The network connection is lost.

Banner Image

ယာဂန်ကလော့ပ်ရဲ့ အင်္ဂလန်နည်းပြသစ်ဖြစ်လာနိုင်မယ့်အလားအလာအပေါ် ခန့်မှန်းလိုက်တဲ့ အာနိုးလ်

ဆောက်ဂိတ်ထွက်ခွာသွားပြီးနောက် လစ်လပ်နေတဲ့ အင်္ဂလန်လက်ရွေးစင်အသင်းနည်းပြ ရာထူးအတွက် ယာဂန်ကလော့ပ်ကို ခန့်မှန်းနေမှုတွေနဲ့စပ်လျဉ်း၍ အာနိုးက သူ့ရဲ့အမြင်ကို အရိုးသားဆုံးဖွင့်ဟလာခဲ့ပါတယ်။

ဂျာမန်မြေယူရို-၂၀၂၄ပြိုင်ပွဲရဲ့ဗိုလ်လုပွဲမှာ စပိန်ကို ၂-၁ ဂိုးဖြင့် ရှုံးနိမ့်ပြီးနောက် ဆုဖလားအောင်မြင်မှုအခွင့်အရေးကို အင်္ဂလန်တို့ လက်လွှတ်ခဲ့ရပြီးနောက် ရက်ပိုင်းအကြာမှာပဲ ဆောက်ဂိတ်က ရာထူးမှထွက်ခွာဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ သူ့ရဲ့နေရာမှာ အစာထိုးဖို့ ဖြစ်နိုင်ခြေရှိတဲ့ကိုယ်စားလှယ်လောင်းစာရင်းလည်း ထွက်ပေါ်လာခဲ့ပြီး ဒီစာရင်းမှာ လီဗာပူးဂန္တဝင်နည်းပြကြီးယာဂန်ကလော့ပ်လည်း ပါဝင်နေပါတယ်။ ဒါပေမယ့် လီဗာပူးနောက်ခံလူအာနိုးလ်က အန်ဖီးလ်မှာ အောင်မြင်တဲ့ကိုးနှစ်တာကာလကို အဆုံးသတ်ပြီး မကြာခင်မှာပဲ ကလော့ပ်အနေဖြင့် အင်္ဂလန်လက်ရွေးစင်အသင်းနည်းပြရာထူးကို လက်ခံလိုက်မယ်ဆိုရင် အတော်လေးအံ့အားသင့်စရာကောင်းလိမ့်မယ်လို့ ယုံကြည်နေပါတယ်။

The Mirror သတင်းဌာနနဲ့တွေ့ဆုံချိန် အာနိုးလ်က “ကလော့ပ်နဲ့ လက်တွဲပြီး အလုပ်တွေ လုပ်ခဲ့ရချိန်တိုင်းမှာ ကျွန်တော် ပျော်ရွှင်ခဲ့ရပါတယ်။ ကျွန်တော်တို့တွေကြားမှာ အံ့အားသင့်ဖွယ် ဆက်ဆံရေးတစ်ရပ်နဲ့အတူ အံ့အားသင့်စရာ သံယောဇဉ်တစ်ခုကို တည်ဆောက်နိုင်ခဲ့ပြီး အံ့ဖွယ်အခိုက်အတန့်တွေကို မျှဝေပေးနိုင်ခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော်တို့တွေ ခွဲခွာခဲ့ချိန်တွေကို ပြန်ကောက်ပြီးကြည့်လိုက်မယ်ဆိုရင် အခုလိုမျိုးဖြစ်လာနိုင်စရာ အကြောင်းမရှိပါဘူး။ အကယ်၍ ကလော့ပ်သာ အင်္ဂလန်နည်းပြသစ်ဖြစ်လာမယ်ဆိုရင် ကျွန်တော် အရမ်းအံ့အားသင့်မိပါလိမ့်မယ်။ သူထွက်ခွာသွားချိန် ကြေညာခဲ့တဲ့အချက်တွေ၊ ကျွန်တော်တို့အကြား ပြောခဲ့တဲ့စကားတွေနဲ့ လူမှုကွန်ရက်မီဒီယာတွေမှာ ပေါ်ပေါက်လာတဲ့ အရာတွေအားလုံးက ရှင်းလင်းပါတယ်။ ကလော့ပ်ကိုကြည့်ရတာလည်း သူ့ရဲ့အားလပ်ချိန်တွေကို ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနေပုံရပါတယ်။ ဒါကြောင့် အင်္ဂလန်နည်းပြသစ်အဖြစ် ကလော့ပ်ဖြစ်လာမယ်ဆိုရင် ဒါက အံ့အားသင့်စရာကြီးတစ်ခု ဖြစ်လာပါလိမ့်မယ်”လို့ ပြောပါတယ်။

ကလော့ပ်အနေဖြင့် လာမယ့်နိုင်ငံတကာအဆင့်ပြိုင်ပွဲကြီးမှာ အင်္ဂလန်ကို ဦးဆောင်ခွင့်မရရှိဘူးဆိုရင်တောင် သူက LFC Foundation ရဲ့ ပထမဆုံးဂုဏ်ထူးဆောင်သံတမန်ရာထူးအဖြစ် အသင်းဟောင်းအတွက် အခန်းကဏ္ဍသစ်တစ်ခုမှာ တာဝန်ယူပေးဖို့ လက်ခံခဲ့ပြီးသွားပါပြီ။

အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်ဘက်ကလည်း ၂၀၂၆ ကမ္ဘာ့ဖလားမတိုင်ခင် ဆောက်ဂိတ်ရဲ့နေရာကို ဆက်ခံသူ ရှာဖွေရေးလုပ်ငန်းတွေကို ချက်ချင်းဆိုသလိုပဲလုပ်ဆောင်နေပါတယ်။