်ဦးကို ခေါ်ယူရန်ဖြစ်ပြီး ဂျီးဆပ်ရဲ့ ဒဏ်ရာနှင့်ပတ်သက်ပြီး စိုးရိမ်မှုများ ရှိနေတာကြောင့် ခေါ်ယူဖို့အတွက် ၄ ဦးအထိ စာရင်းလုပ်ထားတာဖြစ်ပါတယ်။
အာဆင်နယ်ဟာ အခြားနေရာတွင်မှာလည်း အင်အားတောင့်တင်းလိုနေတာဖြစ်ပြီး ဆာကာနှင့် မာတင်နယ်လီတို့ရဲ့ တောင်ပံနေရာတွေအတွက် အထောက်အပံ့ဖြစ်စေလိုနေတာဖြစ်ပါတယ်လို့ Daily Mail က ဖော်ပြထားပါတယ်။ မြောက်လန်ဒန်သားတွေဟာ ထိပ်တန်းပစ်မှတ်အဖြစ် ရီးရဲလ်ဆိုစီဒက်ကြယ်ပွင့် ဇူဘီမန်ဒီနှင့်အတူ ဗဟိုကွင်းလယ်ကစားသမား တစ်ဦးကို ခေါ်ယူဖို့ ကြိုးပမ်းသွားမှာဖြစ်ပါတယ်။
ဘာစီလိုနာနှင့် ဘိုင်ယန်မြူးနစ်တို့ကလည်း အသက် ၂၅ နှစ်အရွယ် ကစားသမားကို စာချုပ်ဖျက်သိမ်းကြေး ယူရို သန်း ၆၀ (ပေါင် ၅၁.၂ သန်း) ဖြင့် ခေါ်ယူရန် ကြိုးပမ်းနေကြပါတယ်။ ဇူဘီမန်ဒီဟာ စပိန်လက်ရွေးစင် အသင်းတွင် ၄ ကြိမ်အထိ ပါဝင်ကစားထားပြီး ကလပ်အသင်း ကစားသမားဘဝတစ်လျှောက်လုံးတွင် ရီးရဲလ်ဆိုစီဒက်အသင်း အတွက် ယနေ့အထိ ပွဲပေါင်း ၁၈၀ ကစားထားပါတယ်။
ဘာစီလိုနာနှင့် ဘိုင်ယန်မြူးနစ်တို့ကိုကျော်ဖြတ်ပြီး ဇူဘီမန်ဒီကို အာဆင်နယ်က ခေါ်ယူနိုင်ကာ သောမတ်စ်ပါတေးရဲ့ နေရာကို အစားထိုးနိုင်မည်ဟု ယုံကြည်နေပါတယ်။ တစ်ချိန်တည်းမှာပဲ အာဆင်နယ်ဟာ တောင်ပံကစားသမားသစ်တစ်ဦးကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ သတင်းတွေ ထွက်ပေါ်လာပြီး အဲဒီနေ့မှာပဲ နီကိုလပ်စ် ပီပီအတွက် ကလပ်က စုစုပေါင်းကုန်ကျစရိတ် ဘယ်လောက်ရှိလဲဆိုတာ ထုတ်ဖော်ခဲ့ပါတယ်။
ပီပီသည် ၂၀၁၉ ခုနှစ်တွင် လိုင်လီမှ ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၇၂ သန်းဖြင့် ပြောင်းရွှေ့လာပြီးနောက် စက်တင်ဘာလတွင် အာဆင်နယ်နှင့် စာချုပ်ဖျက်သိမ်းကာ အလွတ်အေးဂျင့်အဖြစ် ထရက်ဇွန်စပေါသို့ ပြောင်းရွှေ့သွားခဲ့ပါတယ်။
အာဆင်နယ်ဟာ ထရိုဆက် နှင့် နယ်လ်ဆင်တို့အတွက် ပြိုင်ဆိုင်မှုရရှိနေဖို့ ကစားသမားသစ်ခေါ်ယူနေပြီး ပီပီလို ဖြစ်သွားမှာကိုလည်း ရှောင်ရှားလိုနေတာ ဖြစ်ပါတယ်။