The network connection is lost.

Banner Image

လူးဝစ်ဒီယက်ဇ်ကို အမြဲတမ်းအမှတ်ရနေမိလိမ့်မယ်လို့ ဆိုလိုက်တဲ့ အန်းစလော့

လီဗာပူးမှ ဘိုင်ယန်မြူးနစ်ဆီ ပြောင်းရွှေ့သွားပြီဖြစ်တဲ့ လူးဝစ်ဒီယက်ဇ်အတွက် အန်းစလော့က သူ့ရဲ့ချစ်ခင်မြတ်နိုးမှုနဲ့ ကျေးဇူးတင်စကားကို အသေးစိတ်ပြောပြသွားခဲ့ပါတယ်။ ဒီယက်ဇ်က အနီရောင်တပ်ဖွဲ့နဲ့အတူ သုံးနှစ်ခွဲကြာဖြတ်သန်းခဲ့တဲ့ ခရီးစဉ်အတွင်း သွင်းဂိုး ၄၁ ဂိုးရယူကာ အဓိကဆုဖလားလေးလုံးကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဒီယက်ဇ်အတွက် နောက်ဆုံးရရှိခဲ့တဲ့ ဆုဖလားကတော့ ပြီးခဲ့တဲ့ရာသီ၊ ပရီးမီးယားလိဂ်ချန်ပီယံဆုဖြစ်ပြီး ဒါက အန်းစလော့ရဲ့အန်ဖီးလ်နည်းပြဘဝအစအဖွင့်ဘောလုံးရာသီလည်း ဖြစ်ပါတယ်။

ယမန်နေ့(ဗုဒ္ဓဟူးနေ့)၊ လီဗာပူးအသင်းရဲ့အာရှရာသီကြိုခရီးစဉ်ပြီးဆုံးသွားချိန် ကိုလံဘီယာသားနဲ့ပတ်သက်လို့ မေးမြန်းရာမှာ ဒတ်ချ်လူမျိုးနည်းပြက “ အမှန်ပါပဲ၊ လီဗာပူးအသင်းကို ဒီယက်ဇ်စွန့်ခွာသွားချိန်ဟာ ဝမ်းနည်းစရာအကောင်းဆုံးနေ့ရက်တစ်ခု အမြဲတမ်းဖြစ်နေခဲ့ပါပြီ။ သူနဲ့အတူ လက်တွဲလုပ်ခဲ့ရတဲ့ ပြီးခဲ့တဲ့နှစ်အတွင်း ဘာတွေပဲဖြစ်နေပါစေ၊ သူ့ရဲ့မျက်နှာမှာ အပြုံးပန်းတစ်ခု အမြဲတမ်းရှိနေခဲ့လို့ ပထမဆုံးအနေနဲ့ ဒီယက်ဇ်ကို လူသားဆန်သူတစ်ဦးလို့ပဲ ပြောရပါမယ်။ ကျွန်တော်ကိုယ်တိုင်လည်း သူ့ကို ပွဲတွေအများကြီးကစားစေခဲ့ပါတယ်။ ဒါကြောင့် သူ့ရဲ့မျက်နှာမှာ အပြုံးတွေ လျော့နည်းနေတာမျိုး ဖြစ်ကောင်းဖြစ်နေရမယ်လေ။

ဒါပေမဲ့ သူက ပွဲကစားချိန်မရရှိဘူးဆိုရင်တောင် လေ့ကျင့်ရေးအစီအစဉ်တိုင်းမှာပါဝင်ပြီး အပြုံးပန်းတစ်ခုနဲ့အတူ အရာရာတိုင်းကို ပေးဆပ်ကြိုးစားလေ့ရှိပါတယ်။ ဒါ့အပြင် ကျွန်တော်က သူ့အတွက် သီကုံးထားတဲ့ သီချင်းကိုလည်း အမြဲတမ်းအမှတ်ရနေပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ ဒီသီချင်းက ကစားသမားတစ်ဦးအတွက် ကျွန်တော်တို့ပရိသတ်တွေစပ်ဆိုထားတဲ့ အကောင်းဆုံးသီချင်းတွေအနက် တစ်ခု ဖြစ်နိုင်လို့ပါပဲ။ ပြီးတော့ သူက ကျွန်တော်တို့အသင်း ပရီးမီးယားလိဂ်ချန်ပီယံဖြစ်အောင် ပံ့ပိုးကူညီပေးခဲ့တာ သေချာပါတယ်။

ဒါပေမဲ့ ဒီနေရာမှာ ကျွန်တော်တို့က ကလပ်အသင်းတစ်ခုအဖြစ် စုစုစည်းစည်းရှိနေခဲ့လို့ပဲ ဖြစ်ပါတယ်။ အခုတော့ ကျွန်တော်တို့တွေ လွန်ခဲ့တဲ့နှစ်တွေတုန်းကလိုပဲ ကစားသမားသစ်ခေါ်ယူမှုကြီးတွေ လုပ်ဆောင်နေပါတယ်။ ဒါပေမဲ့ ကလပ်အသင်းဘက်ကလည်း ကစားသမားရောင်းချမှုတွေမှတဆင့် ငွေကြေး ပြန်လည်ရှာဖွေဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့အတွက် ငွေကြေးအများကြီးသုံးစွဲထားတဲ့ နွေရာသီဈေးကွက်တစ်ခုဖြစ်ပေမယ့် ကျွန်တော်တို့ သုံးစွဲထားတဲ့ပမာဏကို ကြည့်လိုက်မယ်ဆိုရင် လွန်ခဲ့တဲ့နှစ်တွေအတွင်း ကစားသမားရောင်းချရမှုမှတဆင့် ရရှိထားတဲ့ပမာဏလောက်ပဲ ရှိနေသေးတယ်။ ဒါက ကလပ်အသင်းအတွက် ကောင်းတဲ့အရာတစ်ခု ဖြစ်ပါတယ်”လို့ ပြောပါတယ်။