
နယူးကာဆယ်ကို ဂိုးပြတ်ရှုံးခဲ့ပေမယ့် ဝေဖန်မှုတွေကို ဂရုမစိုက်ဘူးလို့ အာမိုရင်ဆို
ယူနိုက်တက်နည်းပြ ရူဘင်အာမိုရင်က နယူးကာဆယ်ကို ၄-၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ရာမှာ "အမှားများစွာ" ပြုလုပ်ခဲ့တယ်လို့ ပြောခဲ့ပေမယ့် အသင်းအပေါ် ဝေဖန်ေနသေူတွေကို "ဂရုမစိုက်ဘူး" လို့လည်း ပြောခဲ့ပါတယ်။
ပွဲအပြီးမှာ အာမိုရင်က "အမှားတွေ အများကြီးပဲ။ နယူးကာဆယ်က second ballတွေမှာ ပိုအားကောင်းခဲ့တယ်။ကျွန်တော်တို့ ပွဲတစ်ပွဲကို အနိုင်ရဖို့ ပိုခက်ခဲစေတဲ့ အမှားတွေ အများကြီး လုပ်ခဲ့တယ်" လို့ ဆိုပါတယ်။ ဘယ်အရာတစ်ခုတည်း မှားသွားတယ်လို့ ထောက်ပြဖို့ ခက်ခဲပြီး၊ အထူးသဖြင့် "ပြိုင်ဘက်ကို အထောက်အကူဖြစ်စေတဲ့ အမှားတွေ လုပ်မိတဲ့အခါ" နယူးကာဆယ်လို အသင်းကောင်းတွေကို အနိုင်ယူဖို့ ပိုပြီးခက်ခဲတယ်လို့ သူက ရှင်းပြခဲ့ပါတယ်။
သူ့အသင်းကို ဝေဖန်နေတဲ့သူတွေအကြောင်း မေးမြန်းရာမှာ အာမိုရင်က "ကျွန်တော် နားလည်ပါတယ်။ ဒါပေမယ့် ဂရုမစိုက်ဘူး။ ပွဲရှုံးတာထက် ပိုဆိုးတာ ဘာမှမရှိဘူး။ လူတွေက သူတို့ ပြောချင်တာကို ပြောလို့ရတယ်။ ကျွန်တော် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ပြောဆိုချင်တာမျိုး ဒါမှမဟုတ် အဲ့လိုမျိုး ဘာမှ မလုပ်ချင်ဘူး။ ဇယားထဲက ကျွန်တော်တို့ရဲ့ ရပ်တည်မှုကို ကြည့်ရင် အားလုံးကို ပြောပြနေပါတယ်။ အားလုံးပဲ ကြာသပတေးနေ့ကို အာရုံစိုက်စေချင်တယ်" လို့ လို့ ပြောခဲ့ပါတယ်။
ယူနိုက်တက်အသင်းဟာ ပြင်သစ်မှာ လိုင်ယွန်နဲ့ ၂-၂ ဂိုး သရေကျခဲ့ပြီးနောက် ကြာသပတေးနေ့ အိမ်ကွင်းမှာ ပြန်လည်ကစားရမှာ ဖြစ်ပါတယ်။ ဆက်လက်ပြီး အာမိုရင်က "ကျွန်တော်တို့ ဒီထက် ပိုကောင်းအောင် လုပ်နိုင်တယ်ဆိုတာ ခင်ဗျားတို့ မြင်နိုင်မယ်လို့ ထင်ပါတယ်။ ဒါပါပဲ။ ကြာသပတေးနေ့ကို အာရုံစိုက်ကြရအောင်။ ဒီနေ့ ကျွန်တော်တို့ လုပ်ခဲ့တဲ့ အမှားတွေအားလုံးကို ကြာသပတေးနေ့မှာ လုပ်လို့မဖြစ်ဘူး" လို့ ဆိုပါတယ်။